Advertiser
ပုံပြင်လေးနဲ့ပြောပြမယ်
စပါးကြီးမြွေတစ်ကောင်နှင့် အဆိပ်ရှိတဲ့မြွေတစ်ကောင်တို့ဟာ
သူငယ်ချင်းတွေဖြစ်ကြတယ်။
တစ်ရက်မှာ သူတို့ လိပ်တစ်ကောင်ကို တွေ့တယ်…
ဒါနဲ့ ဒီမြွေနှစ်ကောင်က အရသာရှိလှတဲ့ ညနေစာပဲဆိုပြီး စားဖို့စဉ်းစားတယ်…
စပါးကြီးမြွေက သူရှင်းပစ်မယ်လို့ပြောတယ်…
သူ့ရဲ့ကြီးမားတဲ့ ကိုယ်လုံးနဲ့ရစ်ပတ်ပြီး သတ်ဖို့ကြိုးစားတယ်။
လိပ်က ခေါင်းကို လျှိုဝင်လိုက်တာနဲ့ သူဘယ်လိုလုပ်လုပ်
လိပ်ကို လုံးဝမထိခိုက်နိုင်ပါဘူး။
စိတ်ပျက်လက်ပျက်နဲ့ ဘေးနားမှာနားနေလိုက်တယ်။
လိပ်ကခေါင်းလေးကို နဲနဲထွက်လာတာနဲ့ တပြိုင်နက်
မြွေသေးသေးလေးက သူ့ရဲ့အဆိပ်ရှိတဲ့ အစွယ်နဲ့ ပေါက်လိုက်တာ
လိပ်က လန့်ပြီး ပြန်ဝင်သွားတယ်။
ခဏကြာတော့ လိပ်သေသွားတယ်။
စပါးကြီးမြွေကပြောတယ် “ငါအားတွေတောင်ကုန်သွားတယ်။
လိပ်ကို ဘာမှာမလုပ်နိုင်ခဲ့ဘူး။ မင်းက တစ်ချက်တည်းနဲ့ ပြီးသွားတယ်”။
မြွေလေးက “ငါက သူ့ရဲ့ပျော့ချက်ကို သိတာကိုး”
ဒါပေမဲ့ လိပ်ကအထဲကိုပြနလျှိုဝင်ပြီးမှသေတော့
မြွေနှစ်ကောင်လုံး ဘာမှလုပ်လို့မရဘူးဖြစ်နေတယ်။
သူတို့ဟာ လိပ်အခွံကို ချွတ်ဖို့ မတတ်နိုင်ဘူးလေ။
ဒီပုံပြင်လေးရဲ့ ဆိုလိုရင်းကတော့ သင်ဘယ်လိုတွယ်ကပ်နေပါစေ။
သူ့ကို သင်ပိုင်ဆိုင်ချင်မှ ပိုင်ဆိုင်မယ်။
သူ့ကို နားလည်မှသာပိုင်ဆိုင်လိမ့်မယ်။
သူ့ရဲ့ပျော့ချက်ကို နားလည်ပေးနိုင်တယ်ဆိုပေမဲ့
တာဝန်ယူနိုင်မှသာ သူ့ကို သွားနားလည်ပါ။
နားလည်မှုတစ်ခုတည်းနဲ့တော့ အခွင့်အရေးမယူပါနဲ့။
မဟုတ်ရင် အားလုံးဟာအလကားဖြစ်သွားပါလိမ့်မယ်။
မစားရတဲ့အမဲ သဲနဲ့ပက် ဆိုသလိုပေါ့။
Related Posts
- Aung Kyaw Soe31 Aug 2017ကမ္ဘာ့အကြီးဆုံး ကျွန်းပင် ဟုမ္မလင်း ဥတုကြိုးဝို်င်းတွင် တွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ဥတုကြိုးဝိုင်းအတွင်းရှိ ကျွန်းပင်ကြီး တပင်မှာ ရင့်စို့...
- Aung Kyaw Soe06 Sep 2016၁၉၄၂ မှာ ဘင်္ဂါလီတွေက လူမျိုးတုံးသတ်တဲ့အတွက် ရခိုင် ၄၀၀၀၀ လောက် သေဆုံးပြီး ကျေးရွာပေါင်း သုံး-လေးရာခန့် လက်လွတ်ဆုံးရှုံးခဲ့ရတယ်
၁၉၃၈-ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့မှာ ရန်ကုန်နဲ့ ပြည်မမှာ ကုလား-ဗမာ အဓိကရုဏ်း စဖြစ်တယ်။ အဲဒီ အ...
- Aung Kyaw Soe02 Aug 2016Google ရဲ့ Android စနစ်ကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တဲ့ ဆုမွန်ကြွယ်
မဆုမွန်ကြွယ်ဟာ Singapore Management University (SMU) မှာ Information System ပညာ...
- Aung Kyaw Soe27 Jul 2016ငါ့ချစ်တဲ့ ရခိုင်မြေအတွက် တောက် ခတ်ခဲ့ရလို့ ငါ့လျှာတွေ အသားမာ တတ်ခဲ့ပြီ
ဒီ post ကိုဖတ်ပြီး မျက်ရည်မကျနဲ့ ဒေါသမဖြစ်နဲ့ အကြွေးပြန်တောင်းဖို့ပြင်ထားကြ ငါ့ချစ်တ...
- Aung Kyaw Soe16 Jun 2016Twilight Over Burma: My Life as a Shan Princess (Full Movie) and E-Book
Twilight Over Burma: My Life as a Shan Princess Just married and returning to live in her new ...
- Aung Kyaw Soe30 May 2016သီတာထွေးထိုးတဲ့ ခေါင်းလောင်းသံကို ဘယ်နှနှစ်ကြာကြာ မမေ့ဖို့ လိုတယ်
မသီတာထွေး အသတ်ခံရတာ ဒီကနေ့ လေးနှစ်ပြည့်ပါတယ်။ ပြီးခဲ့တဲ့ လေးနှစ်က ၂၀၁၂-ခုနှစ် မေလ (၂၈) ရက်နေ့...
Subscribe to:
Post Comments (Atom)
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။