Ads (728x90)

ကွန်ပျူတာတစ်လုံးအတွင်းရှိ အရေးကြီးသည့် Data များဖြစ်သည့် Photo ၊ Movies ၊ Microsoft Word Files များစသည်ဖြင့် Private Data များကို .Bat ဖိုင် တည်ဆောက်၍ လွယ်ကူစွာသိမ်းဆည်းထားနိုင်မည်ဖြစ်ပါသည်။ Password များဖြင့် သိမ်းဆည်းသည့်ပုံစံမဟုတ်ခြင်းကြောင့် Password မေ့လျော့၍ Data များဆုံးရှုံး ရခြင်းအန္တရာယ်မှ ကင်းဝေးစေပါသည်။
Folder Lock စသည့် Software များကို အသုံးပြုခြင်းမဟုတ်သည့်အတွက် အခြားသူများ၏ အာရုံစိုက်မှုကိုနည်းစေ၍ Private Data များကို လုံခြုံစွာ သိမ်းဆည်းနိုင်ပါသည်။ Private Data များကို သိမ်းဆည်းရန်အတွက် အောက်ပါအတိုင်းလုပ်ဆောင်ရပါမည်-

၁။ New Folder တစ်ခုတည်ဆောက်၍ File Name ကိုကြိုက်နှစ်သက်ရာပေးနိုင်ပါသည်။ ယခုပြုလုပ်ပြမည့် နမူနာတွင် general ဟုပေးလိုက်ပါမည်။ ထို general အမည်နှင့် folder အ တွင်းသို့ သိမ်းဆည်းလိုသည့် Data များကိုထည့်သွင်းပေးရပါမည်။

၂။ Notepad ကိုဖွင့်၍ အောက်ဖော်ပြပါ Code များကိုကူးယူ၍ထည့်သွင်းပေးရပါမည်။ အနီဖြင့် ဖော်ပြထားသည့် general သည် သိမ်းဆည်းလိုသည့် Data များကို ထည့်သွင်းထားသည့် Folder Name ဖြစ်ပါသည်။ Folder Name ကိုနှစ်ခါထပ်ရေးပေးရပါမည်။ ထို့နောက်ကြိုက်နှစ် သက်ရာအမည်ဖြင့် .bat နှင့်သိမ်းဆည်းရပါမည်။ ထို .bat File သည် Folder ကို သိမ်းဆည်း ရန်အတွက်ဖြစ်ပါသည်။ ယခုပြုလုပ်မည့် နမူနာတွင် log.bat ဟု သိမ်းဆည်းလိုက်ပါမည်။
ren general general.{21EC2020-3AEA-1069-A2DD-08002B30309D}

၃။ Notepad တစ်ခုကိုထပ်ဖွင့်၍ အောက်ပါစာသားများကို ကူးထည့်ပေးရပါမည်။ ထို့နောက် ကြိုက်နှစ်သက်ရာအမည်ပေး၍ .bat ဖြင့်သိမ်းဆည်းပေးရပါမည်။ key.bat ဟုသိမ်းဆည်းပေး လိုက်ပါမည်။ ထို key.bat သည် သိမ်းဆည်းထားသည့် Data များကို ပြန်လည်ဖော်ထုတ် အသုံးပြုနိုင်ရန်အတွက် ဖြစ်ပါသည်။
ren general.{21EC2020-3AEA-1069-A2DD-08002B30309D} general
၎။ ထို့နောက် log.bat File ကို Double Click ပေးလိုက်ပါက general အမည်ဖြင့် Folder သည့် Control Panel Shortcut ပုံစံသို့ပြောင်းလဲသွားပါမည်။ ၄င်းကိုဖွင့်လိုက်ပါကလည်း မူရင်း Control Panel အတွင်းသို့ရောက်ရှိသွားမည်ဖြစ်ပါသည်။ သိမ်းဆည်းထားသည့် Data များကို တွေ့မြင်ရတော့မည်မဟု တ်ပါ။


၅။ သိမ်းဆည်းထားသည့် Data များကို ပြန်လည်ဖော်ထုတ်အသုံးပြုလိုပါက key.bat ကို Double Click ဖြင့်နှိပ်၍ အသုံးပြုနိုင်ပါသည်။ ထိုသို့ Double Click ဖြင့် နှိပ်လိုက်ပါက Control Panel Shortcut ပုံစံမှ မူရင်း Folder ပုံစံသို့ပြောင်းလဲသွားမည်ဖြစ်ပါသည်။
၆။ Folder အမည်ကို Controlpanel ဟုအမည်ပေးထားပြီး Log ချလိုက်ပါက Shortcut သည်လည်း Controlpanel ပုံစံသို့ပြောင်းလဲသွားသည့်အပြင် အမည်သည်လည်း Controlpanel ဖြစ်နေသည့်အတွက် မည်သူမျှ Data များသိမ်းဆည်းထားမည်ကို သတိပြုမိစေမည်မဟုတ်ပါ။ ထို့အပြင် ၄င်းကို ဖွင့်ကြည့်ပါကလည်း မူရင်း Control Panel အတွင်းသို့သာ ရောက်ရှိသွားမည်ဖြစ်သည့်အတွက် လုံခြုံမှုအပြည့်ဖြင့် အသုံးပြုနိုင်ပါသည်။
၇။ သိမ်းဆည်းထားမည့် Data များ ထားရှိမည့် Folder ကိုအမည်ပေးရာတွင် နှစ်သက်ရာအ မည်ကိုပေးနိုင်သော်လည်း စာလုံးများတစ်ဆက်တည်းဖြစ်ရပါမည်။ Space ခံ၍မရပါ။ ဥပမာ Controlpanel ဟုအမည်ပေးရမည်ဖြစ်ပြီး Control Panel ဟုခွဲခြား၍ အမည်မပေးနိုင်ပါ။

REF; http://forverfriends.ning.com/profiles/blogs/private-data-control-panel

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...