Ads (728x90)


ထူးဖောင်ဒေးရှင်းမှ ၀န်ထမ်းများနှင့် Miss Golden Land Myanmar 2016 အလှမယ် များသည် ပုပ္ပါးဒေသသို့ သဘာဝသစ်တော၊ သစ်ပင်များ ပြန်လည် စိုက်ပျိုးရန် သွားရောက်ခဲ့ကြပါသည်။
ထူးဖောင်ဒေးရှင်းမှဝန်ထမ်းများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ Miss Golden Land Myanmar ပြိုင်ပွဲဝင်အလှမယ်များ၊ Popa Mountain Resort မှ ၀န်ထမ်းများနှင့် သစ်တောဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် နံနက် (၈)နာရီတွင် Popa Mountain Resort ဟိုတယ်မှ လမ်းလျှောက်စတင် ထွက်ခွာခဲ့ရာ သစ်ပင်များပြန်လည် စိုက်ပျိုးမည့်နေရာ ပုပ္ပါးတောင်၏ အမြင့်ပေ (၄၀၀၀)ကျော်ခန့်သို့ နံနက် (၁၀)နာရီ(၃၀)မိနစ်ခန့်တွင် ရောက်ရှိခဲ့ကြပါသည်။
ထို့နောက် တောမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားသော နေရာတွင် ထင်းရှုးအပင် (၂၀၀) ကို အားလုံးစုပေါင်း၍ ပျော်ရွှင်စွာ စိုက်ပျိုးခဲ့ကြပါသည်။ Miss Golden Land Myanmar 2016 ပြိုင်ပွဲဝင် အလှမယ်တစ်ဦးမှ ယခုကဲ့သို့ ပြောကြားခဲ့ပါသည်။ “ ဒီထင်းရှုးပင်တွေက မီးလောင်ပြီး ပျက်စီးသွားခဲ့တာပါ၊ ကျွန်မတို့က တတ်နိုင်သလောက် လာပြီး စိုက်ပေးကြ တာပါရှင့်” ဟု ပြောကြားခဲ့သည်။
ထူးဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်များအနက် မြန်မာနိုင်ငံရှိ သဘာဝသစ်တောများ ထိန်းသိမ်းရန်၊ပြန်လည် စိုက်ပျိုးရန်ဟူ၍ ရည်ရွယ်ထားရှိသည့်အတိုင်း ယခုဆောင်ရွက်ချက်မှာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သတိမှု အလေးထားမှု Environmental Awareness ဖြစ်ပေါ်စေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
အဆိုပါ Miss Golden Land Myanmar 2016 အလှမယ်ပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် Diamond Sponsor အဖြစ် Htoo Foundation၊ HTOO Group of Companies၊ Aureum Palace Hotels and Resorts၊ Myanmar Treasure Resorts၊ Malikha Lodge၊ Kandawgyi Hill Resort၊ Nan Myint Tower၊ Shwe San Eain Hotel၊Popa Mountain Resort နှင့် Pathein Hotel တို့မှ အဓိက ကူညီပံ့ပိုးပေးထားခြင်း ဖြစ်ပါသည်။


Htoo Foundation added 23 new photos.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...