Ads (728x90)



ချစ်သူစိမ်းလို့ တရားကိန်းတယ်။
တောခိုချင်စိတ်ရယ်နဲ့ သပိတ်ကိုလွယ်
သားရေနယ်ကွဲ့ ရှာတုန်း
ချောင်အနီးမှာလ
မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ်
မင်းလိုက်ခဲ့အုံး။


ကမ္ဘာနှစ်ခြမ်း ဗျမ်းကနဲ ကွဲသွားရင်တောင်
မင်းရှိတဲ့ ဘက်ခြမ်းမှာ ငါရှင်သန်ပါရစေ။
အာရုံမှာ လာလာစုစည်း
သူချည်းသာလော
အလွမ်းနှင့်ပါဘုရား။


မင်းရဲ့ လူမှုဆက်ဆံနည်း
တသွင်သွင်စီးတဲံ့ ရေမြောင်းထဲက
ရေစီးကြောင်းလို
ချောင်းမ၀င် မြစ်မပေါက်
ခွေးနံပိန် ဆင်းဆင်းသောက်လို့
ဗွတ်မပေါက်ပါစေနဲ့။


online ပေါ်မှာ ကျွန်ုပ် အလုပ်ချင်ဆုံးအလုပ်ကတော့
လိမ်ညာခြင်းပါပဲ။


say. you say.နှစ်ယောက်ဆေးတော့
ပုဂံတွေ ပြောင်ရော။
I see. you see. နှစ်ယောက်စီးတော့
ဒန်းကျိုးတယ်။
I no. you no. နှစ်ယောက်နိုးတော့
အိပ်ရေးပျက်တာပေါ့။




အမြည်းမရှိတော့ အာပူ
သူကြီး မရှိတော့ ရွာဆူ ဆိုသလို
ဘုန်းတန်ခိုးမရှိတဲ့ အသင်လုသား
ရည်းစားမရှိရင် ကြူသာကြူ။


ဗလတောင့်တယ်
ရုပ်ဖြောင့်တယ်
ရှူးရှူးပေါက်ရင် အဝေးကြီးရောက်တယ်။


ချောတာကြိုက်ရင်
မင်းသားတွေရှိတယ်။
ချမ်းသာတာမှလိုချင်ရင်
သူဌေးသားတွေရှိတယ်။
ဂုဏ်မက်တယ်ဆိုရင်လဲ
စစ်ဗိုလ်တွေရှိတယ်
ချစ်တတ်တာကိုပဲ လိုချင်တယ်ဆိုမှ
ငါ့ဆီကိုလာခဲ့။


ရှေ့ကသွားပါဆိုတော့လဲ
အီအီးပေါက်တယ်။
နောက်ကလိုက်ခဲ့ဆိုတော့လဲ
ဖိနပ်တက်နင်းတယ်။
ဘေးတိုက်ကြတော့လဲ
အရပ်ပုလို့တဲ့။
ကဲ နင်နဲ့ငါ ဘယ်လိုရှေ့ဆက်မလဲ။


နင်ကဂေါက်သီး နင့်မောင်က ဂေါက်တံ
နင့်အစ်ကိုက ဂေါက်အိတ်
နင့်မိဘတွေက ဂေါက်ကျင်း
နင်တို့တစ်အိမ်လုံး ဂေါက်ကွင်း.....ဟီး။


ရူပါ မလန်းလို့ မတူတာမှန်းတယ်လို့
မထင်ပါနဲ့
မူယာမကျွမ်း ကြူတာ မစွမ်းပေမယ့်
မင်းအတွက်ဆို suparman လေးလို
စွမ်းဆောင်ပေးမှာပါ။


အိပ်မက်တစ်ပွဲ ပေးကွာ
မျှော်လင့်ချက် များများထည့်။
အတိတ်ဆိုးတွေမထည့်နဲ့
အနာဂါတ် ရွှဲရွှဲလေး ဆမ်းကွာ။
ခံစားချက်ကို ထည့်ရင် ဒီတိုင်းမထည့်နဲ့
သေးသေးလေးတွေ ဖဲ့ထည့်။


အချစ်ဆိုတာ ဘက်စ်ကားလိုပဲ
ထွက်သွားတဲ့ကားနောက် ပြေးမလိုက်နဲ့...မောတယ်။
ရပ်စောင့်နေ နောက်တစ်စီး လာလိမ့်မယ်။


ရဲဘော်တို့
အခု ငါတို့ အွန်လိုင်းပေါ်တက်ရမယ်။
ခက်ခဲမယ် ကြမ်းတမ်းမယ်။
လိုအပ်ရင် အရူးကွက်နင်းရမယ်။
အလိမ်အညာတွေနဲ့ တွေ့ မယ်
သတိရှိပါ။


အချိန်တွေပိုနေလို.အွန်လိုင်းမှာရှိနေတာမဟုတ်ရပါဘူး..........နင်ဆိုတဲ.မျှော်လင်.ချက်နဲ.အွန်လိုင်းပေါ်မှာအချိန်ဖြုန်းတက်ခဲ.တာ.............ငါ.ကိုငါတောင်မသိလိုက်ဘူး


အိပ်မက် တစ်ပွဲပေးပါ.. မျှော်လင့်ချက် များများထည့်… အတိတ်ဆိုးတွေ မထည့်နဲ့… အနာဂတ် ရွှဲရွှဲလေးဆမ်းကွာ… ခံစားချက်ကိုထည့်ရင် ဒီအတိုင်းမထည့်နဲ့… ကတ်ကြေးနဲ့ ပါးပါးလေးညှပ်ထည့်… ကဲ… ဘယ်လောက်ကျလဲ???


သူရဲ့အပြောမှာ ရင်ခုန်သည်… တစ်နေ့လုံး ဒီအတိုင်း Chat ချင်သည်… အကြင်နာချစ်စကား ပြောခွင့်ပေးပါ အတည်…. သူ Block မှာလည်း စိုးရိမ်သည်…. သူ Sign Out မှာ သိပ်ကြောက်သည်… အခုတော့သိပြီ သူ့ကို Q မိပြီ….။ -----------------




ထမင်းကလွဲရင် အကုန်ချက်တယ်… Gtalk နဲ့ Chat မယ်… G-mail နဲ့ Chat မယ်… Yahoo နဲ့ Chat မယ်…. VZO နဲ့ Chat မယ်…. Pfingo ပြောမယ်


စကြာဝဠာကြီး ပျက်စီးသွားမယ်ဆိုရင်တောင် မင်းနာမည်စာလုံးလေးတွေက ကိုယ့်နှလုံးထက်မှာ မပျောက်မပျက်ဘဲ ကျန်ရစ်နေခဲ့ပါလိမ့်မယ်


အပျော်ကြိုက်ရင် ရင်ခုန်စရာမကောင်းဘူး… အတည်ကြိုက်ရင် အသည်းကွဲတယ်… ဖြစ်နိုင်မယ်ဆိုရင် အရာအားလုံးကို ကျောခိုင်းထားချင်တယ်….


နိုင်ငံတော်အလံ ပြောင်းသွားပြီ… မကြာခင်မှာ အုပ်ချုပ်တဲ့အစိုးရလည်း ပြောင်းတော့မယ်… ဒါပေမယ့်… ငါ့အချစ်တွေကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။




ငါတို့က… မလုပ်ဘူးဟေ့ဆိုရင် အစကတည်းက လုံးဝ မလုပ်ဘူးပဲ… လုပ်ပြီဟေ့ဆိုရင်လည်း အိယောင်ဝါးပဲ….။


စိတ်ညစ်ပါ၏ အဘယ်ကြောင့်မသိ အဖြေရှာကြည့်တော့ ဝေဒနာအတိ သေချာညှိ အဆင်မပြေမှုတွေများပါဘိ သေရွာကိုပဲ သွားချင်မိ။


အလွမ်းတွေကိုသာ ဆေးအဖြစ် သုတ်လို့ရမယ်ဆိုရင် ဒီကမ္ဘာကြီးတစ်ခုလုံးဟာ မင်းကိုလွမ်းတဲ့ အလွမ်းတွေနဲ့ ပြည့်နေတဲ့ကမ္ဘာကြီး ဖြစ်နေပါလိမ့်မယ်။ အာကာသထဲကနေ မင်းလှမ်းကြည့်တဲ့အခါ ကမ္ဘာကြီးပေါ်မှာ မင်းနာမည်ကိုတောင် မြင်တွေ့နိုင်မယ်ထင်ပါရဲ့။


အချစ်နဲ့ အမုန်းဆိုတာ...သုံးနဲ့လေးလို၊ ခေါင်းနဲ့ပန်းလို...အမြဲဒွန်တွဲနေတတ်တာ အမှန်ပါ...အချစ်ပြီးရင် အမုန်းလာမှာ အသေအချာပါပဲ...။


အခုတလော...ငါ့အိပ်မက်တွေ အရမ်းထူးဆန်းတယ်။မင်းမျက်နှာကို ကြွေးရှင်အမှတ်နဲ့ ညတိုင်း လန့်လန့်ပြီး နိုးနေမိတယ်။ငါ့ရဲ့အချစ်ကြွေးတွေ မကျေသေးဘူးလားကွယ်...။


လျှို့ဝှက်တယ်ဆိုတာ မကောင်းပေမယ့် သိုသိပ်နိုင်ရတယ်....။ဟန်ဆောင်တယ်ဆိုတာ မကောင်းပေမယ့် ထိန်းချုပ်တတ်ရတယ်....။အေးစက်တယ်ဆိုတာ မကောင်းပေမယ့် တည်ငြိမ်ရမယ်လေ....။


လူတစ်ယောက်ကို မုန်းဖို့အတွက် သတ္တိလိုတယ်....။ချစ်ဖို့အတွက်တော့ ရေစက်လိုတယ်....။မေ့ဖို့အတွက်ဆိုရင်တော့ အချိန်တွေလိုတယ်....။


တိရစ္ဆာန်ရုံက မျောက်တွေများ... လုံးဝကို အငြိမ်မနေတတ်ကြဘူး။ဟိုအကိုင်း ဒီအကိုင်း ကူးလိုက်၊
သန်းရှာလိုက်နဲ့ အလုပ်ကို ရှုပ်နေတာပဲ။ဟော... အခုလည်း ကြည့်ဦး၊ ဒီစာကို ဖတ်နေပြန်ပြီလေ။


ပိုက်ဆံချေးပြီး ပြန်ဆပ်ရန်မလိုသော သူငယ်ချင်းများ အလိုရှိသည်။


U See I See နှစ်ယောက်စီးတော့ ဆိုက္ကားလေးတာပေါ့။U Say I Say နှစ်ယောက်ဆေးတော့ ပန်းကန်ပြောင်တာပေါ့။U Know I Know နှစ်ယောက်နိုးတော့ သူခိုးမကပ်တာပေါ့။U Chat I Chat နှစ်ယောက်ချက်တော့ အမြန်ကျက်တာပေါ့။


ဂျာမနီရေဘ၀ဲ....မင်းကို ငါမကျေနပ်ဘူးကွ။မင်း ပေါက်ကရတွေဟောလို့ ငါအားပေးတဲ့ ဂျာမနီအသင်း စပိန်ကိုရှုံးသွားပြီ။မင်း မြန်မာနိုင်ငံ ရောက်လို့ကတော့ ကောက်ညှင်းအစာသွတ်ပြီး ချက်စားပစ်မယ်။ ငါ့အမေက ပင်လယ်စာ မညှီအောင် ချက်တတ်တယ်ကွ။


လောကမှာ ငါမသိတာဆိုလို့ (၂) ခုပဲ ရှိတယ်-ဟိုဟာလဲ သိဘူး၊ ဒီဟာလဲ သိဘူး၊ ဟီးဟီး


အက်ဒီဆင်ကို ကျေးဇူးမတင်နိုင်ပါဘူး။အခုလောလောဆယ် ဖရောင်းတိုင် တီထွင်ခဲ့သူကို ကျေးဇူးတွေ တင်နေရပါတယ်။


အချစ်ဆိုတာ DOTA ခုတ်တာလောက် ပျော်ဖို့ ကောင်းလို့ လား.............?NEED 4 SPEED လောက်ရော ရင်ခုန်ရလို့ လား.......................?COUNTER STRIKE လောက် ပြင်းထန်လို့ လား........................?နေစမ်းပါ....LOVER လုပ်မယ့်အစားGAMER ပဲ လုပ်တော့မယ်.......


စာကမရ Whisky ချစိတ်ညစ်တယ်နော် Beer ဆော်မလောက်သေးပဲ Spy ထပ်ဆွဲစက်တော်ခေါ်ရန် Brandy ခံမနက်လင်းသော် Ice ထပ်ဆော်ကြံရာမရ Rum ထပ်ချကျောင်းသို့သွားသော် မြောင်းထဲချော်ကယ်တင်ရှင်အဖြစ် Black Label ကစ်...။


ရှာပုံတော်မင်းသားကြီး........ ၀ဘ်ဆိုဒ်တကာရောက်ခဲ့ပြီ............ ဘယ်chatမှာ ဘယ်လိုကဲမှန်း...... မသိတော့ ခက်လှပြီ............ မနှစ်ကပေးတဲ့ မေးလ်လိပ်စာ...... ဗိုင်းရပ်စ်ကိုက်လို့ ပျက်ကုန်ပြီ.......... မမှတ်မိတော့ခက်သာလှချေပြီ.....

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...