(၁) ။Online ပေါ်တက်ပါလို့ …………… Website ထဲဝင်လိုက်ရင်
Policy ကာရံထားလို့ဘာမှကိုမမြင်………..Bamar Net ရဲ့ Connection
အခြေနေရယ်မကောင်း …….. စိတ်ညစ်ပါကြောင်း ။
(၂)။ ဒို့အကြောင်း…….နည်းပညာများတိုးတက်ပြီ…..
ခေတ်ရဲ့ ICT Internet မှာ Download ဆွဲ…………
အိပ်စောင့်ရမြဲ….။
(၃)။ကမ္ဘာကြီးကကျဉ်းလှတယ် ………… Net လောက်သူမကျယ်
Internet ကအကျယ်ဆုံးထွက်ငွေတ၀ုန်းဝုန်း…….။
(၄)။ဟို(Net)ဆိုင်ကမီးထိန်ထိန်…….. ဒီ(Net)ဆိုင်ကမီးထိန်ထိန်
တစ်နာရီ(၅၀၀)တောင်းပါတဲ့……..ရိုက်စားတို့အိမ်…….။
(၅)။ Internetဆိုင်ကား...........ပုံမှန်(သင်)သွားပါ တနေ့တခြား…………….အကြွေးများလာမှာ………… ။
(၆)။ မောင်တို့မယ်တို့Net ဆိုင်ဝင်………… အပြုံးပန်းကိုဆင် Connection
တော်တော်လေး………… ညီညီညာညာနှုတ်ဆက်ပြေး ………။
(၇)။ Internet ဆိုင်တွင်း…………… အများကစော်နဲ့ကြူနေသည် ကြို၍ဆုတောင်းနေကြပါ……….. Connection မပြုတ်ဖို့ဆုမတောင်းချင်ဘူးလား ပြိုင်တူဆုတောင်းလျှင်ရနိုင်ပါသည်……။ (နောင်တ)
(၈)။ မမ၀၀Online အထက် ……… Chating ထိုင်ကာChat Chat သာ chat ပါ မမရာ ……… ခဏခဏပုံမှန်လာ မကြာခင်(သူ)လင်ရ……….. မမ၀၀ပျော်၍က…….။
(၉)။ မြီးကောင်ပေါက်စအရွယ်မှာ ၊ Internet ဆိုင်ကိုလာ
Chatting မှာထိုင်၍ပွား ၊ တူတူရေ၀ါး …….။
(၁၀)။ဘယ်သွားနေလဲ မောင်ရေခဲ……………….. Internet ဆိုင်ကိုသွားလို့ဆို ..။ ဘာသွားလုပ်လဲမောင်ရေခဲ ………………… ပညာသတင်းစုံလေ့လာကုန် …။ဲ
ဘာသိခဲ့လဲမောင်ရေခဲ ………………… ခြင်ကိုက်လိုင်းစုတ် Connection ပြုတ် ။
ဘယ်လောက်ကုန်လဲမောင်ရေခဲ……………. တစ်နာရီ (၅၀၀)မတန်ပါ ။
(၁၁)။VZO ၊ Gtalk သုံးပါလို့ …………. အချစ်ရှာတဲ့ကညာပျိုကြည့်ကြပါဆို …………………
… အမူယာပိုအော်ကာပြောတဲ့စကား ဘေးလူတွေအမြင်ကတ်တောင်မှ ……………..
အရျက်မဲ့စွာသူပြန်ပြောတယ် နားပိတ်ကာထား …………….. ။
(၁၂)။Internet User လေးမောင်မှတ် …………………. အင်္ကျီထူထူဝတ်ထားသည် Dreambed ယူလာသည် …………
Download ဆွဲရန်သတ္တိလဲရှိသည် ။
(၁၃)။Zawgyi font ပျောက်နေသည် ……………
စာရိုက်၍မရပါ Computer အရမ်းလေး ၊ Connection မပေါ့ပါး
တော်တော်ဆိုးပါလား…….။
(၁၄)စာပို့သမားလေး G.mail ဟာ ……. စာပို့ရာတွင်အလွန်သေချာ
ကိုသာဇံ Software သမား ………… Download လုပ်ဖို့သူကြိုးစား
ရဲသားကြီးက Kaspersky ……….လူဆိုးဖမ်းရာတွင်တာဝန်ကျေသည်
ကိုဖိုးမောင်နှခေါင်းသမား ………… Sexy site တွေသူလျှောက်သွား
ဦးသာထူးက Hardware ဆရာ ………… နည်းပညာသစ်တွေသူလေ့လာ
တို့ဆိုင်ရှင်မခင်မြ………….ငွေတောင်းရာတွင်ရက်စက်လှ ။
(၁၅)။ယနေ့လိုင်းကောင်းသည်…………
Aircon မရှိ၍ပူသည်
Fan လေးတော့ဖွင့်ပေးပါ ။
(၁၆)။ညအခါ NETဆိုင်လာ Download လုပ်မလား ၊ Chat မလား……။
Web.cam မပါ ၊ Earphone မလာ ……………. တကယ်မရှိတာလား ၊ ညစ်တာလား
(၁၇)။တ၀ီဝီမြည်ရာ Net ဆိုင်မှာ ……..အနားမှာလာဝဲ ဘာကောင်လဲကွယ့်……….
တ၀ီဝီမြည်ရာ Net ဆိုင်မှာ………. အနားမှာလာဝဲ ခြင်သံပဲကွယ့်…..။
တဂျုန်းဂျုန်းသံပေး Net ဆိုင်ဘေးက……… မရပ်မနားဘာသံလဲကွယ့်………
တဂျုန်းဂျုန်းသံပေး Net ဆိုင်ဘေးက………မရပ်မနားမီးစက်သံကွယ့်………..။
တောက်ခေါကတဲ့သံတညံညံ…………………Netဆိုင်ထဲကဘာဖြစ်တာလဲ….
တောက်ခေါကတဲ့သံတညံညံ…………………Conneection လေးဒေါသသံလေး……..။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။