Ads (728x90)


(၁) ဘယ်သူနဲ့မှ ရင်းရင်းနှီးနှီးမဆက်ဆံစေချင်သူ

မိန်းကလေးတွေသာမက၊ ယောင်္ကျားလေးတွေမှာပါ မိမိချစ်သူအပေါ်အလွန်အကျွံသ၀န်တိုတာတွေ ရှိတတ်ကြပါတယ်။ သင့်ချစ်သူရည်းစားကို Relationship ရှိနေသောကြောင့် တခြားဘယ်သူနဲ့ ရင်းရင်းနှီးနှီးမဆက်ဆံစေချင်တာဟာ သဘာဝမကျတဲ့ တောင်းဆိုချက်ပဲဖြစ်ပါတယ်။
တခြားလူတစ်ယောက်နဲ့ရင်းရင်းနှီးနှီးဆက်ဆံလို့ သင့်အပေါ်သစ္စာမရှိတော့ဘူးလို့ ယူဆတာဟာပိုမိုမှားယွင်းတဲ့အချက်ပဲဖြစ်ပါတယ်။
လူတစ်ယောက်ဟာ လူမှုရေးအရ၊ အလုပ်သဘောအရ၊ ခင်မင်ရင်းနှီးအရ
တစ်ဦးနဲ့တစ်ဦး ရင်းရင်းနှီးနှီးဆက်ဆံရမယ့်အကြောင်းအရာကို မလွဲမသွေရှိလာမှာပဲဖြစ်ပါတယ်။ အဲ့လိုမလိုလားအပ်တဲ့တောင်းဆိုမှု၊ ဘဘာဝမကျတဲ့သ၀န်တိုမှုတွေဟာ Relatioship တစ်ခုကို ပျက်စီးစေတဲ့အထိ အကျိုးသက်ရောက်စေနိုင်ပါတယ်။
.
(၂) အမြဲတမ်း Romantic ဆန်စေချင်သူ

ငယ်ရွယ်တဲ့စုံတွဲတွေကြားမှာအဖြစ်များတယ်လို့ပြောလို့ရပါတယ်။
ရုပ်ရှင်တွေ၊ ၀တ္တုစာအုပ်တွေရဲ့ရိုက်ခတ်မှုကြောင့်လည်းပါဝင်ပါတယ်။
ဆယ်ကျော်သက်အရွယ်နဲ့ ၂၀ ကျော်ခါစအရွယ် ကောင်မလေးတွေဟာ
အမြဲတမ်း Romantic ဆန်ဆန်အဖြစ်အပျက်လေးတွေကို လိုလားတောင့်တကြပါတယ်။ တခြားစုံတွဲတွေ Romantic ဆန်တာလေးတွေကို မြင်ရင်လည်း အမြဲအားကျတတ်ပါတယ်။ ထိုသို့မပြုလုပ်ပေးသော မိမိချစ်သူကိုလည်း အပြစ်မြင်တာတွေဖြစ်လာတတ်ကြပါတယ်။ မိမိချစ်သူဟာ အမြဲလိုအင်ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ရင်တော့ ပြသာနာမရှိပေမယ့် လက်တွေ့ဘ၀မှာတော့ အမြဲတမ်း Romantic ဆန်နေဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။
အထူးသဖြင့် လုပ်ငန်းခွင်ထဲကလူတစ်ယောက်အတွက်ဆို ပိုမိုခက်ခဲနိုင်ပါတယ်။ ထို့ကြောင့် ဒီတောင်းဆိုချက်ဟာလည်း လက်တွေ့နဲ့ဝေးကွာပြီး တကယ်ချစ်မြတ်နိုးပြီး သက်ဆုံးတိုင်လက်တွဲသွားဖို့ရည်ရွယ်ထားတယ်ဆိုရင် ပိုမိုလက်တွေ့ဆန်တာဟာ လက်တွဲကို ပိုမိုခိုင်မြဲစေမှာဖြစ်ပါတယ်။
.
(၃) မိမိလုပ်သမျှကို အမြဲတမ်းထောက်ခံစေချင်သူ

Relationship တစ်ခုခိုင်မြဲဖို့အဓိကအချက်က တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိရှိနဲ့ ညှိုနှိုင်းရှေ့ဆက်နိုင်ဖို့ပဲဖြစ်ပါတယ်။ မိမိဆုံးဖြတ်ချက်ကိုပဲ လက်ခံစေချင်သူ၊ မိမိရွေးချယ်မှုကိုပဲ ထောက်ခံစေချင်တဲ့ အတ္တတွေဟာ Relationship တစ်ခုမှာ လက်တွေ့မဆန်တဲ့ မျှော်မှန်းချက်၊ တောင်းဆိုချက်တွေပဲဖြစ်ပါတယ်။
အစပိုင်းမှာ အချစ်စိတ်ကြောင့်သည်းခံနိုင်ကောင်းသည်းခံနိုင်ပေမယ့်
ရေရှည်မှာ ပြသာနာတစ်စုံတစ်ရာရှိလာနိုင်ပါတယ်။
.
(၄) မိမိခံစားချက်ကို အမြဲတမ်းနားလည်ရမည်ဟု မျှော်လင့်သူ

လူစိတ်ဟာ အင်မတန်မှန်းဆရခက်ပါတယ်။
မိမိစိတ်ကိုတောင်မိမိ မနိုင်တဲ့အခါတွေရှိတတ်လို့
တခြားလူတစ်ယောက်ဟာ မိမိစိတ်ခံစားချက်ကို ကြိုတင်နားလည်နေရမည်ဆိုသည့်မျှော်မှန်းချက်ဟာ လက်တွေ့မဆန်တဲ့မျှော်မှန်းချက်ပဲဖြစ်ပါတယ်။
ဒါပေမယ့် တစ်ဦးရဲ့လိုအင်ဆန္ဒတွေကို တစ်ဦးကကြိုတင်သိရှိနေတာမျိုးတွေရှိကြပါတယ်။ တကယ်တော့ အဲ့ဒါတွေဟာ သင့်ရဲ့လိုအင်ဆန္ဒကို သူကသိနေခြင်းမဟုတ်ပဲနားလည်မှုရှိနေခြင်းကြောင့် သူရဲ့ဖြည့်ဆည်းပေးမှုတွေပဲ သင့်ရဲ့လိုအင်ဆန္ဒဖြစ်နေတာပါ။

လင်းထက်မော် (Focus Youth)
.
(Focus Youth E-magazine အား See First လုပ်ထားခြင်းဖြင့် လစဉ်အခမဲ့ ထုတ်ဝေသော Magazine များနှင့်တကွ လူငယ်များနှင့်သက်ဆိုင်သော အောင်မြင်ရေး၊ အလှအပရေး၊ ကျန်းမာရေးနှင့် အခြားဗဟုသုတရဖွယ် Posts များအား မလွတ်တမ်း ဖတ်ရှုနိုင်ပါပြီ။)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...