Ads (728x90)



စာကြည့်တိုက်အသင်းဝင် အသက်၇နှစ် မှ ၁၅နှစ် အတွင်း ကလေးများအတွက် စာဖတ်ပြိုင်ပွဲကို အောက်တိုဘာလ ၄ရက်နေ့မှ နိုဝင်ဘာ ၁၅ရက်နေ့ အထိ ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် ကျင်းပပေးနေပါသည်။

ပထမအဆင့်အနေဖြင့် Knowledge Garden တွင်ခင်းကျင်းပြသထားသော Story Lab Collection မှစာအုပ်များကို ရွေးချယ်၍ အနည်းဆုံး ၆ အုပ်ပြည့်အောင် ဖတ်ရှုရပါမည်။

ဒုတိယအဆင့်အနေဖြင့် မိမိဖတ်ရှုထားသောစာအုပ်များ အတွင်းမှနှစ်သက်ရာ စာအုပ်တအုပ်ကို ရွေးချယ်၍အကျဉ်းချုပ်(Book Review)ရေး၍၎င်း၊ စာအုပ်ထဲတွင်ပါဝင်သော မိမိကြိုက်နှစ်သက်ရာ ဇာတ်ကောင်အားပုံတူရေးချယ်ပြီး(Drawing Competition)သို့၎င်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။

ပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲဝင်ကလေးငယ်များအတွက် ဆုပေးပွဲကိုကျင်းပပေးပါမည်။ဆုပေးပွဲတွင် စာအုပ် ၆ အုပ် ဖတ်ရှုပြီးစီးသည့် ကလေးများအား ဆုတံဆိပ်(Story Lab Medal)နှင့် ဂုဏ်ပြုလွှာ (certificate) များ ပေးအပ်ပါမည်။ Book Review နှင့် Drawing Competition တွင်ဆုရရှိသောသူများအားလည်း စိတ်ဝင်စားဖွယ်ဆုလက်ဆောင်များကို ပေးအပ်သွားပါမည်။ ဆုပေးမည် ရက်ကို နိုဝင်ဘာလတတိယအပါတ်တွင် ကြေညာပါမည်။

အသေးစိတ်သိရှိလိုပါက အောက်ပါလိပ်စာအတိုင်းစုံစမ်းနိုင်ပါသည်။

ဗြိတိသျှကောင်စီစာကြည့်တိုက
အမှတ်- ၇၈၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့။
ဖုန်း - ၂၅၄၆၅၈၊ ၂၅၆၂၉၀ လိုင်းခွဲ ၃၃၁၆


Share By :

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...