Ads (728x90)


ကွန်ပြူတာအတွင်း Malware များ ၀င်ရောက်ခြင်း ရှိ မရှိ စစ်ဆေးခြင်း (အပိုင်း - ၁)
.
.
Malwares ၏ အရှည်အမည်မှာ Malicious Software ဖြစ်ပါသည်။ ကွန်ပြူတာ စံနစ်များကို ကောင်းစွာ ဒုက္ခပေးနိုင်သော Programs တစ်ခုဖြစ်သည်။ Malwares များသည် အချက်အလက်များကို ခိုးယူခြင်း ၊ ကွန်ပြူတာစံနစ်များကို ဖျက်ဆီးခြင်း ၊ အချို့သော Software များကို အတင်းအကြပ် Download ပြုလုပ်စေခြင်း ၊ ကွန်ပြူတာအား အသုံးပြုလို့မရအောင် နှောင့်ယှက်ခြင်း ၊ အတင်းအကြပ် ငွေပေးချေခိုင်းခြင်း စသည့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်ပါသည်။ Malware ဟု ယေဘုယျအမည် မှည့်ခေါ်ထားသော်လည်း ကွဲပြားခြားနားသော Malware များ ရှိပါသည်။ Malware မျိုးကွဲများမှာ Adware , Ransomware , Bots , Rootkits , Spyware , Trojan Horses or Trojan , Virus , Worms စသည်တို့ဖြစ်သည်။
.
.
Adware
.
Adware ၏ အမည်အရှည်မှာ Advertising Supported Software ဖြစ်သည်။ ကြော်ငြာလုပ်ငန်းများကို အထောက်အကူပြုပေးသော Malware တစ်ခုဖြစ်သည်။ Adware သည် ကြော်ငြာများကို အလိုအလျှောက် ဖော်ပြနေမည်ဖြစ်သည်။ မည်သည့် Website ကိုဘဲဝင်ဝင် ကြော်ငြာများ ဖော်ပြနေမည် ဖြစ်သည်။ Websites ကို ၀င်လိုက်သည်နှင့် ကြော်ငြာများ Pop-up ဖြင့် ပေါ်လာသည်ကို စာချစ်သူတို့ ကြုံဖူးကြမည် ထင်ပါသည်။ Adware များသည် ကြော်ငြာလုပ်ငန်းရှင်များမှ Programmer များနှင့် ပူးပေါင်းကာ ထည့်သွင်းထားခြင်း ဖြစ်သည်။ အချို့သော Adware များသည် အင်တာနက်အပေါ်တွင် လှူပ်ရှားမှူ့များကို ထောက်လှမ်းနိုင်ပါသည်။ ၀င်ရောက်သည့် နည်းလမ်းမှာ များသောအားဖြင့် အင်တာနက်ပေါ်တွင် တွေ့သမျှ Software များကို Installation လုပ်မိခြင်းကြောင့်ဖြစ်သည်။ Adware များကို ဖယ်ရှားချင်ပါက Browser ကို ရှင်းလင်းရမည် ဖြစ်သည်။ Browser ကို ရှင်းလင်းပြီးသည့်တိုင် ကြော်ငြာများ ဆက်လက်တက်နေပါက Browser တစ်ခုလုံးကို ဖြုတ်ပစ်ပြီး အသစ်ပြန်လည် Installation ပြုလုပ်ရမည် ဖြစ်သည်။
.
.
Bot
.
Bot ဆိုသည်မှာ အမိန့်ပေး စေခိုင်းနိုင်သည့် Malware အမျိုးအစားဖြစ်သည်။ Bots များသည် Web Server များကို ပျက်စီးသွားအောင် တိုက်ခိုက်နိုင်စွမ်းရှိကြပါသည်။ Bots များ အသက်ဝင် လှူပ်ရှားရန်အတွက် ထိန်းချူပ်သူမှ အမိန့်ပေး စေခိုင်းရမည် ဖြစ်သည်။ အဓိကအားဖြင့် DDoS Attacks များတွင် Bots များ အသုံးပြုပြီး တိုက်ခိုက်တတ်ကြပါသည်။ Bots များတိုက်ခိုက်ခြင်းကို ကာကွယ်ရန်အတွက် CloudFlare ကဲ့သို့သော ကောင်းမွန်သော Service များကို အသုံးပြုရမည်ဖြစ်သည်။ ထို့အပြင် Load Balancer များကိုလည်း အသုံးပြုရမည် ဖြစ်သည်။
.
.
22-3-2016
တကိုယ်တော်သိုင်းသမား
ကိုရီချင်
.
.
ကျေးဇူးပြုပြီး Page ကိုလည်း Share ခြင်းအားဖြင့်
ပညာဒါနမျှဝေပေးပါဦး......ခင်ဗျာ..


ကွန်ပြူတာအတွင်း Malware များ ၀င်ရောက်ခြင်း ရှိ မရှိ စစ်ဆေးခြင်း (အပိုင်း - ၂)
.
.
Ransomware
.
Ransomware ဆိုတာကတော့ အနုကြမ်းစီးသည့် Malware တစ်မျိုးဖြစ်သည်။ Ransomware သည် စံနစ်တစ်ခုလုံးကို ပိတ်ပစ်နိုင်ပါသည်။ Ransomware သည် ကွန်ပြူတာအတွင်းသို့ ၀င်ရောက်သွားပါက ကွန်ပြူတာစံနစ်ကို တားဆီးလိုက်ပါတယ်။ ထို့နောက် ကြော်ငြာစာတမ်းတစ်ခုတက်လာပြီး တားဆီးထားသော အတားအဆီးကို ဖယ်ရှားချင်ပါက ငွေကြေးပမာဏ တစ်ခုပေးသွင်းပါဟူသော စာတမ်းရေးသားထားသော ကြော်ငြာတစ်ခုကို မြင်တွေ့ရမည် ဖြစ်သည်။ ဥပမာ - “သင်သည် Window Licence Version အသုံးမပြုသည့်အတွက် Copyright ဥပဒေနှင့် ငြိစွန်းပါသည်။ ထို့ကြောင့် ကျွှန်တော်တို့ ဥပဒေထိန်းသိမ်းရေးအဖွဲ့မှ သင်၏ ကွန်ပြူတာစံနစ်ကို တားဆီးထားခြင်း ဖြစ်သည်။ ထိုအတားအဆီးကို ဖယ်ရှားချင်ပါက ဖော်ပြပါ အကောင့်နံပါတ်သို့ ငွေပေးချေပါ” စသည်ဖြင့် ယုံကြည်နိုင်လောက်အောင် လိမ်လည် လှည့်ဖြားထားသော စာများကို မြင်တွေ့ရမည်ဖြစ်ပြီး အတင်းအကျပ် ငွေပေးချေခိုင်းမည် ဖြစ်သည်။ ငွေမပေးချေပါက စံနစ်ကို ပိတ်ပင်ထားသော အတားအဆီးကို ဖယ်ရှားပေးမည်မဟုတ်ပေ။ ကာကွယ်နည်းကတော့ Ransomware ၀င်ရောက်သွားပါက စံနစ်တစ်ခုလုံးကို အစမှအဆုံး ပြန်လည် Installation လုပ်ရမည် ဖြစ်သည်။
.
.
Rootkit
.
Rootkit သည်လည်း Malware တစ်မျိုးဖြစ်သည်။ Rootkit သည် စံနစ်တစ်ခုအတွင်းသို့ အသုံးပြုသူ သို့မဟုတ် စံနစ်ထိန်းချူပ်သူ မသိစေဘဲ တိုက်ခိုက်သူများမှ အဝေးမှနေပြီး ၀င်ရောက် ထိန်းချူပ်နိုင်စေရန် ဖန်တီးထားခြင်း ဖြစ်သည်။ Rootkit Installation လုပ်မိသွားပါက တိုက်ခိုက်သူများသည် စံနစ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး အချက်အလက်များကို ရယူခြင်း ၊ စံနစ်များကို ပြုပြင်သွားနိုင်ခြင်း ၊ စံနစ်အား Botnet အဖြစ်သို့ အသွင်ပြောင်းစေနိုင်ခြင်း စသည့် လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်ပါသည်။ Rootkits များကို Installation လုပ်မိသွားပါက ရှာဖွေရန် ဖယ်ရှားရန် ခက်ခဲပါသည်။ အဘယ့်ကြောင့်ဆိုသော် Rootkit များသည် ကိုယ်တိုင် ဖုံးကွယ်နိုင်ပြီး တကယ့် အစစ်အမှန် Software တစ်ခုအဖြစ် ဟန်ဆောင်နိုင်ပါသည်။ Rootkits များကို ဖယ်ရှားမည်ဆိုပါက စံနစ်အား အချိန်ယူပြီး တစ်ခုခြင်းစီ ရှာဖွေရမည် ဖြစ်သည်။ Rootkits များကို ကာကွယ်ရန်အတွက် အသုံးပြုသည့် စံနစ်အား အမြဲတမ်း အဆင့်မြှင့်ထားရမည် ဖြစ်သည်။
.
.
Spyware
.
Spyware ဆိုသည်မှာ နောက်ယောင်ခံလိုက်နိုင်သော Malware တစ်ခုဖြစ်သည်။ တဖက်လူသည် မည်သည့် လုပ်ဆောင်ချက်များ လုပ်ဆောင်နေသည်ကို စောင့်ကြည့်နိုင်ပါသည်။ ဖုန်း Spyware ပေါင်း မြောက်များစွာရှိပါသည်။ Spyware တစ်ခုသည် စံနစ်တစ်ခုအတွင်းသို့ ၀င်ရောက်သွားပါ တဖက်မှ ထိန်းချူပ်သူသည် ထိုစံနစ်၏ သွားလာ လှူပ်ရှားမှူ့များကို စောင့်ကြည့်နိုင်ပါသည်။ Sypware သည် ၀င်ရောက်နေသော စံနစ်၏ လှူပ်ရှားမှူ့မှန်သမျှကို ထိန်းချူပ်သူထံသို့ ပေးပို့နေမည် ဖြစ်သည်။ Spyware သည် System အား မည်သည့် ထိခိုက်မှူ့မျှ မဖြစ်စေဘဲ Victim သားကောင်၏ လှူပ်ရှားမှူ့ မှန်သမျှကိုသာ စောင့်ကြည့်နေမည်ဖြစ်သည်။ ထင်ရှားသော ဥပမာမှာ လွန်ခဲ့သော နှစ်အနည်းငယ်က အမေရိကန် ထိပ်တန်း သူလျှိုအဖွဲ့မှ ဂျာမနီနိုင်ငံ ၀န်ကြီးချူပ်၏ ကွန်ပြူတာအတွင်းသို့ Spyware ထည့်သွင်းခဲ့ပါသည်။ ကမ္ဘာ့ထိပ်တန်း နိုင်ငံများအချင်းချင်းပင် မယုံကြည်သည့် စိတ်ဖြင့် မျက်ခြေမပြတ် စောင့်ကြည့်နေကြသည်မှာ Cyber Warfare ၏ အကျိုးဆက်များပင် ဖြစ်သည်။
.
.
23-3-2016
တကိုယ်တော်သိုင်းသမား
ကိုရီချင်
.
.
ကျေးဇူးပြုပြီး Page ကိုလည်း Share ခြင်းအားဖြင့်
ပညာဒါနမျှဝေပေးပါဦး......ခင်ဗျာ..



 ကွန်ပြူတာအတွင်း Malware များ ၀င်ရောက်ခြင်း ရှိ မရှိ စစ်ဆေးခြင်း (အပိုင်း - ၃)
.
.
Trojan Horse or Trojan
.
.
Trojan Horse ကို Trojan အဖြစ်လည်း လူသိများပါတယ်။ Trojan Horse ဟူသော အမည်နာမသည် Greek နိုင်ငံ Troy မြို့တွင် ဖြစ်ပွားခဲ့သော Trojan War မှ အစပြုခဲ့ခြင်း ဖြစ်သည်။ မြင်းရုပ်အတွင်း စစ်သည်များကို ထည့်သွင်းကာ ညအချိန် မြင်းရုပ်အတွင်းမှ ထွက်တိုက်သည့် Trojan War အကြောင်း သမိုင်းစာမျက်နှာများတွင် အကျယ်တ၀ံ့ ဖော်ပြထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ထို့အတူ နည်းပညာလောက၏ Malware တစ်ခုဖြစ်သော Trojan Horse သည်လည်း Victim သားကောင်ကို တိုက်ခိုက်နိုင်မည့် Code များကို အမှန်တကယ့် Software များအတွင်း ထည့်သွင်းကာ အယောင်ဆောင် တိုက်ခိုက်ခြင်း ဖြစ်သည်။ Trojan Horse ၀င်ရောက်ခြင်း ခံရသော စံနစ်သည် တိုက်ခိုက်သူများ ၀င်ရောက်နိုင်မည့် လမ်းကြောင်းများကို ဖွင့်ပေးပြီး အချက်အလက်များကို ခိုးယူစေခြင်း ၊ ဖျက်ဆီးစေခြင်း ၊ စံနစ်ကို အသုံးပြု၍ အဆင်မပြေအောင် နှောင့်ယှက်နိုင်ခြင်း စသည့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်ပါသည်။
.
.
Virus
.
Virus သည် လူသိများလှသော Computer Malware တစ်မျိုးဖြစ်သည်။ Virus သည် စံနစ်များ ၊ ကွန်ယက်များအတွင်း ကူးစက်ပျံ့ပွားနိုင်ပါသည်။ Virus သည် Flash Drive များအတွင်း၌လည်း သယ်ဆောင် ပျံ့နှံ့နိုင်ပါသည်။ Virus များသည် အခြားသော ဖိုင်များနှင့် ပေါင်းစပ်နိုင်ကာာ စံနစ်များအတွင်းသို့ ကူးစက် စေနိုင်ပါသည်။ Virus များကို Victim သားကောင်များမှ Virus မှန်းမသိဘဲ စံနစ်အတွင်း ထည့်သွင်းမိသည့် အချိန်မှစ၍ ကူးစက်ပျံ့နှံ့ပါသည်။ Virus များသည် စံနစ်ကို ဖျက်ဆီးနိုင်ခြင်း ၊ အချက်အလက်များကို ခိုးယူနိုင်ခြင်း ၊ Botnets များကို ဖန်တီးနိုင်ခြင်း ၊ ကွန်ပြူတာကွန်ယက်များကို အသုံးပြုလို့မရအောင် နှောင့်ယှက်နိုင်ခြင်း စသည့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်ပါသည်။ ကာကွယ်ရန်အတွက် Antivirus များကို Installation ပြုလုပ်ထားရမည် ဖြစ်သည်။
.
.
Worm
.
Worms သည် ကွန်ပြူတာကွန်ယက်များအတွင်း အလိုအလျှောက် ပွားများနိုင်ကာ အခြားသော စံနစ်များသို့လည်း အလိုအလျှောက် ကူးစက်နိုင်ပါသည်။ Worms များတွင် Payloads စံနစ်များ ပါဝင်နေတတ်ပါသည်။ Payloads ဆိုသည်မှာ စံနစ်တစ်ခုအတွင်း ၀င်ရောက်သွားပါက ထို စံနစ်အတွင်း ထိခိုက်မှူ့များ အားနည်းချက်များ ဖြစ်အောင် ဆောင်ရွက်နိုင်စွမ်းရှိပါသည်။ ထို့ကြောင့် Worms များကူးစက်ခြင်းခံရသော စံနစ်များ ကွန်ယက်များသည် အားနည်းချက်များ ဖြစ်ပေါ်စေခြင်း ၊ တိုက်ခိုက်သူများ ၀င်ထွက်သွားလာနိုင်သော ယိုပေါက်များ ဖြစ်ပေါ်စေခြင်း ၊ အချက်အလက်များကို ခိုးယူနိုင်ခြင်း ၊ စံနစ်များ ကွန်ယက်များကို ထိခိုက် ပျက်ဆီးစေနိုင်ခြင်း စသည့်လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်ပါသည်။ Virus များနှင့် Worms များသည် အခြေခံအားဖြင့်တူညီသော်လည်း အဓိက ကွဲပြားခြားနားသည့်အချက်မှာ Virus သည် တစ်စုံတစ်ယောက်၏ အကူအညီမပါဘဲ မကူးစက်နိုင်ပါ။ Worms များကတော့ တစ်စုံတစ်ယောက်၏ အကူအညီမပါဘဲနှင့် အလိုအလျှောက် ဆင့်ပွားကာ ကူးစက်နိုင်ပါသည်။
.
.
25-3-2016
တကိုယ်တော်သိုင်းသမား
ကိုရီချင်
.
.
ကျေးဇူးပြုပြီး Page ကိုလည်း Share ခြင်းအားဖြင့်
ပညာဒါနမျှဝေပေးပါဦး......ခင်ဗျာ..



 ကွန်ပြူတာအတွင်း Malware များ ၀င်ရောက်ခြင်း ရှိ မရှိ စစ်ဆေးခြင်း (အပိုင်း - ၄)
.
.
Bug
.
.
Bug ကတော့ Malware အမျိုးအစားထဲမပါဝင်ပါဘူး။ Exploit လုပ်သွားနိုင်သော ယိုပေါက်တစ်ခုဖြစ်ပါတယ်။ စာချစ်သူတို့ ဗဟုသုတ ရစေလိုခြင်း အလို့ငှာ ထည့်သွင်း ဖော်ပြရခြင်း ဖြစ်ပါတယ်။ Bug ဆိုသည်မှာ အပေါက်ဟု အဓိပ္ပါယ်သတ်မှတ်နိုင်ပါသည်။ ပိုးကောင် မွှားကောင် ကလေးများ ၀င်နိုင်သော အပေါက်များကို နည်းပညာဝေါဟာရ အနေဖြင့် Bug ဟု ခေါ်ဆိုခြင်း ဖြစ်သည်။ Bug သည် ဖန်တီးသူတို့၏ အမှားများကြောင့် ဖြစ်ပေါ်လာသော အပေါက်များ ဖြစ်သည်။ Source Code များတွင် တစ်စုံတစ်ရာ မှားယွင်းခဲ့ခြင်းကြောင့် Bug များ ဖြစ်ပေါ်လာရပါသည်။ တိုက်ခိုက်သူများသည် ထို အပေါက်များကို ရှာဖွေပြီး ထိုမှတဆင့် ၀င်ရောက်ကာ တိုက်ခိုက်တတ်ကြပါသည်။ Bug ဆိုသည်မှာ ရှာရခက်သောကြောင့် Bug ဟု အမည်ပေးထားခြင်းဖြစ်သည်။ ယနေ့ခေတ်တွင် Software ကုမ္ပဏီများမှ ၎င်းတို့၏ Software များကို Bug ရှာပေးနိုင်သူများအား ဆုငွေများ ချီးမြှင့်လျှက်ရှိသည်။ Facebook သည်လည်း Bugs များစွာ ရှိခဲ့ပြီး ထို Bugs များကို ရှာဖွေခဲ့သောကြောင့် ဆုငွေများရရှိခဲ့သော Programmers ပေါင်းလည်း မြောက်များစွာ ပေါ်ထွက်ပြီး ဖြစ်သည်။
.
.
Malware ကူးစက်ခံရခြင်း လက္ခဏာများ
.
Malware များသည် ကွဲပြားခြားနားကြသော်လည်း အခြေခံအားဖြင့် တူညီပါသည်။ ကူးစက်ခံရသော စံနစ်ကို ဖျက်ဆီးနိုင်မှူ့ပမာဏသည် အမျိုးအစားအပေါ်မူတည်ပြီး ကွဲပြားခြားနားမည် ဖြစ်သည်။ Malware ကူးစက်ခံရပါက အောက်ပါ လက္ခဏာများကို မြင်တွေ့ရမည်ဖြစ်သည်။
.
• CUP Usage တက်လာစေခြင်း နှင့် Temperature တက်လာခြင်း
• စံနစ် ၊ ကွန်ယက် သို့မဟုတ် Web Browser များ၏ အမြန်နှုန်းများ ကျဆင်းခြင်း
• ကွန်ယက်များအတွက် Errors များ ပေါ်ပေါက်လာခြင်း
• Network ကွန်ယက်များ ချိတ်ဆက်ထားမှူ့များတွင် အနှောင့်အယှက်များ ဖြစ်ပေါ်လာခြင်း
• စံနစ်များ ကွန်ယက်များ အသုံးပြုနေစဉ် မကြာခဏ ရပ်တန့်သွားခြင်း
• ဖိုင်များ ပျောက်ဆုံးနေခြင်း
• ဖိုင်များသည် အခြားဖိုင် Extension အမည်များဖြင့် ဖြစ်နေခြင်း
• ဖိုင်များ ၊ Programs များ ၊ Icons များ ပုံစံပြောင်းနေခြင်း
• Programs များ အလိုအလျှောက် Run နေခြင်း
• ကွန်ပြူတာ စံနစ်များ ကွန်ယက်များ အလိုအလျှောက် အဖွင့် အပိတ် ပြုလုပ်နေခြင်း
• ကွန်ပြူတာ စံနစ်များ ၊ ကွန်ယက်များ မူမမှန်ဖြစ်နေခြင်း
.
.
27-3-2016
တကိုယ်တော်သိုင်းသမား
ကိုရီချင်
.
.
ကျေးဇူးပြုပြီး Page ကိုလည်း Share ခြင်းအားဖြင့်
ပညာဒါနမျှဝေပေးပါဦး......ခင်ဗျာ..



 ကွန်ပြူတာအတွင်း Malware များ ၀င်ရောက်ခြင်း ရှိ မရှိ စစ်ဆေးခြင်း (အပိုင်း - ၅)
.
.
.
ကာကွယ်နည်းများ
.
Malwares များကို ကာကွယ်ရန်အတွက် နည်းပညာ သုတေသန ပညာရှင်များသည် နေ့စဉ်နှင့်အမျှ စမ်းသပ်လျှက် ရှိနေကြပါသည်။ Anti-Virus သို့မဟုတ် Malware Removers စသည့် Program များဖြင့် ကာကွယ်တားဆီးနိုင်သော်လည်း Malwares များ မ၀င်ရောက်နိုင်အောင် အသုံးပြုသူများမှ သတိရှိရှိဖြင့် ကာကွယ်ရမည်ဖြစ်သည်။
.
• Anti-Virus သို့မဟုတ် Malware Removers များကို Installation ပြုလုပ်ထားပါ။ လုပ်ငန်းသုံး ကွန်ယက်များကို ကာကွယ်ချင်ပါက ၀ယ်ယူအသုံးပြုရသော Commercial Version များကို အသုံးပြုပါ။ လုပ်ငန်းအတွက် အသုံးပြုမည်ဆိုလျှင် Free Version အသုံးမပြုသင့်ပါ။
.
• Website များတွင် ပေးထားသော Software များကို မူရင်း Websites များမှသာ ရယူပါ။
.
• Software များကို အတုလား အစစ်လား သေချာစွာ စစ်ဆေးပါ။
.
• တွေ့သမျှ Software များကို Download ချ Installation ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ပါ။
.
• ကွန်ပြူတာ စံနစ်များ ၊ ကွန်ယက် စံနစ်များကို အမြဲတမ်း Update ပြုလုပ်ပါ။
.
• မသိသည့် Software များကို Installation လုပ်မည်ဆိုပါက နီးစပ်ရာ နည်းပညာရှင်များနှင့် တိုင်ပင်ပြီး အကြံဥာဏ်ရယူပါ။
.
.
Malwares များ ရှာဖွေစစ်ဆေးခြင်း
.
ကွန်ပြူတာ စံနစ်အတွင်း သို့မဟုတ် ကွန်ယက်များအတွင် Malware များ ၀င်ရောက်ပါသွားပါက အောက်ပါအတိုင်း Malwares များကို ရှာဖွေစစ်ဆေးနိုင်ပါသည်။
.
• Malwares များ ၀င်ရောက်နေသည်ဟု သံသယရှိပါက ကွန်ပြူတာစံနစ် သို့မဟုတ် ကွန်ယက်စံနစ်များကို Reboot ပြုလုပ်ပါ။ ထို့နောက် စံနစ်ပြန်လည် စတင် အလုပ်လုပ်သည့်အချိန်တွင် Programs များ၏ ကိုဖွင့်ကြည့်ပြီး အလုပ်လုပ်ပုံနှင့် System စတင် အလုပ်လုပ်ပုံသည် နှေးကွေးခြင်း ရှိ မရှိကို စစ်ဆေးပါ။ အဘယ်ကြောင့်ဆိုသော် Malwares များသည် စံနစ်များ၏ အလုပ်လုပ်ပုံ အမြန်နှုန်းနှင့် Programs များ၏ အလုပ်လုပ်သည့် အမြန်နှနုးကို ကောင်းစွာ နှောင့်ယှက်နိုင်သောကြောင့်ဖြစ်သည်။ စံနစ်များ၏ အမြန်နှုန်း နှင့် Programs များ အလုပ်လုပ်သည့် အမြန်နှုန်းသည် ကျဆင်းနေပြီး အလုပ်လုပ်ပုံများသည်လည်း နှေးကွေးလေးကန်နေသည် ဆိုပါက စံနစ်အတွင်း သို့မဟုတ် ကွန်ယက်အတွင်း Malwares များ ၀င်ရောက်နေပြီဖြစ်သည်။
.
• Hard Disk များအတွင်း မလိုလားအပ်သော နေရာယူနေမှူ့များ ရှိ မရှိကို စစ်ဆေးပါ။ အဘယ့်ကြောင့်ဆိုသော် Malwares များသည် Hard Disk များအတွင် နေရာများစွာ ယူနေနိုင်သောကြောင့် ဖြစ်သည်။
.
• Installation လုပ်ထားသော စာရင်းကို တိုက်ဆိုင်စစ်ဆေးပါ။ အဘယ့်ကြောင့်ဆိုသော် Malwares များသည် အခြားအမည် များဖြင့် ၀င်ရောက်နေနိုင်သောကြောင့်ဖြစ်သည်။
.
• စံနစ်အတွင်းရှိ ဖိုင်များ အစီအစဉ်တကျ ရှိ မရှိ စစ်ဆေးပါ။ ဖိုင်များသည် ပုံစံများ ပြောင်းနေလျှင် သော်လည်းကောင်း အခြားဖိုင် အမည်များဖြင့် ပြောင်းနေလျှင်သော်လည်းကောင်း Malwares များ ၀င်ရောက်နေပြီ ဖြစ်သည်။
.
• ဖိုင်များ ပျက်ဆီးဆုံးရှူံးမှူ့များ ရှိ မရှိ စစ်ဆေးပါ။ ဖိုင်များ ပျက်ဆီး ဆုံးရှုံးခြင်းများ ရှိနေပါက Malwares ၀င်ရောက်နေပြီ ဖြစ်သည်။
.
• စံနစ်များ သို့မဟုတ် ကွန်ယက်များ ပုံမှန်အနေအထား ရှိ မရှိ စစ်ဆေးပါ။ စံနစ်များ သို့မဟုတ် ကွန်ယက်များ သည် ပုံမှန်အနေအထားဖြင့် လည်ပတ်လုပ်ဆောင်နေခြင်း မရှိပါက Malwares များ ၀င်ရောက်နေပြီဖြစ်သည်။
.
• Social Media အကောင့်များကို စစ်ဆေးပါ။ Social Media အကောင့်များတွင် အလိုအလျှောက် ဓာတ်ပုံတင်ခြင်းများ ၊ ဗွီဒီယိုဖိုင်များ အလိုအလျှောက် တင်ခြင်းများ ၊ စာများအလိုအလျှောက် ရေးတင်ခြင်းများ ဖြစ်ပွားနေပါက Malwares ၀င်ရောက်နေပြီဖြစ်သည်။
.
• မသိသည့် အခြားသော Programs များ ၀င်ရောက်နေခြင်း ရှိ မရှိကို စစ်ဆေးပါ။ မသိသည့် Programs များ ၊ မလိုလားအပ်သော Programs များ ၀င်ရောက်နေပါက ချက်ခြင်း ဖယ်ရှားပစ်ပါ။
.
• Anti-Virus သို့မဟုတ် Malware Removers များကို Update ဖြစ် မဖြစ် စစ်ဆေးပါ။
.
.
28-3-2016
တကိုယ်တော်သိုင်းသမား
ကိုရီချင်
.
.
ကျေးဇူးပြုပြီး Page ကိုလည်း Share ခြင်းအားဖြင့်
ပညာဒါနမျှဝေပေးပါဦး......ခင်ဗျာ..


ကွန်ပြူတာအတွင်း Malware များ ၀င်ရောက်ခြင်း ရှိ မရှိ စစ်ဆေးခြင်း (ဇာတ်သိမ်းပိုင်း)
.
.
Malwares များသည် ကွန်ပြူတာစံနစ်များ သို့မဟုတ် ကွန်ယက်စံနစ်များကို ကောင်းစွာ ဒုက္ခပေးနိုင်ပါသည်။ Malwares များ ၀င်ရောက်ခြင်းကြောင့် ကမ္ဘာပေါ်တွင် နေ့စဉ်နှင့်အမျှ ပျက်စီး ဆုံးရှုံးနေရပါသည်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းများဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်နွယ်နေသည့် ကွန်ပြူတာ ကွန်ယက်စံနစ်များအတွက် ထိခိုက် ပျက်စီး နိုင်ပါသည်။ စီးပွားရေးဆိုင်ရာ လုပ်ငန်းများအနေဖြင့် Malwares များ မ၀င်ရောက်နိုင်စေရန် ကြိုတင် ကာကွယ်ထားသင့်ပါသည်။ ကြိုတင်ကာကွယ်ထားသည့်အတွက် ကုန်ကျစရိတ် ပမာဏ တစ်ခုတော့ရှိနိုင်ပါသည်။ ထို ကာကွယ်ရေးအတွက် ကုန်ကျစရိတ်ကို နှမျောပြီး Malwares များ ၀င်ရောက်သွားမှ ပြန်လည်ကုစားမယ်ဆိုရင် ကာကွယ်ရေး ကုန်ကျစရိတ်ထက် ပိုမိုနိုင်ပါသည်။ ထို့ကြောင့် ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက်ပါသည်။
.
စာချစ်သူတို့လည်း Malwares များ၏ အန္တရာယ်ကို ကြားဖူးသည့်သူများရှိသလို ကိုယ်တိုင်လက်တွေ့ ကြုံဖူးသူများလည်း ရှိကောင်းရှိနိုင်ပါသည်။ Malwares များ ၀င်ရောက်ခြင်းကြောင့် အနှစ်နှစ် အလလ စုဆောင်းထားသော ဓာတ်ပုံများ ဗွီဒီယိုဖိုင်များ ကိုယ်ရေးအချက်အလက်ဖိုင်များ မိသားစု အမှတ်တရများ နှင့် အခြားသော ဘ၀၏ အရေးကြီးသောအရာများ အမှတ်တရအရာများ ပျက်ဆီးဆုံးရှုံးနိုင်ပါသည်။ ဘ၀၏ အရေးကြီးသောအရာများ အမှတ်တရများဆိုသည်မှာ ပြန်လည် အစားထိုးလို့မရနိုင်ပေ။ Malwares များ၏ ဖျက်ဆီးမှူ့ကြောင့် ပျက်စီး ဆုံးရှူံးမှူ့များစွာကို ကြုံတွေ့ခဲ့ရဖူးသူများမှာ ဒုနှင့်ဒေး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် စာချစ်သူ ပရိသတ်များအား Malwares များ၏ ဖျက်ဆီး နှောင့်ယှက်မှူ့များမှ ကင်းဝေးစေရန်နှင့် ဗဟုသုတရရှိစေရန်အတွက် ရည်ရွယ်ရေးသားရခြင်း ဖြစ်ပါသည်။ စာချစ်သူများအားလုံး Malwares များ၏ ဖျက်ဆီးနှောင့်ယှက်မှူ့ ဒဏ်မှ ကင်းဝေးပါစေခင်ဗျာ….
.
.
29-3-2016
တကိုယ်တော်သိုင်းသမား
ကိုရီချင်
.
.
ကျေးဇူးပြုပြီး Page ကိုလည်း Share ခြင်းအားဖြင့်
ပညာဒါနမျှဝေပေးပါဦး......ခင်ဗျာ..


 By : 
ကိုရီချင်
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...