မေတ္တာ၊ စေတနာကို အရင်းတည်ပြီး သွားနှင့်ခံတွင်း ဝေဒနာရှင်များအား မြန်မာပြည်အနှံ့ အခမဲ့လိုက်လံ ဆေးကုပေးလျှက်ရှိသော ထူးဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆေးကောင်စီမှ ဆရာဝန်ကြီးများ ပါဝင်သော နယ်လှည့်ဆေးကုသရေး အဖွဲ့သည် မေလ(၂၁)ရက်နေ့က တောင်ကြီးမြို့နယ်၊ ပန်းကွေးကျေးရွာ နှင့် အနီးပတ်ဝန်းကျင်မှ သွားနှင့်ခံတွင်း ဝေဒနာရှင်များအား ဆေးကုသမှုများ ပြုလုပ်ပေးလျှက် ရှိပါသည်။
ယခုနယ်လှည့်ဆေးကုသရေးအစီအစဉ်ကို ထူးဖောင်ဒေးရှင်း၏ နာယကဦးတေဇ၏ လမ်းညွှန်မှုဖြင့် ဟဲဟိုးတွင် လေယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့သည့် ဦးပြားအတွက် ရည်စူးပြီး ဦးပြား၏ ရွာတွင် ထူးဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံ သွားနှင့် ခံတွင်း ဆေးကောင်စီမှ ဆရာဝန်ကြီးများက မေတ္တာဖြင့် အခမဲ့ ဆေးကုသပေးသည့် အစီအစဉ်ဖြစ်ပါသည်။
ထူးဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံ ဂုဏ်တက်စေမည့် ဧ၀ရတ်တောင်တက် အောင်နိုင်ရေး ခရီးစဉ်အား ငွေအား၊ လူအားဖြင့် ကူညီပံ့ပိုးပေးနေသလို အခြားတစ်ဖက်ကလည်း အမှန်တကယ် လိုအပ်လျှက်ရှိသော ဒေသများတွင် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးများကို အစွမ်းကုန် ဆောင်ရွက်လျက်ရှိပါသည်။

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။