Ads (728x90)
his coming 11pm,all facebook account will be CUT. This is according from the creator of facebook. All the activities that was being done this time will be delay, SORRY FOR THE INCONVENIENCE. To save you're facebook accounts, please forward this message to 25 FB users for us to make sure that you are active user of FB. If can't pass this to 25 users you're account will be cut without any hesitancy
"911"
Chat Conversation End
FB က . . .
Communication Rule အသစ်တစ်ခုချမှတ်လိုက်ပြီ .....ဖွင့်ပြီး မသုံးတဲ့ Account တွေဆို . . .
ဖျက်ပစ်မယ် . . .
အဲ့အတွက်ကို လက်ရှိ သုံးကြောင်း . . .
Activate User 25 ယောက်ကို . . .
ပို့ပေးရမယ် . . .
ဒါကို ကူးပြီးတော့ . . .
မဟုတ်ရင် မသုံးဘူးလို့ ယူဆပြီးတော့ . . .
ဖျက်တဲ့ထဲမှာ ပါသွားနိုင်တယ် . . .
အကောင့်ပေါင်း 1 သန်းကျော်ကို ဖျက်ပစ်မှာတဲ့ ဒီစာကိုFB Chatbox ကနေ . . .
လိုက်ပို့ရမှာ . . .. မြန်မြန်လုပ်ထားနော် . . .
ဒီနေ့ ည ဘက်က Last Date . . .
ကဲ.............. အထက်ပါ စာမျိုးတွေ ကိုယ့် ဆီရောက်လာပါပြီဆိုပါတော့  သင့် အနေနဲ့  အနည်းငယ်တော့ လန့် သွားမယ်ထင်တယ်
ဘာကြောင့် လဲဆိုတော့ ကိုယ့် ရဲ့  Facebook Account လေး အဖျက်ခံရမှာကြောက်လို့ ပေါ့  ဟဲ ဟဲ  Facebook သုံးစွဲသူ 100 ရှိရင် 99 ယောက်ကတော့ သေချာပေါက် ကို
ခုပြောထားတဲ့ အတိုင်းပဲလုပ်ကြမယ်ထင်ပါတယ် ကျန်တဲ့ တစ်ယောက်ကတော့ မလုပ်ဘူး ( ကျွန်တော်ပဲ :P  )  ဘာကြောင့် လဲဆိုတော့ ကျွန်တော့် မလုပ်လဲ ကျွန်တော့် အကောင့် အဖျက်ခံရမှာမဟုတ်လို့ ပါ  အဲ့ ဒါကြောင့်  ကိုယ့် ရဲ့  Facebook Account  လေးပျက်သွားမှာကိုသိပ်ပြီးတော့ ကြောက်မနေပါနဲ့   အိုကေဗျာ
ကြောက်နေတယ်ဆိုရင်တော့  အားပေးစကားလေးပြောချင်တယ်   ဒါပေမယ့် အရင်မေးခွန်းလေးနည်းနည်းလောက်ဖြေကြည့် ပေးပေါ့ 
နံပါတ် ( 1 )သူငယ်ချင်းအနေနဲ့   Facebook ကို
တနေ့ တခါသုံးဖြစ်လား ?  မသုံးဖြစ်ဘူးလား  ? 
ဟုတ်ပြီ နံပါတ် ( 2 )  တပတ်တခါရောသုံးဖြစ်လား ? မသုံးဖြစ်ဘူးလား  ?   
နံပါတ် ( 3 ) တလတခါရော သုံးဖြစ်ရဲ့ လား  ? မသုံးဖြစ်ဘူးလား  ? 
နံပါတ် ( 4 ) တနှစ် နေလို့ တောင်မှတခါလောက်တောင် သုံးဖြစ်ရဲ့ လား  မသုံးဖြစ်ဘူးလား  ?  
ဖေ့ ဘွတ်ကို မသုံးဖြစ်ခဲ့ ဘူး ( လများစွာကြာသွားတယ် ...နှစ်နဲ့ တောင်ချီသွားတယ် ) ဆိုပါလျှင် သင့် အကောင့် အဖျက်ခံရပြီပေါ့   ဒီနေရာမှာ သင်ဟာ နိုင်ငံတခု သို့ မဟုတ် စီးပွားရေး လုပ်ငန်းတခုခုမှာ အရေးပါအရာရောက်နေသူ တစ်ဦးတစ်ယောက်ဖြစ်နေခဲ့ မယ် ဆိုပါလျှင် ( ဒါကဥပမာပေးတာပါ ရိုးရိုးသာမန် User တစ်ယောက်အနေဲ့ လဲ ဒီအခွင့် အရေးမျိုးရနိုင်ပါတယ် ) မတတ်သာလို့ ဖေ့ ဘွတ်ကို မသုံးဖြစ်ခဲ့ တာပါဆိုလျှင် သင် သုံးစဉ်က သိမ်းဆည်းထားခဲ့ တဲ့  Data တွေ ကိုပြန်လိုချင်ရင် နှမြောတသဖြစ်ပီးတော့ ဒီတိုင်းပဲထိုင်ပြီးနေမလား ပြန်ရဖို့ ကြိုးစားမလား  ဟုတ်ပီဗျာ  အဲ့ ဒီအချက်အလက်လေးတွေပြန်လို့ ချင်လို့  သင့် ရဲ့ အဖျက်ခံလိုက်ရတဲ့  Facebook Account လေးကို
နှစ်တွေကြာမှပြန်လိုချင်တယ်ဆိုရင် ဒီလိပ်စာ   https://www.facebook.com/help ကိုသာမှတ်ထားလိုက်ပါ  အဲ့ ဒီနေရာမှာ သင့် ရဲ့ အကောင့် ကိုပြန်လိုချင်ပါတယ်ဆိုပြီးတော့ အထောက်အထားခိုင်ခိုင်လုံလုံပြသနိုင်တယ်  သင့် အတွက် ဒီအကောင့် က အချက်အလက်တွေက အရမ်းကိုအရေးကြီးလို့ ပါဆိုပါလျှင်သူတို့ ဆီမှာပြန်လည်တောင်းဆိုပြီး သင့် ရဲ့ ကိုယ်ပိုင် Data ( အချက်အလက် ) တွေကို ပြန်လည်ရယူနိုင်ပါတယ် ဒါပေမယ့် အရေးကြီးတာက အဲ့ ဒီအကောင့် ကိုသုံးတဲ့ E- Mail လေးရှိနေဖို့ တော့ လိုတယ်ဗျနော် ;) သင့် ရဲ့ အကောင့် ဟာ
ပြစ်မှုတွေကျူးလွန်ထားမျိုး  အဓိကရုဏ်တွေဖြစ်ပွားအောင်ဖန်တီးခဲ့ တာမျိုး  နောက်ဆုံး ကုန်ကုန်ပြောရရင် လုပ်ကြံဖန်တီးထားတဲ့ အကောင့် မဟုတ်ဘူးဆိုရင်ပြန်လည်ရယူဖို့ အဆင်ပြေပါလိမ့် မယ် ဘာလို့ လဲဆိုတော့  Facebook Community ကသင့် ရဲ့ အချက်အလက်တွေကို ဒီတိုင်း
ပြီးစလွယ်ဖျက်ပစ်သွားမှာမဟုတ်လို့ ပါ  သူ့ တို့ က သင့် ရဲ့  Profile,Page, Group တွေက Data တွေကို ဖျက်မပစ်ပဲနဲ့  တကယ်အသုံးမပြုတောတာတို့  ( လုပ်ကြံဖန်တီးထား တာ ) တို့  မှန်ရင်တော့   အသုံးပြုလို့ မရတော့ အောင် ပိတ်ပဲပိတ်ပစ်ပြီး အချက်အလက်တွေကိုတော့ သူတို့ ရှဲ့ဆာဗာထဲမှာ သိမ်းဆည်းထားမှာပါ  အဲ့ ဒါကြောင့် သူငယ်ချင်းတို့ အနေနဲ့   ကိုယ့် အကောင့် လေးပျက်မှာပူမနေကြပါနဲ့  ဗျာ ကျွန်တော်သိပါတယ် ဖေ့ ဘွတ် သုံးနေကျလူတွေ တနေ့ ကို အနည်းဆုံး တခါလောက် Notifications လေးတွေမဖတ်ရရင် Comment လေးတွေ မပေးရရင် Photo လေးတွေများမတင်ရရင် မနေနိုင်ကြဘူးဆိုတာကို သိထားပါတယ် :Pေိခိ အဲ့ ဒီတော့ အနော် ပြောတဲ့  တလတခါ တနှစ် တခါလောက်တောင် မသုံးဖြစ်လို့ အကောင့် အဖျက်ခံရမယ့် သူစာရင်းထဲမှာမပါဘူးဆိုတာသေချာနေပါတယ်ဗျာ  ဒါကြောင့် ပူပန်တွေးတောပြီးကြောက်မနေကြပါနဲ့  အားတိုင်းလိုက်ပီးတော့  Share မနေကြပါနဲ့  အမြင်ကတ်စရာဖြစ်နေပါဦးမယ် Share ချင်ရင်တော့ ဒီပို့ စ်လေးကို သာရှဲပေးဗျာ  ဒါကအကောင်းဆုံးပါ  အိုကေ .............. ;)
သင့် ရဲ့  Facebook Account နဲ့ ပါတ်သက်လို့ လေ့လာချင်တယ်ဆိုရင်တော့    https://www.facebook.com/help/search/?q=how+do+i+delete+my+account နေရာလေးမှာသွားရောက်လေ့ လာလို့ ရပါတယ်ဗျာ
သူငယ်ချင်းများအားလုံးပျော်ရွှင်နိုင်ကြပါစေဗျာ......
လေးစားခင်မင်လျှက်.....
By : Aung Kyaw Soe
You Like This Post 
1 . Like
 2 . Comment
3 . Share  
We ♥ My Friends for  All  ^_^
I Wish You Happiness  ;)  
...   ;)
(((((( 
September 26 က နည်းပညာ website တစ်ခုဖြစ်သော CNET မှ ဖော်ပြခဲ့သော သတင်းဖြစ်နေကြောင်းသိရသည်။
CNET Website တွင် လွန်ခဲ့သော September 26 က Facebook က အကောင့်အတုများနှင့် user name အတုများစွာကို ဖယ်ရှားခဲ့ကြောင်းဖော်ပြခဲ့ပြီး နာမည်ကျော် အနုပညာရှင်များ၏ Fans အရေအတွက်များလဲ လျှော့ကျခဲ့ကြောင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
Facebook မှ Fake Accountများ(ဥပမာ-မွေးမြူထားသော ခွေး၊ကြောင်များ နာမည်ဖြင့် ဖွင့်ထားသောအကောင့်များ၊ Like အတုများ(ဥပမာ-Malware များဖြင့် ရယူထားသော Like အတုအယောင်များ) ကိုသာ ဖျက်စီးခြင်းဖြစ်ပြီး သာမန် user များ၊အစစ်အမှန် user များကို အကောင့်များကို ဖျက်စီးသွားမည်မဟုတ်ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံမှ Facebook user များအနေဖြင့် မိမိတို့ပုံမှန်သုံးစွဲနေသော အကောင့်များ နှင့်တစ်စုံတစ်ရာ စိုးရိမ်ပူပန်ရန်မလိုကြောင်းတင်ပြလိုက်ရပေသည်။
CNET မှာ ဖော်ပြခဲ့သော မူရင်းသတင်းလင့်>>>
http://news.cnet.com/8301-1023_3-57521074-93/facebook-trashes-fake-accounts-users-and-likes/
))))))))))))
By : by Åüñg Kÿáw Sôë on Monday, 8 October 2012 at 16:36 ·
Post a Comment
Blogger Disqus
Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။
Voted This Post
Related Posts Plugin for WordPress, Blogger...