Ads (728x90)



ဖြစ်စဉ်၊၊ ၊၊မော်လမြိုင်မြို့  ဖက်တန်းရပ်ကွက် မျက်တန်းလမ်းတွင် နေထိုင်သူ သိန်းဇော်(ခ)ငဇော် ဆိုသူ တရားမ၀င်လောင်းကစားဘော်လုံးပွဲဒိုင်တစ်ဦးဖြစ်ပြီး ဘိုကုန်းရပ်ကွက် သံလွင်ဈေးအရှေ့ သုံးထပ်တိုက်တွင်နေထိုင်သော ဦးမောင်အေး ၏တူ သိန်းထိုက်အောင်မှ ရရှိရန် ငွေ(၃၀)သိန်း မရရှိသဖြင့် သိန်းဇော်(ခ)အဇော် က ကရင်လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲအ့စည်းတစ်ခုဖြစ်သော KPF(ခေါ်)ဟောင်သရော မှ ကိုအောင်နိုင်နဲ့အပေါင်းအပါနှစ်ဦးကို ခေါ်လာပြီး ၂၇.၂.၂၀၁၃ ညနေ(၆)နာရီအချိန် ၊မော်လမြိုင်မြို့နယ် ကမ်းနားလမ်းYKKO စားသောက်ဆိုင်အနီးတွင် ဦးမောင်အေး၏တူ သိန်းထိုက်အောင်နဲ့တွေ့ဆုံ စကားများကြရာမှ သေနတ်ထုတ်ချိန်ပြီး သေနတ်ဒင်ဖြင့် သိန်းထိုက်အောင်ကို ရိုက်ရာ သိန်းထိုက်အောင်က ရှောင်ကာ ထွက်ပြေးသွားခဲ့ပြီး ကျန်ရစ်ခဲ့တဲ့ ဆိုင်ကယ်ကို အဖွဲ့အစည်းပိုင်ကားပေါ်သို့ယူဆောင်သွားခဲ့ပါသည်၊၊

ယင်းဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ဦးမောင်အေးက မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားခဲ့ပါသည်၊၊ကရင်လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့အစည်း ဖြစ်သော KPF(ခေါ်)ဟောင်သရော မှ
ဦးမောင်အေးဆီဖုန်းဆက်ကာ ဦးမောင်အေးနေထိုင်သောသုံးထပ်တိုက်ကို ဗုံးနဲ့ဖောက်ခွဲမည်ဟု ထပ်မံချိန်းခြောက်ခဲ့ကြောင်း သိရှိပါသည်၊၊

မော်လမြိုင်မြို့ပေါ်တွင်ဖြစ်ပွါးခဲ့သော ဥပဒေမဲ့ လက်နက်ထုတ် ရိုက်နှက်ပြီး ဆိုင်ကယ်လုယူသွားသော အမှုကို မြို့မစခန်း ဒုရဲအုပ်ခင်မောင်ဇော်က အမှုစစ်ဖြစ်သော်ငြားလည်း ကရင်လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့အစည်းနဲ့ ထိပ်တိုက်ဖြေရှင်းရမှာကြောက်နေပြီး၊ယနေ့၁၉.၃.၂၀၁၃ နေ့အထိ တရားခံပြေးဖြစ်သော သိန်းဇော်၊ကိုအောင်နိုင်တို့ကို ဆိုင်ကယ်စီးပြီး
သွားလာနေကြောင်း၊ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း၊ဦးမောင်အေးတိုက်အနီးနေထိုင်သော လူများကလည်း ဘယ်နေ့ဘယ်အချိန်ဗုံးလာဖောက်မည်ကို စိုးရိမ်နေကြောင်း၊ဥပဒေမဲ့မင်းမဲ့စရိုက်ကို ရဲအနေနဲ့ အမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်နေကြောင်း.....၊၊

မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက်သူ/သားများ

Send By : whitecrow31@gmail.com

Post a Comment

Blogger Disqus
  1. မွန်ပြည်နယ်အောင်စရင်း သိချင်ပါတယ်ဗျား

    ReplyDelete
  2. အကို မွန်ပြည်နယ်အောင်စရင်းသိချင်ပါတယ်ဗျား

    ReplyDelete
  3. မွန်ပြည်နယ်အောင်စရင်း သိချင်ပါတယ်ဗျား

    ReplyDelete

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...