Ads (728x90)


#တနင်္ဂနွေ
ရပ်ဝေးမှ အလုပ်အကိုင်အခွင့်အလမ်းတွေ အကူအညီအထောက်အပံ့တွေရလာပါလိမ့်မယ်။
ခရီးထွက်ခြင်းဖြင့် သင့်ဆီကိုကံကောင်းခြင်းတွေဆိုက်ရောက်လာပါလိမ့်မယ်။ သတိထားရမှာကတော့
လူမျိုးခွဲဘာသာခြားကိုမယုံသင့်တဲ့အချိန်ပါ။ စနေသားတစ်ဦး၏လိမ်လည်ခြင်းကိုခံရနိုင်ဖွယ်ရှိပါတယ်။
အလုပ်ရှာနေသူများအလုပ်သစ်ရလာပါလိမ့်မယ်။ ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ မိတ်ဆွေအချင်းချင်း
အချင်းများရတတ်ပါတယ်။ လုပ်ငန်းကြီးကြီးမားမားစတင်အကောင်အထည်ဖော်လို့မသင့်သေးပါဘူး။ အချစ်ရေးကံကြမ္မာက ကောင်းလာနိုင်တဲ့အခြေအနေတွေ့ရပါတယ်။ ပညာရေးကံအထူးကောင်းနေချိန်ပါ။
ဆရာကောင်းနဲ့တွေ့မည်။
အကျိုးပေးဂဏန်း- ၁၊၅၊၆
အထူးဟော -စိတ်သစ် လူသစ်ဖြစ်နေမည်။
ယတြာ -လူကြီးမိဘဆရာသမားတွေကို ပရုတ်ဆီလှူဒါန်းပေးပါ။
#တနင်္လာ
အရင်အပတ်ကအညံ့အဆိုးတွေ ပင်ပန်းရမှုတွေ
ဒီကာလမှာစတင်လျော့ပါးသက်သာသွားပါလိမ့်မယ်။
ဒါပေမဲ့ ငွေကြေးကံကတော့အလွန်အားနည်းနေသေးတယ်။ အလုပ်အကိုင်ကောင်းပေမဲ့ အကြွေးနဲ့ဆိုတာမျိုးကြုံရပါလိမ့်မယ်။ ငွေကြေးချေးငှားခြင်း လုံးဝမလုပ်ပါနဲ့။ မိသားစုဆွေမျိုးထဲက ဒုက္ခပေးလာတတ်ပါတယ်။ ဒီကာလအတွင်းစတင်အကောင်အထည်ဖော်တဲ့ကိစ္စတွေက ရေရှည်ကောင်းလာဖို့ရှိနေပါတယ်။ အလုပ်ကြောင့် ခရီးဝေးသွားရကိန်းရှိနေပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်သူတွေအတွက်အထူးစီးပွားဖြစ်ပါလိမ့်မယ်။ ကျန်းမာရေးအထူးကောင်းမည်
အချစ်ရေးကံအရမ်းညံ့နေတတ်ပါတယ်။ ပညာရေးကိစ္စ စာမေးပွဲကိစ္စစိတ်ညစ်ရမည်။
အကျိုးပေးဂဏန်း -၂/၃/၆
အထူးဟော ငွေကံညံ့မည်
ယတြာ ပေါင်မုန့်ကို သစ်သီးယိုတစ်ခုသုတ်လိမ်းပြီးဘုရားကပ်ပါ။
#အင်္ဂါ
စုတ်ကိစ္စ အချစ်ရေးကိစ္စများတွင်မလည်ရှုပ်ဖြစ်မည်။ လူပျို အပျိုဆိုအိမ်ထောင်ရှင်များရဲ့ မြူ ဆွယ်လှည့်စားခြင်းခံရတတ်ပါတယ်။ဒီကာလဟာ အလုပ်ကိစ္စတွေကြောင့် မိသားစုကိစ္စ လူမှုရေးကိစ္စတွေမှာပျက်ကွက်ရပါလိမ့်မယ်။ လူငယ်တွေဆို အိမ်မကပ်ဘဲအပေါင်းအသင်းနဲ့ သွားနေချင်တဲ့ကာလပါပဲ။စိတ်ချမ်းသာမှု
စိတ်လွတ်လပ်မှုတွေအပြည့်အဝမခံစားရတဲ့အချိန်ပါပဲ။ စီးပွားရေးကံကကောင်းနေတတ်ပါတယ်။ အပေါင်းအသင်းမိတ်ဆွေတွေရဲ့အကူအညီတွေ အကြံဉာဏ်တွေရပါလိမ့်မယ်။ မိမိဆိုင်လဲ မိတ်များပြီးလူစည်မဲ့အချိန်ပါပဲ။ စိတ်ကူးသဘောထားတွေက ဒေါသဘက်ကို ဦးတည်စဉ်းစားနေမိတတ်တယ်။ ပညာရေးကံအားကောင်းစွာရပ်တည်နေတဲ့ကာလပါ။
အကျိုးပေးဂဏန်း ၃/၆/၉
အထူးဟော- အိပ်ရေးပျက်မခံပါနဲ့
ယတြာ- ဘုရားရှင်ကိုရွှေသင်္ကန်းကပ်လှူပါ
#ဗုဒ္ဓဟူး
အခြားကိစ္စတွေထက် ကျန်းမာရေးကိုအထူးဂရုစိုက်ပါ။ အနေအထိုင်အစားအသောက်မဆင်ခြင်ပါက
အိပ်ရာထဲလဲသည်အထိ ဖြစ်တတ်ပါတယ်။
တတ်တယ်။ ခရီးကိစ္စ ရပ်ဝေးနဲ့ဆက်သွယ်သောကိစ္စတွေအောင်မြင်မယ်။ အိုးအိမ်နေရာထိုင်ခင်း ပြောင်းရလိမ့်မည်။ စိတ်ပင်ပန်းရုံတင်မက လူလဲအလုပ်များ ပင်ပန်းနေရတတ်ပါတယ်။ ရွှေထွက်ကိန်းရှိနေပါတယ်။အောက်လက်ငယ်သားတွေကြောင့် စိတ်ညစ်ရလိမ့်မည်။ လူယုံနှင့်စိတ်မချထားပါနှင့် ။ မိသားစုအပူသောကတွေကလဲ မိမိခေါင်းပေါ်ရောက်လာတတ်ပါတယ်။ ပညာရေးကံကောင်းနေပေမဲ့ ကျန်းမာရေးအားနည်းသည်အထိစာမလုပ်ပါနှင့်။ အချစ်ရေးကိစ္စတွေမှာ နားလည်မှုတွေတည်ဆောက်ရခက်ခဲပါလိမ့်မယ်။
အကျိုးပေးဂဏန်း ၁/၂/၅
အထူးဟော ကျန်းမာရေးဂရုစိုက်ပါ
ယတြာ လျှပ်စစ်ပစ္စည်းအဟောင်းအပျက်များ
စွန့်ပစ်လိုက်ပါ။
#ကြာသပတေး
ထူးခြားစွာကံမြင့်မားနေချိန်ပါ။ ဘာသာရေးမမေ့သူတွေအထူးကံမြင့်နေပါလိမ့်မည်။ စိတ်ထဲမျှော်လင့်မထားသော အံ့သြဖွယ်ရာကိစ္စများဖြစ်ပေါ်မည်။ ရည်ရွယ်ချက်ရည်မှန်းချက်ပြည့်မှီလိမ့်မည်။ ပညာရေးကံမြင့်မားနေသလို ပညာရပ်အသစ်အသစ်တွေဆက်လက်ဆည်းပူးခွင့်ရမဲ့အချိန်ပါ။ စီးပွားရေးကံကောင်းနေမဲ့အချိန်ပါ။ အလုပ်ထဲမှာအထက်လူကြီးရဲ့ကြည့်ရှု
စောင့်ရှောက်ခြင်းခံရမည်။ သတိထားရမဲ့ကိစ္စကတော့ ရပ်ဝေးကနေပက်သက်လာမဲ့သူတွေရှိရင် ထိုသူတွေကို စိတ်ချလက်ချမယုံသင့်ပါဘူး။ ဘာသာရေးနဲ့ဆိုင်သော ပစ္စည်းများ လက်ဆောင်ရလိမ့်မည်။ အချစ်ရေးကံမြင့်နေပေမဲ့ ချစ်သူနဲ့ဆုံတွေဖို့ မလွယ်သေးတဲ့ကာလပါ။
အကျိုးပေးဂဏန်း ၅/၉/၃
အထူးဟော ကံမြင့်နေမည်။
ယတြာ ဖက်တစ်ခုထဲ ပေါက်ပေါက်ဆုပ်လေးတွေထည့်ုပြီးဘုရားကပ်လှူပါ။
#သောကြာ
မိတ်ဆွေသစ် သူငယ်ချင်းသစ်တွေတိုးမဲ့ကာလပါ။ စပ်တူလုပ်ငန်း ရှယ်ယာလုပ်ငန်းတွေကောင်းနေမည်။ အထူးသဖြင့်ငွေကံမြင့်မားနေပါလိမ့်မယ်။ ငွေကြေး အစုလိုက်ဝင်တတ်သည်။ ဆုံးပြီဟုထင်ရသောငွေများပြန်ရမည်။ အချစ်ရေးစန်းပွင့်နေလိမ့်မယ်။ လူချစ်လူခင်များနေမည်။ ချစ်သူထက် online ကနေ အီစီကလီလုပ်နေသူကို စိတ်ပါနေလိမ့်မည်။ အိုးအိမ်နေရာထိုင်ခင်း၊ဆိုင်၊ အလုပ်သစ် စတင်ဆောက်လုပ်ခြင်း ဖွင့်လှစ်ခြင်းများ အထူးကောင်းနေချိန်ပါပဲ။သတိထားရမဲ့ကိစ္စတွေကတော့ အိမ်ထောင်သည်များ စန်းပွင့်နေတဲ့အတွက်မရှုပ်မိပါစေနဲ့။ ကံညံ့သွားတတ်လို့ပါ။ ပညာရေးကမိမိကို ကောင်းစွာအကျိုးပြု
နေပါလိမ့်မယ်။
အကျိုးပေးဂဏန်း ၈/၆/ဝ
အထူးဟော သီလရှိအောင်နေပါ
ယတြာ လမ်းဘေးခွေးလေခွေးလွင့်များကိုအစာ
ကျွေးပါ။
#စနေ
စိတ်ထဲရှိသမျှ ထလုပ်ပါက အမှားတွေ့ပါလိမ့်မယ်။ တတ်နိုင်သမျှ ငြိမ်နေတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ရှေ့တိုးဆောင်ရွက်စရာကိစ္စများ အလုပ်သစ်စီးပွားသစ်ကိစ္စများ ကုန်ပစ္စည်းသိုလှောင်ခြင်းကိစ္စများ ခဏဆိုင်းငံ့ထားသင့်ပါတယ်။ မိမိမဟုတ်တာလုပ်မိပါက မိမိကိုထပ်လိမ်မဲ့သူနဲ့တွေပါလိမ့်မယ်။ အိမ်ထောင်ဘက်နဲ့ စကားများ ကတောက်ကဆဖြစ်ရပါ
လိမ့်မယ်။ မိသားစုအပူတွေ့တတ်ပါတယ်။ တရားပွဲ
ဘာသာရေးပွဲများတွင်အလှူငွေထည့်ဝင်ခြင်းက မိမိအတွက်ကံအဆိုးတွေလျော့ပါးသက်သာစေမှာပါ။ကံကောင်းနေတာက ပညာရေးပါ။ ဆရာနည်းနည်းရှင်းပြရုံနဲ့ မိမိကနားလည်လွယ်နေမဲ့ကာလပါ။ ထို့အတူအချစ်ရေးကံကလဲ မြင့်မားနေမဲ့ကာလပါပဲ။
အကျိုးပေးဂဏန်း ၅/၁/၆
အထူးဟော ကံညံ့နေပါတယ်။
ယတြာ ဖိနပ်အဟောင်းအပျက်/ ထီးအဟောင်းအပျက်ရှိရင်စွန့်ပစ်လိုက်ပါ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...