Ads (728x90)



--


တစ်ခါကတိုင်းပြည် တစ်ပြည်မှာ တိုင်းသူပြည်သားတို့၇ဲ့ အကျိုးကို လိုလားပြီး လွန်စွာ သမာသမတ်ကျစွာ အုပ်ချုပ်တဲ့ ဘုရင်တစ်ပါးရှိခဲ့တယ်။ သူရဲ့ လက်ထက်မှာ တိုင်းနိုင်ငံတစ်ခုလုံး သာယာဝပြောပြီး နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသူများဟာလည်း စိတ်လက်ချမ်းသာ ပျော်ရွင်စွာနေထိုင်နိုင်ကြလေသတဲ့။ အုပ်ချုပ်သူက ကောင်းတော့ အောက်လက်ငယ်သားများဟာလည်း ကောင်းမွန်တဲ့ ဘ၀ကို ပိုင်ဆိုင်ကြရတာပေါ့။ ဒါကြောင့် ပြည်သူပြည်သားများဟာ သူ့ကို လွန်စွာချစ်ခင်တန်ဖိုးထားကြလေသတဲ့။

အဲဒီထဲမှာ ဖိုးပညာဆိုတဲ့ သက်တော်စောင့်အမတ်ကြီးလည်း ထိပ်ဆုံးက ပါလာတာပေါ့။ သူဟာ ဘုရင့်အတွက်ဆိုရင် အသက်ကို စွန့်လွတ်ဖို့ ၀န်မလေးဘူးလို့ ဆုံးဖြတ်ထားသူပါ။

တစ်နေ့ကျတော့ ဒီလိုအဖြစ်မျိုးဖြစ်ဖို့ ဖန်လာတော့တယ်။ အဲဒီနေ့က ဖိုးပညာဟာ နန်းတော်ကနေ အိမ်ပြန်လာခဲ့တော့ လမ်းမှာ ကိုယ်ေ၇ာင်ကိုယ်ဝါ တောက်ပနေတဲ့ နတ်သမီးတစ်ပါးနဲ့ ဆုံတွေ့ပါတော့တယ် ။

နတ်သမီးက…``ကျွန်ုပ်က ကံကြမ္မာကို သိမြင်တဲ့ နတ်သမီးပဲ၊ သင်တို့ရဲ့ အရှင်သခင် ဘုရင်ကြီးဟာ မကြာခင်မှာ သေဆုံးတော့မယ်….လို့ဆိုလိုက်တော့ ဖိုးပညာရင်ထဲ မုန်တိုင်းမွှေသလို ဖြစ်သွားတော့တာပေါ့…။

ဒီလိုမဖြစ်အောင် ပြုလုပ်နိုင်မယ့် နည်းလမ်းများ မရှိဘူးလား..´´

``ရှိတယ် သင့်သားငယ်ရဲ့ အသက်ကို နတ်ဘုရားထံပူဇော်မယ်ဆိုရင်တော့ ဘုရင်ကြီးအသက်ရှင်လိမ့်မယ်

ကျွန်ုပ်အသက်ကို ပူဇော်မယ်ဆိုရင်ရော မဖြစ်နိုင်ဘူးလား´´

``မဖြစ်ဘူး နုနယ်ပျိုမြစ်တဲ့ သားငယ်ရဲ့ အသက်ကို စွန့်လွတ်မှသာ ဘုရင်ကြီးကို ကယ်တင်နိုင်မယ်´´

ဒီမှာ အကျပ်ရိုက်တော့တာပါပဲ။ ဖိုးပညာဟာ သူ့သားငယ် မောင်သီလကို မျိုထားမတတ်ချစ်တဲ့သူပါ။ သူ့ကိုချစ်သလို သမီးကြီး မသီတာကိုလည်း ချစ်တာပါပဲ။ သူချစ်သလို ဇနီးဖြစ်တဲ့ ဒေါ်သစ္စာကလည်း မလျော့သောချစ်ခြင်းနဲ့ ချစ်တယ်ဆိုတာ သူသိထားတယ်။ ကဲ ဘယ့်နှယ့်လုပ်မလဲ။

အိမ်ေ၇ာက်တဲ့ အခါ မရွင်မပျဖြစ်နေတဲ့ သူ့ကိုကြည့်ပြီး မိသားစုများက မေးကြတော့တာပေါ့။ အကြောင်းစုံသိတော့ သားငယ်မောင်သီလက ဒီလိုဆိုတယ်

``ကျွန်တော့ အသက်ထက် ဘုရင်ကြီးရဲ့ အသက်က များစွာပိုပြီး တန်ဖိုးရှိပါတယ်၊ သူဟာ တစ်တိုင်းပြည်လုံးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ သူပါ။ ဒါကြောင့် ကျွန့်တော့ အသက်ကို ရဲရဲဝံ့ဝံ့ ပူဇော်ပါမယ့်´´

သားငယ်ဟာ ဆိုခဲ့တဲ့ အတိုင်းပဲ သူ့အသက်ကို ပူဇော်လိုက်ပါသတဲ့။  ဒါပေမယ့် ဇာတ်က ဒီမှာ မဆုံးသွားပါဘူး

မျက်စိေ၇ှ့မှာတင် မောင်သီလသေဆုံးသွားတာကို မြင်တော့ မိခင် ဖြစ်သူ ဒေါ်သစ္စာနဲ့ အစ်မဖြစ်သူ မသီတာတို့နှစ်ဦးဟာလည်း သားအပေါ် မောင်အပေါ် ချစ်ခင်စိတ်နဲ့ ယူကျူံးမရအပူလုံးကြွပြီး နှလုံးကွဲ သေပွဲဝင်ကြပါေ၇ာလား။ ဖိုးပညာ ရဲ့ ချစ်ခင်သူ အားလုံး အသက်ဆုံးရှုံးခဲ့၇ပါပြီ။

အဲဒီတော့ ဖိုးပညာအနေနဲ့လည်း ကမ္ဘာမြေဟာ ဘယ်လိုလုပ်ပြီး အဓိပ္ပါယ်ရှိတော့မှာလဲ။ မျက်ရည်လည်ရွဲနဲ့ပဲ သူ့ကိုယ်သူ အဆုံးစီရင်လိုက်ပါတော့တယ်။

ဒီသတင်းကိုကြားရတော့ ဘုရင်မင်းမြတ်ဟာ များစွာ စိတ်မကောင်းဖြစ်သွားတော့တယ်။ သူ့ရဲ့ အသက်တစ်ချောင်းအတွက် အသက်လေးချောင်းကို စွန့်လွှတ်သွားတဲ့ ဖိုးပညာရဲ့ မိသားစူအပေါ် သူ့အနေနဲ့ တာဝန်မကင်း သလို ခံစားလာရတယ်။

ဒါဟာ သူ့အပေါ်တင်သွားတဲ့ အကြွေးတွေပဲ။ ဒီအကြွေးတွေကို ပြန်ဆပ်ဖို့ သူကိုယ်တိုင် လည်း သူ့အသက်ကို စွန့်လွတ်မှ တန်ကာကျမယ် ဆိုပြီး ဆုံးဖြတ်လိုက်တော့တယ်

ကဲပုံပြင်မှာ အသက်ကို စွန့်လွတ်သွားကြတဲ့ လူ ငါးဦးထဲမှာ ဘယ်သူ့ရဲ့ စွန့်လွတ်မှုက အမြင့်မြတ်ဆုံးလို့ ယူဆကြပါသလဲ။

 

အုပ်လှကြီး

ဟားခလုတ်-၈





--


Be Happy,

          Moe Moe.



Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...