Ads (728x90)

Photo: Oppositeyes

အမျိုးစပ်သော်လဲ သွေးမတူနိုင်ပါ

အမျိုးစပ်သော်လဲ သွေးမတူနိုင်ပါဆိုလျှင် အမျိုးမစပ်ပဲ သွေးတူနေတာတွေ ဘယ်လိုလုပ်မလဲဟုပြောကြလိမ့်မည်။ဘယ်လိုပဲ ပြောပြော
ကျနော်ပြောချင်တာက ကျနော်တို့နိုင်ငံကလွတ်လပ်ရေးဖခင်ကြီးနဲ့ သူနဲ့သွးမတူတဲ့ သူ့ ရဲ့ သမီးအကြောင်းကို ပြောချင်တာ။
ဗိုလ်ချုပ်အောင်ဆန်းလို့ ပြောလိုက်ရင် မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးဖခင်ကြီးဆိုတာ
အားလုံးအသိပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံသားများသာမက အခြားနိုင်ငံများကပါ လေးစားရသော ဗိုလ်ချုပ်အောင်ဆန်းအစည်းအဝေးလာရောက်သည့်
ပုံစံကို ကို ဂျပန်နိုင်ငံမှ ဗိုလ်မှူးကြီး ဟီရာအိုကက
"အောင်ဆန်းဝတ်လာတဲ့ကျေမွနေတဲစစ်အင်္ကျီအစုပ်ကိုတွေ့ရတော့
ဂျပန်အရာရှိကြီးတွေက သိပ်ကိုလေးစားသွားကြတယ်။
ဒီလိုအ၀တ်အစားယူနီဖောင်းကိုဖြစ်သလိုဝတ်ထားပုံ ကျုပ်တို့ စစ်သားတွေနဲ့ တူနေတယ်။ပြီးတော့အောင်ဆန်းဟာ စကားပြောရာမှာပြောသင့်တာလောက် နည်းနည်းပါးပါးပြောပြီး
နှုတ်ဆိတ်နေတာကိုလဲသဘောကျတယ်။ဒီလိုယူနီဖောင်း
အစုပ်အပြဲဝတ်ထားတာနဲ့စကားနည်းတာကတော့ကျုပ်တို့ဆာမူရိုင်းသူရဲကောင်းတွေရဲ့အမှတ်လက္ခဏာတစ်ခုမို့ဒါတွေကိုကျုပ်တို့ဂျပန်တွေက
အလွန်တန်ဖိုးထားကြတယ်။နောက်ပြီးအောင်ဆန်းဟာမျိုးချစ်စိတ်ဓါတ်ြ့ပ င်းထန်သူဖြစ်တယ်။တိုင်းတစ်ပါးအပေါ်အောက်ကျို့ချင်တဲ့စိတ်၊
ကျွန်ခံချင်တဲ့ စိတ်ဓါတ်တွေလဲရှိတဲ့သူမဟုတ်ဘူး" လို့လေးစားချီးကျူး
ခံခဲ့ရပါတယ်။
နောက်ပြီး မြန်မာနိုင်ငံမှ ဂျပန်များထွက်ခွားသွားပြီးတဲ့ နောက် မိတ္ထီလာခန်းမမှာ
ဖီးလ်မာရှယ်စလင်းနဲ့ဗိုလ်ချုပ်တို့တွေ့ဆုံကြစဉ်က
"ကျွန်ုပ်သည်အောင်ဆန်းကိုလေးစားမိသည်။
ကျွန်ုပ်ထင်သကဲ့သို့သူသည်ကိုယ်ကျိုးရှာ တာဝန်မဲ့ပြောက်ကျားခေါင်းဆောင်မဟုတ်ပေ။
သူသည်မျိုးချစ်ပုဂ္ဂိုလ်အစစ်ဖြစ်ရ်ျ စိတ်ကူးယဉ်သမားမဟုတ်ပေ။လက်တွေ့သမားဖြစ်သည်။
သူသည်အလွန်ရိုးသားသည်။သူသည်ပေးခဲ့ပြီးသောကတိအတိုင်းလည်းတည်မည်ဟု ယုံကြည်ရသည်။ကျွန်ုပ်သည်အောင်ဆန်းနှင့် အလုပ်ဖြစ်သည်"
ဟု ပြောဆိုခဲ့ သည်ကိုလဲလေ့လာသိရှိရပါသည်။

အထက်တွင်ဖော်ပြထားသည့် တိုင်းတစ်ပါးသားများပင်ချီးကျူးရသောဗိုလ်ချုပ်၏
အရည်အချင်းများအတိုင်းဒေါ်အောင်ဆန်းစုကြည်သည်ဖခင်နှင့် မည်သည့် အရည်အချင်းများတူညီပါသလဲ။ဆိုလိုချင်တာကတော့ ဗိုလ်ချုပ်သည်ဒေါ်အောင်ဆန်းစုကြည်ကဲ့ သို့ အပြော
သမားမဟုတ်လက်တွေ့ သမား။ဒေါ်အောင်ဆန်းစုကြည်မြန်မာနိုင်ငံအနှံ့ အပြားဟောပြောပွဲတွေလုပ်၊ပြည်သူတွေကို မက်လုံးပေးပြီးစည်းရုံးပွဲတွေလုပ်ပြီး နိုင်ငံတော်နဲ့ပြည်သူတွေအတွက်ဘာတွေများအဖြစ်ရှိအောင်
လုပ်ပေးပြီးပြီလဲ။မိမိနာမည်ရဖို့ အတွက်တစ်ကိုယ်ကောင်းဆန်ဆန်
လုပ်တတ်သည့် တစ်ကိုယ်ကောင်းသမားမဟုတ်။ငယ်ရွယ်စဉ်က နိုင်ငံရပ်ခြားမှာ ဗိုလ်ချုပ်မုန်းပါတယ်ဆိုတဲ့တိုင်းတစ်ပါးသားနဲ့
ကဲချင်သလိုကဲပြီး၂သားကျပီးကာမှ မြန်မာနိုင်ငံအတွက်
မျိုးချစ်စိတ်ရှိသယောင်ယောင်၊ပြည်သူကိုချစ်သယောင်ယောင် ယောင်ဝါးလုပ်ကာ လူထုခေါင်းဆောင်ဘွဲ့ ခံယူပြီး လေလိုက်ဖြန်းနေသော
လေသမားတစ်ယောက်ဖြစ်နေသည်ကိုတွေ့ရသည်။

ယခုအချိန်ထိ ဗိုလ်ချုပ်သာရှိခဲ့လျှင်နေရာတကာလေလိုက်ဖြန်းနေသော
ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ရှေ့မှနာမည်အောင်ဆန်း
ဆိုသည်ကိုဖြုတ်ပြီး စုကြည်မဘ၀ဖြင့် မည်သည့်နေရာတွင်
မည်သို့မည်ပုံသောင်တင်နေမလဲဆိုတာတွေးကြည့်ရုံဖြင့်သိနိုင်ပါသည်။မြန်မာနိုင်ငံအတွက်ကျမကဘာလုပ်ပေးနိုင်မှာလဲ။
လုပ်ဖို့နေရာမှမရသေးတာဟုပြောဆိုလျှင်ဒေါ်အောင်ဆန်းစုကြည်အား
တစ်ခုပဲမေးချင်ပါသည်။ ခင်ဗျားက နေရာရမှ နိုင်ငံအတွက်အလုပ်လုပ်မှာ
လားလို့ ။အဲ့ဒီလိုဆိုရင်တော့ဒေါ်အောင်ဆန်းစုကြည်ဆိုတာနေရာ
ရဖို့၊အာဏာရဖို့အတွက်အလုပ်လုပ်နေတဲ့သူတစ်ယောက်ဖြစ်နေ
ပေတော့မည်။

နိုင်ငံတကာမှလဲနာမည်အမျိုးမျိုး၊ခေါင်းစဉ်အဖုံဖုံတံဆိပ်မျိုးစုံကပ်ပြီးဆုများ ချီးမြှင့်ပေးနေသလောက်ယခုနောက်ပိုင်းကာလများတွင်
ခေါင်းစဉ်တွေကစုံ၊အလုပ်ကလဲမည်မည်ရရမလုပ်
နိုင်တော့ဆုပေးရတဲ့သူတွေလဲနောက်ထပ်ဘယ်လိုခေါင်းစဉ်တပ်ရမလဲဆိုတာ အင်မတန်စဉ်းစားရခက်နေကြပါပြီ။ ပြည်သူတွေလိုအပ်နေတာ
လေ မဟုတ်ပါ။အမှန်တကယ် လက်တွေ့
လုပ်ပေးတာကိုပဲလိုချင်ကြပါသည်။ထို့ ကြောင့် နေရာတကာ လေဖြင့်အလုပ်လုပ်နေသောဒေါ်အောင်ဆန်းစုကြည်အား ပြည်သူအတွက် အမှန်တကယ်အကျိုးရှိမည့်လုပ်ငန်းများပြုလုပ်ပေးစေလိုပါသည်
။နေရာတကာတွင် ဖေဖေပြောခဲ့သလိုပဲ ဖေဖေပြောခဲ့သလိုပဲလို့ 
ပြောနေမယ့်အစား ဖေဖေဆိုသော ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့
တိုင်းပြည်အတွက် အမှန်တကယ်အလုပ်လုပ်စေချင်မိပါသည်။

မျိုးချစ်သူ

Post a Comment

Blogger Disqus
  1. မောင်ကာဠု ဆိုတဲ့ စစ်တပ်နွား၊ ကုလားမွေးစားသား၊ ကိုယ်အမျိုး ကိုယ် အပုပ်ချတဲ့ မျိုးမစစ်ကောင်၊
    သတောင်းစားခွက်လောက်မှ ဇေါက်မနက်တဲ့ ခွက်နဲ့ တောင်းလို့ ရတဲ့ပိုက်ဆံကို မျှော်ပြီး
    တိုင်းပြည်ပျက်အောင် ကြံတဲ့ကောင်၊ မင်းမှန်တယ် သေချာရင် မင်းဓါတ်ပုံနဲ့ အိမ်လိပ်စာပြကွာ။

    ReplyDelete

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...