Ads (728x90)






လူငယ်များ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဗီဒီယို ဂိမ်းများကို ပိတ်ပင် ကန့်ကွက်ခဲ့ သော တရုတ် ကွန်မြူနစ်ပါတီနှင့် စစ်တပ် သည် ယခုအခါ ပိုင်နက် အငြင်းပွားနေသည့် ဂျပန်နိုင်ငံမှ တပ်ဖွဲ့ဝင်များကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ရသော အွန်လိုင်းဂိမ်း တစ်မျိုးကို တရုတ် လူငယ်များအတွက် ဖန်တီးလိုက်ပြီး လူငယ်များအကြား တရုတ် မျိုးချစ်စိတ် ပိုမို အားကောင်းလာအောင် ပြုလုပ်လျက် ရှိကြောင်း တရုတ် နည်းပညာရှင် များ၊ နိုင်ငံရေး ပညာရှင်များ၏ ပြောကြားချက်ကို The Straits Times သတင်းစာက ရေးသား ဖော်ပြသည်။

အဆိုပါ အွန်လိုင်းဂိမ်းကို တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA ၏ ကျောထောက် နောက်ခံ ပြုမှုဖြင့် မကြာသေးမီက ကွန်မြူနစ်ပါတီက ၈၆ ကြိမ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အဖြစ် ဖန်တီး ထုတ်လုပ် ခဲ့ခြင်း ဖြစ်ပြီး ‘ဂုဏ်သရေရှိသော မစ်ရှင် အွန်လိုင်း’ ဟု အမည်ရသည်။

အဆိုပါ ဂိမ်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလက ထွက်ပေါ်လာခြင်း ဖြစ်သော် လည်း ထိုစဉ်က ပြည်သူ့ လွတ်မြောက်ရေး စစ်တပ်မှ တပ်သားများ ကို လေ့ကျင့်ပေးရာတွင် စိတ်ဓာတ်ရေးရာ မြှင့်တင်ရေး အတွက် တစ်စိတ် တစ်ပိုင်းအဖြစ် အထောက်အပံ့ ရရှိရန် ဦးတည်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုနောက်ဆုံး ထွက်ရှိလာသည့် Version မှာ ဂိမ်းကစားသူ အနေဖြင့် အရှေ့တရုတ် ပင်လယ်ပြင်တွင်းရှိ ဒိုင်အိုယုကျွန်းကို စောင့်ကြပ် ရသော ပြည်သူ့လွတ်မြောက်ရေး တပ်ဖွဲ့ဝင် တစ်ဦး အသွင်မျိုးဖြင့် ဝင်ရောက် ကစားနိုင်ကြောင်း အဆိုပါဂိမ်းကို ဒီဇိုင်း ရေးဆွဲပေးသည့် Giant Interactive Group က ပြောကြား သည်။

အဆိုပါ ပြည်သူ့ လွတ်မြောက်ရေး တပ်ဖွဲ့ဝင် နေရာကို ဝင်ရောက် ကစား ရသော ဂိမ်းကစားသမား အနေဖြင့် ဒိုင်အိုယုကျွန်းအား ဂျပန် တပ်ဖွဲ့ဝင် များ၏ ကျူးကျော် ဝင်ရောက်မှုမှ ကာကွယ်ပေးရမည် ဖြစ်သည်။

ယမန်နှစ်က ရှန်ဟိုင်းမြို့တွင် ကျင်းပ ပြုလုပ်သော ဂိမ်း ကွန်ဗင်းရှင်း တစ်ခုတွင် တရုတ်နိုင်ငံ ပုံနှိပ် ထုတ်ဝေရေး အုပ်ချုပ်မှုဌာန (GAPP) က “ဂိမ်းဆော့ကစားသည့် လောကသို့ အမျိုးသား အကျိုးစီးပွား နှင့် ပတ်သက်သော အကြောင်းအရာများ ထည့်သွင်း မိတ်ဆက်ပေးမည်” ဟု ထုတ်ဖော် ပြောဆို ခဲ့သည်။

တရုတ်နှင့် ဂျပန်နိုင်ငံတို့သည် အဆိုပါ ဒိုင်အိုယုကျွန်း (ဂျပန် အခေါ်ဖြင့် ဆန်ကာကူ) ပိုင်ဆိုင်ရေး အတွက် အငြင်းပွားလျက် ရှိခဲ့ရာမှ ယခုလတ်တလော ကာလများတွင် ဆက်ဆံရေး တင်းမာသည့် အနေအထား သို့ ရောက်ရှိနေသည်။

တရုတ်အစိုးရ မူဝါဒဆိုင်ရာ လေ့လာဆန်းစစ်သူများ အဆိုအရ အွန်လိုင်းဂိမ်း သို့မဟုတ် ဗီဒီယိုဂိမ်း ကစားသူ လူငယ်များသည် အစိုးရ ဝါဒဖြန့်ချိရေး အတွက် အလားအလာကောင်းသူများ ဖြစ်ကြောင်း၊ တရုတ်ပြည်တွင် ဂိမ်း ကစားသူ သန်း ၃၀၀ ကျော် ရှိကာ ယင်းပမာဏသည် ကမ္ဘာပေါ်တွင် ဂိမ်း ကစားသူ အများဆုံးနိုင်ငံ ဖြစ်ကြောင်း သိရသည်။

သို့အတွက်ကြောင့် အွန်လိုင်းဂိမ်းများ ပိုမို ဖွံ့ဖြိုးအောင် လုပ်ဆောင်ပြီး ယင်းဂိမ်းများတွင် မျိုးချစ်စိတ်ဓာတ် ထက်သန်နိုင်မည့် အစီအစဉ်နှင့် အကြောင်းအရာများ စတင် ထည့်သွင်းရန် ကွန်မြူနစ်ပါတီက စဉ်းစား ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။


By :
မြန်မာ နိုင်ငံ က ဂိမ်း develper တွေလည်းေ၇းသင်.တယ်နော် အဲလိုမျိုး ကုလားအတွက်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...