Ads (728x90)


#တနင်္ဂနွေ
စိတ်လှုပ်ရှားမှုများမည်။ ရည်ရွယ်ချက်လည်းများနေမည်။ အတွေးလည်းများနေမည်။ ဆုံးဖြတ်ချက်တို့လည်း များနေမည်။ သို့သော်လည်း အောင်မြင်မှုက တစ်ခုတည်းသာဖြစ်သည်။ ခရီးဝေးများသွားရကိန်းရှိသည်။ လမ်းခရီး အန္တရာယ်မရှိပါ။ လုပ်ငန်းပြောင်းလဲမှုများဖြစ်မည်။ လုပ်ငန်းသစ် ရလိမ့်မည်။ ယခင်လုပ်ငန်းထက် ပိုကောင်းမည်။ လစာလည်းတိုးမည်။ ရာထူးလည်းကြီးမည်။ ချစ်သူတွေ့မည်။ အနီးချစ်သူနှင့်အဝေးချစ်သူ နှစ်ယောက်ပေါ်မည်။ သို့သော် မယူဖြစ်သေးပါ။ ပညာရေးကြောင့် စိုးရိမ်ပူပန်သောကရောက်ရမည်။ အစိုးရိမ်လွန်ပြီး အမှားများလိမ့်မည်။ ကျန်းမာရေးကောင်းမည်။ အပေါင်းအသင်းကောင်းတို့ ကူညီမှုရမည်။ စက်ပစ္စည်းများ အ၀င်အထွက်ဖြစ်မည်။ ကိုယ်ပိုင်လုပ်ငန်း ရှယ်ယာလုပ်ငန်းများ အကျိုးပေးမည်။ ရစရာငွေကြေးများဝင်လာမည်။
အကျိုးပေးဂဏန်း ၄၊ ၉၊ ၆
အထူးဟော - ဆန္ဒမစောသင့်ပါ။
ယတြာ - လမ်းသန့်ရှင်းရေး ပြုလုပ်လိုက်ပါ။

#တနင်္လာ
ဤတစ်ပတ်အတွင်း ကံကောင်းသောကာလဖြစ်သည်။ ရည်ရွယ်ချက်အတိုင်းဆောင်ရွက်ပါ။ အောင်မြင်မှုရှိသည်။ ငွေကြေးစီးပွားတို့ အဆင်ပြေမည်။ အချစ်ရေး၊ အိမ်ထောင်ရေးတို့ အဆင်ပြေမည်။ အတိုက်အခံ အရှုပ်အရှင်းများ၊ ကျော်လွှားအောင်မြင်သွားမည်။ ခရီးဝေးယာယီများသွားရကိန်းရှိသည်။ အပေါင်းအသင်းမှားကိန်းရှိ၍ ငွေကြေး လက်မလွန်သင့်ပါ။ အောင်ဘာလေထီထိုးပါ။ စတော့ရှယ်ယာ ကစားပါ။ အကျိုးအမြတ်များမည်။ အထူးသဖြင့် ၂၊ ၃၊ ၄ ဂဏန်းသည် ကံကောင်းသောဂဏန်းများဖြစ်၍ ထီထိုးပါက ရှေ့မှထားထိုးပါ။ တ၊ ထ၊ ဒ၊ ဓ န အက္ခရာဖြင့်ထိုးပါ။ အချစ်ရေး ကံကောင်းသည်။ မင်္ဂလာပွဲကျင်းပဖြစ်မည်။ ကုသိုလ်ကောင်းမှု အလှူအတန်းများပြုဖြစ်မည်။
ပညာရေးကံအထူးကောင်းနေမည်။
အကျိုးပေးဂဏန်း ၇၊ ၀၊ ၂
အထူးဟော - အဝေးမိတ်ဆွေ အကူအညီရမည်။
ယတြာ - တနင်္လာနေ့နံနက်တွင် အိမ်ရှိဘုရားကို အုန်းဆွမ်းနှင့်အကြော် ၉ ခု ကပ်လှူပါ။ လိုရာဆုတောင်းပါ။

#အင်္ဂါ
ဤတစ်ပတ်အတွင်း ရင်ခုန်စိတ်လှုပ်ရှားစရာအကြိမ် နှစ်ကြိမ်ပေါ်ပေါက်မည်။ ရည်ရွယ်ချက်တစ်ခု အောင်မြင်မှု လမ်းစပေါ် ရောက်လိမ့်မည်။ အတိုက်အခံတစ်ခု ဖြေရှင်းစရာပေါ်မည်။ သင့်တွင် မနာလိုသူရှိနေသည်။ ရည်ရွယ်ချက် မပြတ်သင့်ပါ။ အချစ်ရေးနှင့်ပတ်သတ်၍ အဆင်ပြေမှုများရလာမည်။ အချစ်ဟောင်းကလည်း သင့်ထံပြန်လာမည်။ မရည်ရွယ်သောခရီးများထွက်ဖြစ်မည်။ လုပ်ငန်းပြောင်းလဲမှုဖြစ်မည်။ လုပ်ငန်းတိုးတက်မှုရှိသည်။ အကြီးအကဲ၏ အထင်အမြင်မှားခြင်းခံရမည်။ ရုတ်တရတ် အိမ်ထောင်ကျကိန်းရှိသည် စက်ပစ္စည်းများ အ၀ယ်မှားတတ်သည်။ ပစ္စည်းပျောက်ကိန်းရှိ၍ ဂရုစိုက်ပါ။ ကျန်းမာရေးကတော့ ပြန်ကောင်းလာပြီ။ ပညာရေးကိစ္စ ၊စာမေးပွဲကိစ္စ၊ သင်တန်းကိစ္စတွေ အထူးကောင်းမွန်နေပါလိမ့်မယ်။
အကျိုးပေးဂဏန်း ၁၊ ၆၊ ၅
အထူးဟော - အကွေ့အကောက်များသည်။ ဂရုစိုက်ပါ။
ယတြာ - ဘုရားရှင်အား တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ရေအေးသက်စေ့ ရေသပ္ပာယ်ပါ။

#ဗုဒ္ဓဟူး
စိတ်အလို မလိုက်သင့်ပါ။ အတိုက်အခံတစ်ခု ကျော်လွှားရလိမ့်မည်။ စီးပွားရေး ၀င်ငွေ ပြန်ကောင်းလာမည်။ အလုပ်အကိုင်လည်းဖြစ်လာမည်။ ခရီးယာယီများသွားဖြစ်မည်။ လက်ရှိလုပ်ငန်း တိုးတက်မှုရှိသည်။ ကိုယ်ပိုင်လုပ်ငန်း၊ ရှယ်ယာလုပ်ငန်းများ အကျိုးပေးသည်။ ၀မ်းဥပါဒ်ပေးတတ်၍ ၀မ်းနှုးစာများ မစားသင့်ပါ။ အချစ်ရေးမှာ လှည့်စားမှုခံ၇မည်။ ရင်ဆိုင်ဖြေရှင်းရမည့်ကိစ္စ နောက်မတွန့်သင့်ပါ။ အောင်မြင်လိမ့်မည်။ အချစ်ရေးမှာ ရှုပ်မည်။ အိမ်ထောင်ရေးမှာ ကွဲမလိုစကားများတတ်သည်။ လုပ်ငန်းတစ်ခု ပြင်ဆင်ပြီးမှ ရပ်တန့်တတ်သည်။အိုးအိမ် ၊နေရာထိုင်ခင်း ၊အထက်လူကြီးကြောင့် စိတ်ဆင်းရဲရလိမ့်မည်။
ပညာရေးက ကြိုးစားနိုင်မှတော်ကာကျမည်။
အကျိုးပေးဂဏန်း ၅၊ ၀၊ ၇
အထူးဟော - ဆန္ဒမစောသင့်ပါ။
ယတြာ - ကိတ်မုန့် ၂ချပ် ဘုရားကပ်လှူပါ။

#ကြာသပတေး
စိတ်တွေလေမည်။ လုပ်ကိုင်သွားလာမှုများ၊ စမ်းတ၀ါးဝါး ဇဝေဇ၀ါများ၊ မရေရာသောလမ်း လျှောက်နေသလို ဖြစ်နေတတ်သည်။ စိတ်မောလူမောဖြစ်တတ်သည်။ သို့သော် သင်ထင်သလို စိုးရိမ်စရာမရှိပါ။ အောင်မြင်မှုများရ၍ ၀မ်းသာပီတိဖြစ်လိမ့်မည်။ ချစ်သူုနှင့်အဆင်မပြေ၍ စကားများ ရန်ဖြစ်တတ်သည်။ ကိုယ်ရေးကိုယ်တာနှင့် သူများအရေး သူများအရာတို့ ရှုပ်တတ်သည်။ အခက်အခဲများကျော်လွှား၍ အောင်မြင်လိမ့်မည်။ ရစရာငွေများ ၀င်လာမည်။ စက်ပစ္စည်း၊ ရွှေပစ္စည်း မြေကွက်များ အရောင်းအ၀ယ်ဖြစ်မည်။ ငွေဝင်ကြမ်းမည်။ ငွေထွက်ကြမ်းမည်။ လုပ်ငန်းနေရာပြောင်းရွှေ့ရမည်။ ခြေဖျား၊ လက်ဖျားတို့ ခိုက်မိကိန်းရှိသည်။ သူများအရှုပ် ကိုယ့်အရှုပ်ဖြစ်ကိန်းရှိ၍ ဂရုစိုက်ပါ။ ခရီးယာယီများသွားကိန်းရှိသည်။ လမ်းခရီး အန္တရာယ်မရှိပါ။ အချစ်ရေးကံအထူးကောင်းနေပေမဲ့ ပညာရေးကတော့ ရင်လောက်မှန်းမှ ဒူးလောက်တင်လိမ့်မည်။
အကျိုးပေးဂဏန်း ၂၊ ၄၊ ၆
အထူးဟော - လူယုံမထားသင့်ပါ။
ယတြာ - ကြာသပတေးနေ့ နံနက်အချိန်တွင် သံဃာငါးပါးကို ဆွမ်းကပ်ပါ။

#သောကြာ
ရည်ရွယ်ချက်များအောင်မြင်လိမ့်မည်။ တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ အချစ်ရေး၊ အိမ်ထောင်ရေး စီးပွားရေး အလုပ်အကိုင်များ အဆင်ပြေသောကာလဖြစ်သည်။ ရုတ်တရတ်ခိုက်မိကိန်းရှိ၍ ဆိုင်ကယ်၊ ကားများ အရမ်း မမောင်း သင့်ပါ။ သူများအရှုပ် ကိုယ့်အရှုပ်ဖြစ်ကိန်းရှိ၍ သူများကြားတွင်ဝင်မပါသင့်ပါ။ စီးပွားရေးတွင် ပြိုင်ဘက်ပေါ်မည်။ ပစ္စည်းပျောက်ခြင်းနှင့်ငွေလိမ်ခံရခြင်းများရှိမည်။ ရစရာငွေများ နှောင့်နှေးမှုရှိမည်။ အချစ်ရေးမှာ မင်္ဂလာမြင်သည်။ အိမ်ထောင်ရှိသူတို့ ဖောက်ပြန်မှုများဖြစ်လိမ့်မည်။ စပ်တူရှယ်ယာသမားတို့ သစ္စာဖောက်တတ်သည်။ ယာဉ်၊ စက်တို့ အပြောင်းအလဲ အ၀င်အထွက်ဖြစ်မည်။ မြေယာတို့ အရောင်းအ၀ယ်ဖြစ်မည်။ သင်၏ အိမ်ဆောက်ခြင်း၊ ပြောင်းခြင်း၊ ပြင်ခြင်း မကြာမီဖြစ်လိမ့်မည်။ ပညာရေးအထူးကောင်းသည်။ ကျက်ထားတာများ တိုးလိမ့်မည်။
အကျိုးပေးဂဏန်း ၆၊ ၁၊ ၈
အထူးဟော - စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
ယတြာ - သောကြာနေ့ နံနက်ပိုင်းတွင် လမ်းပေါ်ကြွလာသော သံဃာတစ်ပါးအား ထီးကပ်လှူပြီး ဆုတောင်းပါ။

#စနေ
အကြောင်းအရာနှစ်မျိုးမှ တစ်မျိုးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီး အခြားတစ်မျိုးကို စွန့်လွှတ်ရမည့်ကိန်းမျိုး ပေါ်ပေါက်လိမ့်မည်။ စွန့်စွန့်စားစား ခရီးများသွားရမည်၊ အလုပ်များလုပ်ဖြစ်မည်။ လူအများ၏ လေးစားခင်မင်မှုရမည်။ ဖုံးကွယ်ထားသောအချစ်ရေးများ ပေါ်လွင်လာမည်။ လူလိမ်၊ ငွေလိမ်၊ ပစ္စည်းလိမ်ခံရမည်။ အရင်းနှီးဆုံး သူငယ်ချင်းနှင့်စိတ်ဝမ်းကွဲမည်။ ကိုယ်ပိုင်လုပ်ငန်း၊ ရှယ်ယာသမားတို့ အချင်းချင်းစိတ်ဝမ်းကွဲမည်။ ငွေကြေးစကား ရှုပ်မည်။ တစ်ယောက်ကို တစ်ယောက်ဆရာပြန်လုပ်၍ အငြင်းပွားရန်ဖြစ်ကိန်းရှိသည်။ မရောက်ဖူးသောခရိးများ ရောက်မည်။ လုပ်ငန်းတိုးတက်ပြောင်းလဲမှုရှိသည်။ ကျန်းမာရေးကောင်းသည်။ ရောဂါဆိုးများမရှိပါ။ ဆွေမျိုးအတွက်စိတ်ရှုပ်ရကိန်းရှိ၍ ဂရုစိုက်ပါ။ ပညာရေးက စာမေးပွဲခန်းရောက်မှစာတွေမေ့နေတတ်သည်။
အကျိုးပေးဂဏန်း ၃၊ ၆၊ ၉
အထူးဟော - အချစ်ရန်ငြိုးရှိသည်။ သတိထားပါ။
ယတြာ - မြေပဲကြော်ပြီး ဘုရားကပ်လှူပါ။


ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...