Ads (728x90)

ကိုယ်နေဟန်ထား အနေတော်ဖြစ်ပြီး နွဲ့နွဲ့ နောင်းနောင်းနှင့် ဂုဏ်ယူဝင့်ကြွားသော (၉၂)နှစ်အရွယ် အဘွားအိုတစ်ဦးသည် နေ့စဉ်နံနက် (၈)နာရီတွင် အဝတ်အစား ပြည့်ပြည့်စုံစုံဝတ်ဆင်ကာ ဆံပင်ကိုလည်း အထက်တန်းကျကျ ပုံသွင်းပြီးနောက် မိတ်ကပ်ကို အကောင်းဆုံး လိမ်းခြယ်လေ့ရှိသည်။ အဘွားသည် မျက်စိမမြင် ဖြစ်နေသဖြင့် တရားဥပဒေနှင့်အညီ ထိုနေ့က ဘိုးဘွားရိပ်သာသို့ ပြောင်းရွေ့လာခဲ့ခြင်း ဖြစ်သည်။ မကြာသေးမီက အဘွား၏ ခင်ပွန်း နှစ်(၇၀) အရွယ်တွင် ဆုံးပါးသွားသဖြင့် ဘိုးဘွားရိပ်သာသို့ ပြောင်းရွေ့ရန် လိုအပ်လာခြင်းဖြစ်သည်။
ဘိုးဘွားရိပ်သာရှိ ဧည့်ခန်းထဲတွင် နာရီပေါင်းအတော်ကြာ စောင့်ဆိုင်းခဲ့ရပြီးနောက် အဘွားနေရန်အခန်း အဆင်သင့်ဖြစ်ကြောင်း ကျွန်မက ပြောလိုက်သောအခါ ချိုချိုသာသာ ပြန်ပြုံးပြပါသည်။ ဓာတ်လှေကားဆီသို့ ဂရုတစိုက် လမ်းလျောက်လာနေစဉ် ကျွန်မက ပြတင်းပေါက်တွင် တပ်ဆင်ထားသော သတ္တုကွင်းလေးများပါသည့် ခန်းဆီးလိုက်ကာများအပါအဝင် အဘွားနေရမည့် အခန်းကျဉ်းလေးကို မြင်ယောင်လာအောင် ပြောပြပါသည်။ “အဘွား အဲဒီအခန်းလေးကို သဘောကျပါတယ်” ဟု အဘွားက ခွေးပေါက်စလေးတစ်ကောင် လက်ဆောင်ရသည့် (၇)နှစ်အရွယ် ကလေးငယ်တစ်ဦး၏ တက်ကြွမှုမျိုးဖြင့် ပြောလာပါသည်။
“အဘွားရေ... အဘွားမှ အခန်းကို မတွေ့ရသေးပဲ။ စောင့်ကြည့်လိုက်ပါဦးနော်”
“ဒီလို စောင့်ကြည့်ဖို့ မလိုပါဘူး ငါ့မြေးရယ်” ဟု အဘွားက ပြန်ပြောသည်။
“ပျော်ရွှင်မှုဆိုတာ ငါ့မြေး ကြိုတင်ပြီး ဆုံးဖြတ်ထားရမဲ့ အရာတစ်ခုပါ။ အဘွားနေရမဲ့ အခန်းကို ကြိုက်တယ်မကြိုက်ဘူးဆိုတာ ပရိဘောဂ ပစ္စည်းတွေ စီစဉ်ခင်းကျင်းထားပုံနဲ့ မသက်ဆိုင်ပါ။ အဘွားရဲ့စိတ်ကို ဘယ်လိုဆုံးဖြတ်ထားသလဲဆိုတာနဲ့ပဲ သက်ဆိုင်ပါတယ်။ စောစောကတည်းက အဘွားဟာ ကိုယ်နေရမဲ့အခန်းကို နှစ်သက်မြတ်နိုးဖို့ ဆုံးဖြတ်ထားခဲ့တယ်။ ဒါဟာ ဒီနေ့နံနက် အိပ်ရာထကတည်းက ထားခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ အဘွားမှာ ရွေးချယ်စရာ တစ်ခုပဲရှိပါတယ်။ အိပ်ရာထဲလှဲပြီး မလှုပ်ရှားနိုင်တော့တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တွေးနေမလား။ဒါမှမဟုတ် အိပ်ရာကထပြီး လှုပ်ရှားနိုင်တဲ့ အစိတ်အပိုင်းတွေရှိနေသေးတာကိုပဲ ကျေးဇူးတင်စကား ဆိုမလား။ နေ့ရက်တိုင်းဟာ လက်ဆောင်တစ်ခုလိုပါ။ အဘွား အသက်ရှင်နေသမျှ နေ့သစ်တွေနဲ့ ကုန်လွန်ခဲ့ပြီးတဲ့ ပျော်ရွှင်ဖွယ် အမှတ်တရတွေကိုပဲ အလေးအနက် ထားပါတော့မယ်။ အဘွားဘဝမှာ ယခု အချိန်အခါမျိုးလို့ပေါ့”
အဘွားက ဆက်လက်ရှင်းပြပြန်သည်။
“သက်ကြီးပိုင်းဆိုတာက ငါ့မြေး ထည့်သွင်းသိမ်းဆည်းထားသမျှ ပြန်ထုတ်ယူလို့ရတဲ့ ဘဏ်အကောင့်တစ်ခုလိုပါ။ ငါ့မြေးကို အဘွား အကြံပေးချင်တာကတော့ အမှတ်တရ ဘဏ်အကောင့်ထဲမှာ ပျော်ရွှင်မှုအများအပြား စုဆောင်းထားဖို့ပါ။ အဘွားရဲ့ အမှတ်တရ ဘဏ်အကောင့်ထဲမှာလည်း ငါ့မြေးက တစ်စိတ်တစ်ဒေသ ဖြည့်ဆည်းပေးတဲ့အတွက် ကျေးဇူးတင်မိပါတယ်။ အဘွားလည်း ယခုအချိန်ထိ ပျော်ရွှင်မှုတွေ စုဆောင်းနေဆဲပါပဲလေ”
ထို့နောက် အဘွားက ပြုံးပြီးပြောပြန်သည်။
“ငါ့မြေးရေ... ပျော်ရွှင်ဖို့အတွက် ဒီရိုးရှင်းတဲ့ အချက်ငါးချက်ကို အမြဲသတိရပါ။
(၁) နှလုံးသားမှာ အမုန်းတရားတွေ ကင်းပါစေ။
(၂) စိုးရိမ်ပူပန်စိတ်တွေ မရှိပါစေနဲ့။
(၃) ရိုးရိုးသားသားနေထိုင်ပါ။
(၄) များများ ပေးကမ်းစွန့်ကြဲပါ။
(၅) အနည်းငယ်မျှသာ မျှော်လင့်ပါ။”




The Best English Magazine ,May 2012 တွင် ဖော်ပြပါရှိပြီး…

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...