ချွေးထွက်လွန်ပြီး ကိုယ်နံ့နံတဲ့အခါ မိမိကိုယ်တိုင်သာမက ဘေးပတ်ဝန်းကျင်က လူတွေပါ သင့်ကိုယ်နံ့ကြောင့် စိတ်မသက်သာ ဖြစ်ရတတ်ပါတယ်။ ကိုယ်နံ့ဟာ အစားအသောက်စားသောက်မှုပုံစံ ပြောင်းလဲတာနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ထိန်းသိမ်းတဲ့နည်းနဲ့ ကာကွယ်တားဆီးနိုင်ပါတယ်။
လူ့ခန္ဓာကိုယ်မှာ ချွေးအသင့်အတင့်ထွက်ဖို့ လိုအပ်ပေမဲ့ ချွေးထွက်များတာကြောင့် ကိုယ်နံ့နံတာကို ဖြစ်စေနိုင်ပါတယ်။ ချွေးထွက်များတာကို Hyperhidrosis လို့ခေါ်ပြီး အောက်ပါအကြောင်းရင်းတွေကြောင့် ဖြစ်တတ်ပါတယ်။
- မျိုးရိုးလိုက်ခြင်း၊ အစားအသောက်ပုံစံ၊
- တချို့သော ဆေးဝါးကုသမှု၊
- အမျိုးသားဟော်မုန်း(တက်စတိုစတီရ
- သိုင်းရွိုက်ဂလင်း အလုပ်လုပ်လွန်းခြင်း၊
- ငှက်ဖျားရောဂါ၊ တီဘီရောဂါ၊
- ကင်ဆာအကျိတ် Lymphoma၊
- ဝမ်းချုပ်ခြင်း၊
- စိတ်ဖိစီးမှုနှင့် ပူပင်သောက များခြင်း၊
ကိုယ်နံ့နံခြင်း ဖြစ်ရသော အကြောင်းများ
ချွေးထွက်များတာနဲ့အတူ ကိုယ်နံ့ပြင်းပြင်းနံတတ်ပါတယ်။
- တစ်ကိုယ်ရေသန့်ရှင်းရေး မကောင်းခြင်း၊ ကျောက်ကပ်ရောဂါနဲ့ အသည်းတွင် ဖန်းဂတ်စ်ပိုးဝင်ခြင်း၊ ဆီးချိုရောဂါကြောင့် Acetone အနံ့နံခြင်း၊ အရက်သောက်ခြင်း၊ စီးကရက်သောက်ခြင်း၊
ချွေးထွက်များတာကြောင့် ချွေးနဲ့ အစိုဓာတ်ထဲမှာ ရှင်သန်ပေါက်ဖွားတဲ့ ဘက်တီးရီးယားပိုးမွှားတွေကြောင့်
ကိုယ်နံ့နံ့စေသော အစားအသောက်များ
ကိုယ်နံ့နံစေတဲ့ အစားအသောက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
- အနီရောင်အသား အစားများခြင်း၊
- အမျှင်ဓာတ်နည်းပြီး သကြား၊ တိရစ္ဆာန်ဆီ၊ အခွံချွတ်ထားတဲ့ ကောက်နှံစတဲ့ ပြုပြင်ထားတဲ့ အစာတွေကို များများစားခြင်း၊
လေ့လာမှုအရ အပင်ထွက်အစားအသာက်တွေက ကိုယ်တွင်းစနစ်တွေကို သန့်စင်ပေးနိုင်ပြီး ကိုယ်နံ့ကောင်းစေတယ်လို့ သိရပါတယ်။ အကြောင်းကတော့ အပင်ထွက်အစာတွေမှာ ပါဝင်တဲ့ ကလိုရိုဖီးလ်နဲ့ တခြားအာဟာရဓာတ်တွေက ကိုယ်တွင်းစနစ်အားလုံးရဲ့ မသန့်စင်မှုတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိလို့ပါ။
interesting
ReplyDelete