Ads (728x90)

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် ဆုကြေးစားဘောလုံးပြိုင်ပွဲများ ဖြစ်သည့် မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများကို
၂၀၀၉ခုနှစ်မှ စတင်၍ ကြီးမှူးကျင်းပပြုလုပ်ခဲ့ပြီး တန်းဆင်းတန်းတက် စနစ်များ ကျင့်သုံးနိုင်ရန်အတွက် ၂၀၁၃ ခုနှစ်မှ စတင်၍
ပထမတန်း ဆီမီးပရိုဘောလုံးပြိုင်ပွဲများကို ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။

၂၀၁၂ခုနှစ် မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီတွင် အမှတ်အနည်းဆုံးရရှိသည့် အသင်းနှစ်သင်းသည် ပထမတန်း ဆီမီးပရိုပြိုင်ပွဲသို့
တန်းဆင်းရမည်ဖြစ်ပြီး ပထမတန်း ဆီမီးပရိုဘောလုံးပြိုင်ပွဲမှ အမှတ်အများဆုံး ရရှိသည့် အသင်းနှစ်သင်းမှာ ၂၀၁၄ခုနှစ်တွင်
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသို့ တန်းတက်ခွင့်ရရှိမည်ဖြစ်သည်။ အဆိုပါ ပထမတန်းဆီမီးပရိုဘောလုံးပြိုင်ပွဲများကို ၂၀၁၃ခုနှစ်
ဇန်န၀ါရီလမှ စတင်၍ အပတ်စဉ် ဗုဒ္ဓဟူး၊ ကြာသပတေး နေ့များတွင် သုဝဏ္ဏအားကစားကွင်း၊ အောင်ဆန်းအားကစားကွင်းနှင့် ဗဒုမ္မာအား
ကစားကွင်းများတွင် ယှဉ်ပြိုင်ကစားစေမည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်လိုသည့် အသင်းများအနေဖြင့် ၂၀၁၂ ခုနှစ်၊
သြဂုတ်လ၊ ၂၀ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ စာရင်းပေးပို့လျှောက်ထားနိုင်သည်။

ပထမတန်းဆီမီးပရို ဘောလုံးပြိုင်ပွဲသို့ ၀င်ရောက်လိုသည့် အသင်းများအတွက် သတ်မှတ်စံနှုန်းများ

၁။ ပါဝင်ခွင့်ရရှိသည့် ကလပ်အသင်းများသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ချမှတ်ထားသည့် ပြိုင်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ မူဝါဒ၊ ဆုံးဖြတ်ချက်၊ လမ်းညွှန်ချက်၊ အမိန့်စာများနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်။

၂။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံသို့ တင်ပြပြီး ကလပ်အသင်း၏ အမည်ကို အတည်ပြုချက်ရယူရမည်။

၃။ အသင်းဖွဲ့စည်းပုံတင်ပြရမည်။ နမူနာပုံစံအား မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေးဌာနတွင် လာရောက်ထုတ်ယူနိုင်သည်။

၎။ အသင်းကျောထောက်နောက်ခံ ပြုလိုသော ပြည်နယ်နှင့်တိုင်းဒေသကြီးကို တင်ပြရမည်။

၅။ အသင်းအတွက် မတည်ရင်းနှီးငွေ ကျပ်သိန်း (၅၀၀) ဘဏ်စာရင်း တင်ပြရမည်။

၆။ ပထမတန်း (ဆီမီးပရို) ဘောလုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယရရှိပါက မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်။

၇။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့်အညီ အသင်းများမှ စပွန်ဆာ ရှာဖွေနိုင်သည်။

၈။ ပထမတန်း (ဆီမီးပရို) ဘောလုံးပြိုင်ပွဲကို အသင်း (၁၀)သင်း သို့မဟုတ် (၁၂)သင်းဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး အောက်ပါအတိုင်း ပြိုင်ပွဲအမျိုးအစားများ သတ်မှတ်ကျင်းပသွားမည် ဖြစ်သည်။

(က) အမှတ်ပေး ဘောလုံးပြိုင်ပွဲ (League)
(ခ) ရှုံးထွက်ဘောလုံးပြိုင်ပွဲ (Knock-out)

၉။ အသင်းသည် ကစားသမားများအား အနည်းဆုံး တစ်ရာသီမှ အများဆုံး ၅နှစ်စာချုပ်ချုပ်ဆိုနိုင်သည်။

၁၀။ အမှတ်ပေး ဘောလုံးပြိုင်ပွဲ (League) ပြိုင်ပွဲအတွက် သတ်မှတ်ပြိုင်ပွဲဝင်ကြေး ပေးသွင်းသွားရမည်။ ရှုံးထွက်ဘောလုံးပြိုင်ပွဲ (Knock-out) ဘောလုံးပြိုင်ပွဲအတွက် ၀င်ကြေးပေးသွင်းရန်မလို။

၁၁။ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲနှင့် ဆီမီးပရိုပြိုင်ပွဲ အသင်းပိုင်ရှင်မှာ တစ်ဦးတည်း မဖြစ်စေရ။

၁၂။ အသင်းများအနေဖြင့် အောက်ဖော်ပြပါ အထောက်အကူ ပစ္စည်းများထားရှိရမည်။

(က) ရုံးခန်း၊
(ခ) Fax, Email
(ဂ) တယ်လီဖုန်း 
 
မြန်မာနေရှင်နယ်လိဂ် ဆိုဒ်မှ...

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...