Ads (728x90)

-ပိုးပန်းသူများသော အမျိုးသမီးမှန်သမျှ မိမိနှစ်သက်ရာတစ်ယောက်ကို ရွေးယူပြီး ကျန်ယောကျာ်းများကို လိုအပ်နေသူများအား လွဲပြောင်းပေးရမည်။

-မျက်နှာအလှပြင်ဆေးအမျိုးမျိုးကို အသုံးပြုသူ အမျိုးသမီးများအား သက်သေအထောက်ထား စာရွက်စာတမ်းတို့ကို အတုလုပ်သူအဖြစ် အရေးယူနိုင်သည်။

-မိမိ၏ချစ်သူကို တစ်ခါမှမနမ်းဘူးသေးသော လူငယ်တို့ကို အလုပ်တာဝန် လစ်ဟင်းမှုဖြင့် အရေးယူရမည်။

-မိမိချစ်သူကို ချစ်နေကြောင်းဖွင့်ပြောရန် မ၀ံ့မရဲ ဖြစ်နေသူလူငယ်တို့ကို စစ်မြေပြင်မှ ထွက်ပြေးသူအဖြစ် ခုံရုံးတင်စစ်ဆေးရမည်။

-လမ်းပေါ်တွင် ဖက်ရမ်းနမ်းရှုပ်နေသော စုံတွဲတို့ကို လမ်းစည်းကမ်းဖောက်ဖျက်မှုဖြင့်အရေးယူရမည်။

-ကလေးမရှိသော လင်မယားတို့ကို အလုပ်တာဝန် ပေါ့လျော့မှုဖြင့် အရေးယူရမည်။

-အိမ်ထောင်ရှိမိန်းမတို့ကို လိုက်ပိုးနေသူယောကျာ်းများအား တားမြေနယ်မြေတွင် အမဲလိုက်မှုဖြင့် အရေးယူမည်။

-ယောကျာ်းတစ်ယောက်ကို ကြိုက်ချင်ယောင်ဆောင်သောမိန်းမများနှင့်၊မိန်းမတစ်ယောက်ကို ကြိုက်ချင်ယောင်ဆောင်သူတို့ကို တစ်ဖက်လူကို နာကျင်စေမှုဖြင့် ထိရောက်စွာအရေးယူမည်။

-မိမိ၏မိခင်အိမ်တွင် မယားဖြစ်သူကို အတင်းနေခိုင်းသူအားလူကောင်းကို အရူးထောင်သို့ပို့ သူ အဖြစ် အရေးယူရမည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...