Ads (728x90)



တနင်္ဂနွေ
ဒီကာလအတွင်း အိုးအိမ်၊ဌာန၊အလုပ် အပြောင်းအရွေ့တွေ ဖြစ်တတ်ပါတယ်။ အလုပ်ပို ကိစ္စပိုတွေနဲ့ပင်ပန်းရချိန်ပါပဲ။ပရဟိတအလုပ် ၊ရေးဘေး၊လေဘေးကယ်ဆယ်ရေးအလုပ်တွေလဲ လုပ်ဖြစ်မဲ့အချိန်ပါပဲ။အများနဲ့စုပေါင်းလုပ်ရသောအလုပ်၊အတူတကွ တတ်ညီလက်ညီလုပ်ရသော ကိစ္စရပ်တွေမှာ အောင်မြင်မှုရပါလိမ့်မယ်။ အထက်လူကြီးနဲ့စကားများတာ မိဘတွေနဲ့အတိုက်အခံဖြစ်တာမျိုးတွေကြုံနိုင်ပါတယ်။ အချစ်ရေးကံက ကောင်းလိုက်မကောင်းလိုက်ဖြစ်နေတတ်ပါတယ်။ ပညာရေးကတော့ ဝီရယထားကြိုးစားမှအဆင်ပြေပါလိမ့်မယ်။ ဒီကာလအတွင်းမှာတော့ လူရောစိတ်ရော ပင်ပန်းရနိုင်ပါတယ်။ ချင့်ချိန်ပြီး နေထိုင်စားသောက်ပါ။
အကျိုးပေးဂဏန်း -၈၊၅၊၎
အထူးဟော -ကျန်းမာရေး ဂရုစိုက်ပါ။
ယတြာ -ရဟန်းသံဃာတွေကိုအားဆေးလှူလိုက်ပါ။

တနင်္လာ
ဒီကာလအတွင်း အရင်ကအညံ့အဆိုးတွေပြေပျောက်ပြီး ကံကောင်းခြင်းတွေစတင်ဖြစ်ပေါ်နေတဲ့အချိန်ပါ။ လူငယ်တွေအတွက်တော့ ပျော်စရာကောင်းတဲ့အချစ်ခရီးလမ်းပါပဲ။ချစ်ခြင်းတရားတွေ ခိုင်မြဲစေမဲ့အချိန်ပါ။ ပညာရေးကတော့ စိတ်ပါလိုက်မပါလိုက်ဖြစ်နေလိမ့်မယ်။ အဘက်ဘက်က ငွေကြေးလာဘ်လာဘတွေလဲ ဝင်လာပါလိမ့်မယ်။ ငွေကံကောင်းချိန်ပါပဲ ။ စီးပွားရေးတွေ ချဲ့ထွင်နိုင်ပါလိမ့်မယ်။ အထိုင်အလုပ်များ၊ကိုယ်ပိုင်စီးပွားရေးများ အထူးပဲ အကျိုးဖြစ်ထွန်းမဲ့အချိန်ပါပဲ။ အိမ်တွင်းရေး ၊အိမ်ထောင်ရေးပြဿ နာတွေကတော့ အနည်းငယ်ကြုံရနိုင်ဖွယ်ရှိပါတယ်။ ကောင်းသောခရီးတွေလဲသွားရတတ်ပါတယ်။
အကျိုးပေးဂဏန်း -၂၊၆၊၁
အထူးဟော -ကံမြင့်မားနေချိန်ပါ။
ယတြာ -အိမ်ကဘုရားအား ရေသပ္ပာယ်ပါ

အင်္ဂါ
ဒီကာလဟာလုပ်ငန်းစီးပွား အထူးကောင်းမဲ့အချိန်ပါ။ မိတ်ဆွေကောင်းတွေ တိုးပွားနိုင်သလို မိတ်ဆွေသစ်တွေရဲ့အကူအညီလဲ အထူးရပါလိမ့်မယ်။
အကျိုးတူပူပေါင်းဆောင်ရွက်ခြင်းတွေ အထူးအဆင်ပြေမဲ့အချိန်ပါ။ စပ်တူရှယ်ယာ အထူးကောင်းပါတယ်။ ဒီကာလဟာ စန်းပွင့်နေတဲ့အတွက် ချစ်သူအသစ်ဆိုတာမျိုးကြုံရနိုင်ပါတယ်။ ချစ်သူနဲ့ဝေးနေတဲ့သူကတော့အီစီကလီဆိုတာမျိုးတွေ ကြုံရမှာပါ။ ပညရေးဂြိုဟ်လဲအထူးအားကောင်းနေတဲ့အတွက် မိမိကြိုးစားသလောက်ထွန်းပေါက်မဲ့အချိန်ပါ။ ခရီးရှည်ထွက်ဖို့ ၊ခရီးဝေးသွားဖို့ကိစ္စတွေလဲ ကြုံလာရပါလိမ့်မယ်။ ဘာသာရေးကိစ္စ ၊အလှူအတန်းကိစ္စမျိုးတွေလဲလုပ်ရတတ်ပါတယ်။
အကျိုးပေးဂဏန်း-၅၊၃၊၆
အထူးဟော -စန်းပွင့်နေတဲ့အတွက် အိမ်ထောင်သည်များသတိရှိပါ။
ယတြာ -သစ္စာပန်းဘုရားလှူပါ။

ဗုဒ္ဓဟူး
စဉ်းစားချင့်ချိန်ပြီးမှအရာရာကိုလုပ်သင့်တဲ့ အချိန်ပါပဲ။ ဘာကိစ္စကိုမဆိုခေါင်းအေးအေးထားပြီး ဆုံးဖြတ်ချက်ချပါ။ အလုပ်ထဲမှာ အလွန်စိတ်ညစ်ရမဲ့ကိစ္စတွေကြုံလာရတတ်ပါတယ်။ စီးပွားရေးကံမကောင်းသေးပါဘူး။ရွှေငွေ လက်ဝတ်ရတနာတွေ ထွက်တတ်ပါတယ်။ မိသားစုအတွင်း မကြေလည်မှုတွေများနေတတ်တယ်။ အချစ်ရေးကံအားနည်းညံဖျင်းနေချိန်ပါပဲ။ ငွေကညံ့နေတဲ့အတွက် ရစရာရှိတာတွေမရနိုင်သေးသလို ပေးစရာရှိတာတွေလဲမပေးနိုင်သေးတဲ့အချိန်ပါ။ ဒီကာလာဟာ မိမိစိတ်ကူးအတိုင်း ဖြေးဖြေးမှန်မှန်လုပ်ဆောင်သွားမယ်ဆိုရင်တော့ အဆိုးတွေကြုံရဖို့နည်းမှာပါ။ ပညာရှာနေသူများကတော့ လိုက်လေဝေးလေ ဆိုတာမျိုး ဖြစ်နေတတ်ပါတယ်။
အကျိုးပေးဂဏန်း ၂၊၅၊၎
အထူးဟော ကံညံနေသည်။
ယတြာ ကိတ်မုန့်ဝယ်ပြီးခွေးစာကျွေးလိုက်ပါ။

ကြာသပတေး
မိမိရဲ့အတွေးအကြံကသာ ကံကောင်းခြင်းတွေကို
ဖြစ်စေမှာပါ။ သူများပြောတာ ယုံလိုက်မိတယ်ဆိုရင်တော့လမ်းမှားကို ရောက်ရတတ်ပါတယ်။ သူများစကားနားမယောင်မိပါစေနဲ့။ အလုပ်ကိစ္စပဖြစ်ဖြစ် အခြားလူမှုရေး ကျန်းမာရေးပဲ ဖြစ်ဖြစ် မည်သူတစ်ဦးတစ်ယောက်ဆီကမှ အကြံဥာဏ်မယူပါနှင့်။ ဤကာလဟာ ငြိမ်နေတာအကောင်း ထသွားမှကျိုးမှန်းသိတဲ့ ကံမျိုးပါပဲ။ အလုပ်သစ်စဖို့ မစဉ်းစားပါနဲ့။ စီးပွားသစ်စတင်ခြင်း လုပ်ငန်းသစ်ဆိုင်းဘုတ်တင်ခြင်းတွေ မစသင့်သေးပါဘူး။ အချစ်ရေးမှာ အချစ်နယ်ကျွံတာမျိုးဖြစ်တတ်တဲ့ အတွက် မိန်းကလေးများ စိတ်ကွယ်ရာအရပ် ချစ်သူနဲ့မသွားပါနဲ့။ ပညာအသစ် တစ်ခု စတင်သင်ကြားဖို့ အကောင်းဆုံးအချိန်ပါ။
အကျိုးပေးဂဏန်း ၆၊၃၊၂
အထူးဟော ခေါင်းအေးအေးထားပြီးမှလုပ်ပါ။
ယတြာ သစ္စာပန်းနှင့်ငွေပန်း ဘုရားကပ်ပါ။

သောကြာ
စီးပွားရေးအထူးကောင်းမဲ့အချိန်ပါပဲ။ ရည်မှန်းထားတာတွေ မျှော်လင့်ထားတာတွေ ကောင်အထည်ဖော်နိုင်မဲ့အချိန်ပါ။ ဒါကြောင့်ဒီကာလဟာ သမ္မာအာဇီဝ ကျတဲ့ အလုပ်မှန်သမျှ စတင်ပြုလုပ်နိုင်မဲ့အချိန်ပါ။ငွေကြေးကံလဲအထူးကောင်းနေပါတယ်။ လူမှုရေးအသင်းအဖွဲ့မှ ငွေများ ၊ပရဟိတငွေများ မိမိလက်ထဲခဏအပ်ထားခိုင်းရင် လက်မခံပါနဲ့ ။ လာဘ်ပိတ်သွားတတ်လို့ပါ။ မိတ်ဆွေ လူရင်းတွေရဲ့ အကူအညီအထောက်အပံ့တွေလဲ ရလာတတ်ပါတယ်။ အခက်အခဲများကျော်လွှားနိုင်ပြီးစကား အောင်မဲ့အချိန်ပါပဲ။
တစ်ခုသတိထားရမှာက ကျန်းမာရေးပါ။ အစားမှားပြီး ဝမ်းပျက်တတ်ပါတယ်။ အချစ်ရေးကံကတော့ အထူးကောင်းနေချိန်ပါပဲ။
အကျိုးပေးဂဏန်း ၅၊၆၊၈
အထူးဟော လုပ်ငန်းစီးပွားတိုးတတ်မည်။
ယတြာ ငါးမုန့်ကြော်ဘုရားလှူ လိုက်ပါ။

စနေ
မိသားစု ညီအကိုမောင်နှမအချင်းချင်းစကားများတတ်ပါတယ်။ အိမ်ပူသောကြောင့် အိမ်မကပ်ချင်သောစိတ်ဖြစ်ပေါ်နေတတ်တယ်။ အိမ်ထောင်ဘက်နဲ့လဲ သဘောထားကွဲလွဲပြီး ညှိနှိုင်းရခက်မဲ့အချိန်ပါပဲ ။ ဒါကြောင့်ပဲ စိတ်လေနေတတ်တယ်။ စီးပွားရေးကလဲ လုပ်ငန်းသစ် အကြံအစည်သစ်တွေ အကောင်အထည်ဖော်လို့မသင့်သေးတဲ့အချိန်ကာလပါပဲ။ ကိုယ့်ကိစ္စတွေမလုပ်ရဘဲ သူများကိစ္စတွေနဲ့သာ အချိန်ကုန်လူပန်းဖြစ်နေရတတ်ပါတယ်။ ခေါင်းကိုက်ခေါင်းမူးအရမ်းဖြစ်မဲ့အချိန်ပါ။ အချိန်မရတာကြောင့် ချစ်သူကိုလျစ်လျူရှုထားသလိုဖြစ်နေပါလိမ့်မယ်။ ငွေကြေးကံကတော့ မညံ့ပါဘူး။ ပညာရေးကောင်းမည်။
အကျိုးပေးဂဏန်း ၅၊၂၊၈
အထူးဟော ဗျများရမဲ့အချိန်ပါ။
ယတြာ ထီးဖြူ ၇လက် ဘုရားလှူပေးပါ။




ဆရာငြိမ်းအေးလူ - ဗေဒင်သုတေသီ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...