Ads (728x90)


#တနင်္ဂနွေ
ရန်များတဲ့ကာလ ဆိုပေမဲ့ ကံမြင့်မားနေတဲ့အချိန်
ဖြစ်တဲ့အတွက် အတိုက်အခိုက်တွေကျော်လွှားအောင်မြင်ပါလိမ့်မယ်။ လုပ်ငန်းစီးပွား တိုးတတ်ပါလိမ့်မယ်မယ်။ ငယ်ရွယ်သူများ ချစ်မှုရေးရာကိစ္စများတွင် စိတ်ချမ်းမြေ့ရမည်။ လုပ်ငန်းခွင်မှ အထက်လူကြီးအမျိုးသမီးတစ်ဦး၏အကူအညီရတတ်သည်။ အလုပ်ရှာနေသူများ ထစ်ငေါ့ပြီးမှအဆင်ပြေမည်။ လုပ်ငန်းသစ်စတင်ဖို့ ဆိုင်သစ်ဖွင့်ဖို့အကောင်းဆုံးအခြေအနေပါ။ အိုးအိမ်နေရာထိုင်ခင်းကိစ္စများ အဆင်ပြေမည်။ ရာထူးတိုးတာမျိုး၊နေရာကောင်းရတာမျိုးကြုံရပါလိမ့်မယ်။ အိမ်ပြင်ခြင်း အိမ်ဆောက်ခြင်းအထူးကောင်းတဲ့ကာလပါ။ ပညာရေးလဲ မိမိမျှော်လင့်ထားတာထက်ပိုပြီး ရလဒ်ကောင်းပါလိမ့်မယ်။
အကျိုးပေးဂဏန်း .၆၊၅၊၁
အထူးဟော . ရန်များနေသည်။
ယတြာ တနင်္ဂနွေထောင့်တွင် ထီးနီတစ်လက်လှူပါ။


#တနင်္လာ
စက်ပစ္စည်းဝယ်မယ်ဆို ဒီကာလအတွင်းနားလည်တတ်ကျွမ်းသူတွေကို ဦးဆောင်ပြီးဝယ်ခိုင်းပါ။
စက်ပစ္စည်းကြောင့်စိတ်ညစ်ရမဲ့အချိန်ပါ။
ကြားစကားတွေကြောင့် ချစ်သူချင်းစကားများ
ရလိမ့်မည်။ အိမ်ထောင်သည်များ အိမ်ထောင်ရေးသောကကြီးကျယ်စွာကြုံရလိမ့်မည်။ ငယ်ရွယ်သူများ
အိမ်က ထွက်သွားချင်စိတ်ပေါ်လာလိမ့်မယ်။
ခရီးတို၊ခရီးရှည်သွားရဖို့ ကြုံပါက ဒီတစ်ပတ်အတွင်းမသွားပါနှင့်။ မိခင်ကျန်းမာရေး ညံ့တတ်တဲ့အတွက်ဂရုစိုက်ပါ။ ငွေမချေးပါနှင့် ။ အာမခံတာမျိုးမလုပ်ပါနှင့်။
ရစရာရှိတာတွေမရနိုင်သေးသလို ပေးစရာရှိတာတွေမပေးနိုင်သေးတဲ့ကာလပါ။ ချောက်ချမဲ့သူ၊ကုန်းတိုက်မဲ့သူ အနားမှာဝန်းရံနေတတ်တဲ့ အတွက်သတိနဲ့နေပါ။ှ ပညာရေးမှာ ရင်လောက်မှန်းမှ ဒူးလောက်တင်မဲ့အခြေအနေပါပဲ။
အကျိုးပေးဂဏန်း .၀၊၇၊၈
အထူးဟော .ကံနိမ့်နေပါသည်။
ယတြာ . ငွေ ၂၀၀ကျပ်ကို ပံ့သကူပစ်ပါ။


#အင်္ဂါ
အခြေချဖို့၊အလုပ်သစ်စဖို့၊ဘဝအတွက် အရေးကြီတဲ့ ဆုံးဖြတ်ချက်တွေချဖို့မသင့်သေးတဲ့ကာလပါပဲ။
ဘာပဲလုပ်လုပ်အထစ်အငေါ့လေးကြုံပြီးမှ အဆင်ပြေလိမ့်မယ်။ ကံအကောင်းအဆိုးမျှနေတဲ့ကာလပါ။ မိမိလုပ်လိုက်တဲ့ကိစ္စတစ်ခုက မိခင်နဲ့မကြိုက်တဲ့ကိစ္စဖြစ်နေတတ်ပါတယ်။ကိုယ်လက်မအီမသာဖြစ်တာ အိမ်ရေးမဝတာမျိုးခံစားရလိမ့်မယ်။ ကျန်းမာရေး ဂရုစိုက်ပါ။အချစ်ရေးမှာ ဝေးနေတဲ့ ချစ်သူတွေအဆင်ပြေနေပေမဲ့ အနေနီးကြတဲ့ချစ်သူချင်းကတော့ နားလည်မှုလွဲနေတတ်သည်။မိသားစုအတွင်းကျန်းမာရေးညံသူများကြောင့် ဗျာများရတတ်သည်။ ကိစ္စကြီးငယ်ရှိက ခေါင်းအေးအေးထားပြီး ဆောင်ရွက်ပါ။
ပညာရေးမှာ မိမိကိုယ်တိုင် self-study လုပ်တာမျိုးကပိုပြီး တတ်မြောက်လွယ်မှာပါ။
အကျိုးပေးဂဏန်း .၂၊၄၊၅
အထူးဟော .ဝေခွဲရခက်နေသလို ခံစားနေရတတ်သည်။
ယတြာ အိမ်ကဘုရား၌ ကရေကရာမုန့် ကပ်လှူပါ။


#ဗုဒ္ဓဟူး
ပူပင်သောကတွေ အေးချမ်းသွားလိမ့်မည်။ စပ်တူကိစ္စ၊ရှယ်ယာကိစ္စများအဆင်ပြေလိမ့်မည်။ အလုပ်စီးပွားတိုးတတ်မည်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဝိုင်ဝန်းထောက်ခံမှုကြောင့် ရာထူးတိုးခြင်း၊နေရာကောင်းရခြင်း၊အခွင့်အလမ်းကောင်းတွေရခြင်းကြုံလိမ့်မည်။
မိမိကိုရန်လိုနေသူများပင် ချစ်ခင်လာတတ်သည်။
မိသားစုအတွင်းစိတ်ချမ်းမြေ့စရာ ကိစ္စတွေကြုံမည်။
စိတ်ကောက်နေတဲ့ ချစ်သူကိုပြန်ချော့ဖို့အကောင်းဆုံးအချိန်ပါပဲ။ အဝေးကနေ သတင်းကောင်းကြားရလိမ့်မယ်။ လူမျိုးခြား ၊တစိမ်းတရံတွေဆီကအကူအညီတွေ ရပါလိမ့်မည်။ အလုပ်ကံမြင့်နေသလိုငွေကံလဲမြင့်နေပါလိမ့်မည်။ ပညာရေးမှာ အိမ်နဲ့ဝေးလေ ပညာရေးကံမြင့်လေအချိန်ပါပဲ။
အကျိုးပေးဂဏန်း. ၁၊၄၊၇
အထူးဟော .စီးပွားရေးတိုးချဲ့သင့်တဲ့အချိန်ပါပဲ
ယတြာ .မွေးနံထောင့်မှာ ရေသပ္ပာယ်ပါ။


#ကြာသပတေး
အရာရာ စဉ်းစားပြီးလုပ်ရမဲ့ကာလပါ။ချက်ချင်းဆုံးဖြတ်၊ ချက်ခြင်းထလုပ်ခြင်းဖြင့် အမှားများတတ်ပါတယ်။ စကားအပြောအဆိုအမှားတွေကြောင့် ရင်းနှီသူတွေနဲ့ စိတ်ဝမ်းကွဲရတတ်ပါတယ်။ စကားနည်းတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ အိမ်တွင်းရေး ၊မိသားစုအရေးအတွက်တော့ စိတ်ချမ်းမြေ့ရပါလိမ့်မယ်။လူငယ်များ အလွန်စန်းပွင့်နေလိမ့်မည်။ ငွေကြေးအရှုပ်အထွေးတွေကြားထဲ ဝင်မပါပါနဲ့။ အချစ်ရေးကတော့ အဆက်အသွယ်ဖြတ်ထားတဲ့ချစ်သူတောင် ပြန်ပြီး ဆက်သွယ်မဲ့ကာလပါ။ လိင်မတူသူတွေဆီက အကူအညီတွေရပါလိမ့်မယ်။ သူများလာအပ်တဲ့ငွေတွေ လက်ခံမိပါက လက်ထဲငွေလုံးဝမရှိတော့သည်အထိ လာဘ်ပိတ်သွားလိမ့်မယ်။ ပညာရေးကံအလွန်မြင့်မားနေပါလိမ့်မည်။
အကျိုးပေးဂဏန်း . ၁၊ဝ၊၇
အထူးဟော ခေါင်းအေးအေးထားလုပ်လေအဆင်ပြေလေပါပဲ
ယတြာ .ပေါင်မုန့်တစ်လုံးဝယ်ပြီးလမ်းဘေးခွေးတွေချကျွေးလိုက်ပါ။


#သောကြာ
ခရီးသွားစရာကိစ္စများပေါ်လာလိမ့်မည်။ ခရီးသွားရင် ကျန်းမာရေးအားနည်းသွားတတ်တဲ့အတွက် သောက်နေကျ ဆေးတွေဆောင်ထားပါ။ စိတ်ပင်ပန်း လူပင်ပန်းဖြစ်ရလိမ့်မယ်။ ဘာလုပ်လုပ် သဲထဲရေသွန်သလိုဖြစ်လိမ့်မယ်။ အချစ်ရေးကံလဲအားနည်းမှုတွေ ရှိနေတဲ့ကာလအပိုင်းအခြားပါ။ ဈေးရောင်းဈေးဝယ်သမားများ အရောင်းအဝယ်ပါးလိမ့်မည်။ ဝန်ထမ်းများအလုပ်ထဲမှာ မပျော်ပိုက်တာမျိုးဖြစ်လိမ့်မည်။ သွေးအားနည်းတာမျိုး ၊အရေပြား အဖုအပိန့်ထွက်တာမျိုးဖြစ်လွယ်တဲ့ကာလပါ။ အမျိုးသမီးများ ဓမ္မတာမမှန်တာမျိုး ကြုံရတတ်သည်။ မိမိအပေါ် အခြားသူတွေက မယုံကြည်မှုတွေ အမြင်မကြည်မှုတွေများနေပါလိမ့်မယ်။ အလုပ်တွေများပြီး တာဝန်တွေပိနေပေမဲ့ လုပ်သလောက်အကျိုးအမြတ်မခံစားရတာမျိုးကြုံရတတ်တယ်။ ပညာရေးကံတော့ သင်ယူတာထက် သင်ကြားတဲ့အပိုင်းမှာပိုပြီး အားကောင်းနေပါတယ်။
အကျိုးပေးဂဏန်း .၃၊၆၊၉
အထူးဟော .စိတ်ပန်း လူပန်းဖြစ်ရလိမ့်မည်။
ယတြာ .သောကြာထောင့်သစ္စာပန်းလှူပါ။


#စနေ
အဘက်ဘက်က ကံမြင့်နေတဲ့အချိန်ပါပဲ။ ငွေကံလဲ
မြင့်မားနေချိန်ပါ။ အထက်လူကြီး၊ မိဘတွေနဲ့ ပြောစရာကိစ္စများ တိုင်ပင်စရာကိစ္စများရှိပါက ဒီကာလအတွင်း အကောင်အထည်ဖော်လိုက်ပါ။
ဆုံးဖြတ်ချက်ချစရာများ၊အနာဂတ်အတွက်ရှေးတိုးဆောင်ရွက်ရမဲ့ကိစ္စများအတွက် စတင်အကောင်အထည်ဖော်သင့်တဲ့အချိန်ပါပဲ။ ရည်မှန်းချက်များ ပြည့်ဝ
လိမ့်မည်။ စိတ်ကူးပုံဖော်ထားတဲ့အတိုင်း
ဖြစ်လာလိမ့်မည်။သမ္မာအာဇီဝ ကျမည်ဆိုပါက ဘာပဲလုပ်လုပ်အောင်မြင်မဲ့အချိန်ပါ။ စိတ်ချမ်းမြေ့စရာများ
ပျော်ရွှင်စရာများ ဆက်တိုက်ကြုံရမည်။
ကျန်းမာရေးလဲကောင်းနေမှာပါ။ လူမျိုးခြား ၊ဘာသာခြားတွေရဲ့အကူအညီရပါလိမ့်မယ်။ ဘာသာတရားများများလုပ်ခြင်းဖြင့်ကံပိုကောင်းလာနိုင်ကြောင်းပါဗျ
အကျိုးပေးဂဏန်း . ဝ၊၆၊၇
အထူးဟော .ကံမြင့်နေပါသည်။
ယတြာ . နှင်းဆီ ၇ ပွင့် ဘုရားလှူ ပါ


ဆရာငြိမ်းအေးလူ - ဗေဒင်သုတေသီ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...