ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ၏ လမ်းညွှန်မှုဖြင့် ထူးကုမ္ပဏီများအုပ်စုမှ ၀န်ထမ်းများ၊ ဟိုတယ် Business Unit မှ ၀န်ထမ်းများနှင့် ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်မှ ၀န်ထမ်းများသည် ထူးဖောင်ဒေးရှင်း၏ ဦးဆောင်မှုဖြင့် ဇူလိုင်လ (၁၁)ရက်နေ့ နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအထိ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်ရှိ မင်္ဂလာခန်းမတွင် ပထမအကြိမ် သွေးလှူဒါန်းပွဲ ကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
အဆိုပါ သွေးလှူဒါန်းပွဲတွင် ထူးကုမ္ပဏီများအုပ်စု ယူနစ်အသီးသီးမှ ၀န်ထမ်း (၁၂ရ)ယောက်တို့က မွန်မြတ်စေတနာဖြင့် သွေးလှူဒါန်းခဲ့ကြပါသည်။
"သင့်သွေးဖြင့်အသက်ကယ်ပါ" ဆိုသည့် စကားအတိုင်း သွေးလိုအပ်လျက် ရှိသည့် နေရာသို့ ယခုကဲ့သို စုပေါင်း လှူဒါန်းနိုင်ခဲ့သည့်အတွက် ထူးဖောင်ဒေးရှင်း အနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ နောင်ကိုလည်း ယခုကဲ့သို့ စုပေါင်း သွေးလှူဒါန်းမှုမျိုးကို ဆက်လက် လုပ်ဆောင်သွားမည့်အကြောင်း ဖော်ပြအပ်ပါသည်။
ထူးဖောင်ဒေးရှင်းအနေဖြင့် “မင်းဘ၀အတွက် လိုအပ်ချက်…… …….မေတ္တာဖြင့်သွေးအသက်ဆက်” ဟူသည့် ဆောင်ပုဒ်ဖြင့် ဆောင် ရွက်ခဲ့သော ပရဟိတသွေးလှူဒါန်းပွဲတွင် ပါဝင်ခဲ့ကြသော ထူးကုမ္ပဏီများအုပ်စုမှ ၀န်ထမ်းများ အားလုံးကို ကျေးဇူးအထူးတင် ရှိကြောင်း လေးစားစွာဖြင့် ဖော်ပြအပ်ပါသည်။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။