Ads (728x90)


ထူးကုမ္ပဏီများအုပ်စုတွင်ပါဝင်သော လုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာလေကြောင်း အကယ်ဒမီသည် လေယာဉ် မောင်းသင်တန်း အပတ်စဉ် (၃)နှင့်(၄)ဖွင့်လှစ်မှုအား သတင်းမီဒီယာများကို ရှင်းလင်းအသိပေးသည့် အခမ်း အနားအား ဖေဖေါ်ဝါရီလ (၉)ရက်နေ့က၊ မင်းဓမ္မကွန်ဒို C(6)အဆောင်၊ ဒုတိယထပ်ရှိ သင်တန်းကျောင်းရုံးတွင် မွန်းလွဲ (၂)နာရီက အောင်မြင်စွာပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသော မီဒီယာများတက်ရောက်ခဲ့ကြပြီး အခမ်းအနား အစီအစဉ်အရ သင်တန်းကျောင်း၏ဥက္ကဋ္ဌ ဦးကြည်ဝင်း မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြော ကြားခဲ့ပါသည်။
မြန်မာလေကြောင်း အကယ်ဒမီသည် လွန်ခဲ့သည့် (၃)နှစ်ခန့် ကတည်းက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် စတင်စဉ်က လိုအပ်ချက်များ ရှိနေသေးသဖြင့် မီဒီယာများနှင့် ပုံမှန်တွေ့ဆုံရှင်းလင်းမှုများ မပြုလုပ်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဖိတ်ကြားထားသော မီဒီယာများကို တစ်လေးတစ်စား ရှင်းလင်းပြော
ပြခဲ့ပါသည်။
“၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်မှာ တရားဝင်ကျောင်း စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာလေကြောင်း အကယ် ဒမီရဲ့
မွေးနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အခုဆိုရင် (၃)နှစ်ထဲရောက်လာခဲ့ပါပြီ။ သင်တန်းအနေနဲ့ကတော့ သင်တန်း အပတ်စဉ် (၁)နဲ့ (၂)ကို သင်ကြားပို့ချပေးလျှက်ရှိပါတယ်၊ သင်တန်းအပတ်စဉ် (၁)ကတော့ မတ်လအကုန် လောက်၊ အလွန်ဆုံး ဧပြီလဆန်းလောက် သင်တန်းဆင်းဖို့ရှိပါတယ်။ အပတ်စဉ် (၂)ကတော့ ဇူလိုင်ပထမပတ် လောက်မှာ သင်တန်းဆင်းပါမယ်။ ဘာကြောင့် မီဒီယာတွေကို ခေါ်ပြီးမတွေ့လည်း ဆိုတာကတော့ ကျွန်တော်တို့ အနေနဲ့ မပြည့်စုံသေးတဲ့အတွက် low profile အနေနဲ့ပဲ နေခဲ့ပါတယ်။ မပြည့်စုံသေးဘူးဆိုတာက သင်တန်း ကျောင်းတစ်ခုမှာ ဘာတွေရှိဖို့လိုပါသလဲဆိုတော့ စက်တစ်လုံးတပ်လေယာဉ်ပျံ (Single Engine Aircraft) ပေါ့။ စက်နှစ်လုံးတပ် (multi engine) ပေါ့။ လေယာဉ်တုလို့ခေါ်တဲ့ (simulator) ရှိဖို့လိုပါတယ်။ နောက်တစ်ချက်က သင်တန်းကာလနည်းနည်းကြာတာပေါ့။ အဲဒါတွေကြောင့် သင်တန်းအခြေအနေဘယ်လို ရှိလဲဆိုတာ ပြောခွင့် မသာသေးလို့ မပြောခဲ့တာပါ” ဟု ဦးကြည်ဝင်းမှ ရှင်းလင်းပြခဲ့သည်။ လက်ရှိအချိန်တွင် လိုအပ်ချက်များအား လုံး ပြည့်စုံပြီဖြစ်၍ သတင်းမီဒီယာများအား အကျယ်တ၀င့်ရှင်းလင်း အသိပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
သင်တန်းအမှတ်စဉ်(၃)အတွက် ပြီးခဲ့သည့် ဇန်န၀ါရီလ (၁၁)ရက်နေ့တွင် ၀င်ခွင့်ခေါ်ယူခဲ့ပါသည်။ ၀င်ခွင့်ဖြေဆို သူများမှာ သင်္ချာ၊ရှုပဗေဒနှင့်အင်္ဂလိပ်ဘာသာရပ်များအား စစ်ဆေးခံကြရပါသည်။
အသက်အားဖြင့်(၁၇)နှစ်မှ စတင်ကာ (၃၀)အထိ ခွင့်ပြုပေးထာပြီး လိုအပ်ချက်အနေဖြင့် လေယာဉ်မှူးသင်တန်းသားများအား ဂျီစီအီး(အို) အဆင့်ပညာရေးရှိရမည်ဟု လေယာဉ်သင်တန်းကျောင်းမှ မျှော်လင့်ထားပါသည်။ ထို့အပြင် သင်တန်းကြေး ပေးပြီးတက်ရောက်သည့် သင်တန်းသားများအား လိုအပ်သည့် အခြေခံပညာ အရည်အချင်းမပြည့်မီပါက
သင်တန်းကျောင်းနေဖြင့်လက်ခံမည် မဟုတ်ကြောင်းလည်း ဦးကြည်ဝင်းမှ ထည့်သွင်းရှင်းပြခဲ့ပါသည်။
သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်မှာ နိုင်ငံတကာအဆင့်မီလေကြောင်း
ပညာရပ်များ ပို့ချပေးရန်၊ ထူးချွန်၍ ပါရမီရှိသော်လည်း ငွေကြေးအခက် အခဲရှိသည့်လူငယ်များအတွက် ထူးဖောင်ဒေးရှင်း၏စကောလားရှစ်အစီအ စဉ်ဖြင့် ဆက်လက်ပညာဆည်းပူးခွင့်ရရှိစေရန် စီစဉ်ထားကြောင်းလည်း ဦးကြည်ဝင်းမှရှင်းလင်းပြောကြားခဲ့ ပါသည်။
ထို့အပြင် မြန်မာ့မြို့ပြလေကြောင်းသမိုင်းကို မြန်မာလေကြောင်းအကယ်ဒမီဆင်း မြန်မာလူငယ်များက ဆက်လက်ရှင်သန်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် ရည်ရွယ်ကြောင်းလည်း ဦးကြည်ဝင်းမှ ဆက်လက် ပြောကြားခဲ့ပါသည်။
သင်တန်းကျောင်း၏ ရည်ရွယ်ချက်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစို ပြေရေးလုပ်ငန်းများတွင် သင်တန်းဆင်းလူငယ်လေယာဉ်မှူးများ က ဒေသအာဏာပိုင်များကို ပူးပေါင်းဆောင် ရွက်ပေးရန် ဖြစ်ကြောင်းလည်း ဦးကြည်ဝင်းမှ ရှင်းပြခဲ့ပါသည်။ သင်တန်းကျောင်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်များအနက် သဘာဝဘေးရန်ကြုံတွေ့ချိန်များတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား ကူညီဆောင် ရွက်ပေးရန်လည်း အပါအ၀င်ဖြစ်ပါသည်။
ထူးဖောင်ဒေးရှင်းသည် အဆိုပါလေယာဉ်မောင်းသင်တန်း အပတ်စဉ်တိုင်းတွင် အမှန်တကယ်လိုအပ်ချက်ရှိ နေပြီး ပင်ကိုယ်ဗီဇအရ ထူးချွန်သော ကျောင်းသားလူငယ်များအား စကောလားရှစ်အစီအစဉ်ဖြင့် သင်တန်း တက်နိုင်ရန် ကူညီပေးနေပါသည်။
သင်တန်းအပတ်စဉ်တစ်ခုတွင် သင်တန်းသား (၁၀)ဦးအား ရွေးချယ်ကာ စကောလားရှစ်ပေးအပ်ခဲ့ပြီး တစ်ဦးအတွက် ကုန်ကျစားရိတ်မှာ အမေရိကန်ဒေါ်လာ (၆၅၀၀၀)ဖြစ်ပါသည်။


Voted This Post

Related Posts Plugin for WordPress, Blogger...