Ads (728x90)



Bသွေးရဲ့ရန်သူတော်က Oသွေး ဒါပေမယ့် O သွေးနဲ့ အလိုက်ဖက်ဆုံးက Bသွေးပါ
Bသွေးဘယ်လောက်အလျော့ပေးပေး အနိုင်ယူတက်တဲ့ O သွေးဟာ Bသွေးရဲ့ အချစ်ဆုံးသွေးလည်းဖြစ်ပါတယ်
Oသွေး ဘယ်လောက်မှားမှား အလျော့အပေးနိုင်ဆုံးသွေးကလည်း B သွေးပါ ဒါကြောင့် Oသွေးရဲ့ မိခင်သဖွယ်ပါပဲ Bသွေး + Bသွေးပေါင်းရင် O သွေးရတာကိုပဲကြည့် သူတို့ရဲ့ ရေစက်က...
အမှန်တော့ Bသွေးနဲ့ Oသွေးဟာ ဆန့်ကျင်ဘက်တွေပါ
Bသွေးက ခံစားချက်ကိုအလိုလိုက်သလောက် Oသွေးက ခံစားချက်ကို အတ္တနဲ့ ထိမ်းတယ်
Bသွေးက အားနာတာ အများအတွက်တွေးပေးတာများတဲ့အတွက် ဆုံးဖြတ်ချက်ချရာမှာ မပြက်သားတာ တွေးတောတာများတယ်
Oသွေးကြ ပြက်တယ် လုပ်တယ် ဖြစ်လာရင်ခံမယ် ဖြေရှင်းမယ်ဆိုတဲ့စိတ်ရှိတယ် အင်းး ဒါပေမယ့်တခါတခါ ဆုံးဖြတ်ချက်စောတဲ့အတွက် အမှားပါသွားတက်ကြတယ်
အိုက်အချိန်မျိုးတိုင်းမှာ Oသွေးကို နားလည်အပေးနိုင်ဆုံးနဲ့ စိတ်ဓာတ်ကျနေတဲ့အချိန်တွေမှာ ပြုံးလာအောင်အစနိုင်ဆုံးသောသွေးက Bသွေးပါပဲ
သာမန်ကြည့်ရင် Bသွေးက ကလေးဆန်စွာနေတက်တယ် ပျော်ပျော်နေတယ် Oသွေးက လူကြီးဆန်တယ် ပြက်သားတယထင်ရပေတယ် ဒါပေမယ့် အမှန်အတွင်းကျကျ ပေါင်းကြည့်ကြရင် Bသွေးက ပျော်ပျော်နေတက် ကလေးဆန်တက်သလောက် အလုပ်လုပ်ရာ စကားပြောရာ တွေးတောတိုင်ပင်ရာတွေမှာ လူကြီးဆန်တယ် အများအတွက်ကြည့်တယ် ဒေါင့်ပေါင်းစုံက စဉ်းစားတယ်
Oသွေး Oသွေးက အလုပ်လုပ်ရင်ပြက်သားတယ် စကားပြောပြက်တယ် အဲ့ဒီတော့အောင်မြင်တယ် မအောင်မြင်ခဲ့ရင်တော့ စိတ်ဓာတ်ကျပြီး တစ်ယောက်တည်းအထီးကျန်နေတက်ပါတယ် ဒီနေရာမှာ Bသွေးက လူကောင်းဖြစ်ပြီး Oသွေးက လူတော်ဖြစ်တယ်
သူတို့၂ယောက်ရင်းနီုးဖို့အတွဲညီဖို့က ရှေ့ပိုင်းက တော်တော်ခတ်တယ် ဘာလို့လဲဆို...
Bသွေးက လူအများကိုပျော်အောင်စတက်တယ် အများအတွက်အရင်စဉ်းစားပေးတယ် ဒါကြောင့် Oသွေးရဲ့ လူကြီးဆန် အရွဲ့တိုက်တက်တဲ့အကျင့် လူတော်တွေရဲ့ အတ္တ ကိုကြည့်မရဘူးး
Oသွေးကလည်း ပေါ့ပျက်ပျက်နေတက် ကလေးဆန်တက် ပျော့ညံ့တယ်ထင်ရတဲ့ Bသွေးကို ကြည့်မရဘူးး
ဒီအဆင့်ကို ကျော်နိုင်ပြီဆိုရင်တော့ အရမ်းလိုက်ဖက်တဲ့အတွဲဖြစ်သွားပြီ
Bသွေးရဲ့မေတ္တာတရားကြီးမားမှုနဲ့ ထောင့်ပေါင်းစုံကတွေးပေးမှုတွေက Oသွေးတွေရဲ့ အတ္တကြောင့် ဆုံးရှုံးနေရတဲ့ အချိန် အားငယ်တဲ့အချိန်တိုင်းမှာ မေတ္တာနဲ့ နလန်ပြန်ထနိုင်အောင် လုပ်ပေးနိုင်ပါတယ်
Oသွေးတွေရဲ့ ပြက်သားတဲ့စိတ် ထူးချွန်တဲ့အရာတွေ လူကြီးဆန်တဲ့အမူအရာတွေက Bသွေးတွေရဲ့ မလုပ်နိုင်တဲ့ လူတော်အလုပ်တွေ တွေဝေမှုတွေကို ဆုံးဖြတ်ပေးနိုင်မှုတွေကြောင့် ထာဝရအဆင်ပြေ ပေါင်းသင်းနိုင်တဲ့အတွဲတွေ ဖြစ်ပါတယ် ဒါပေမယ့် မပွင့်လင်းကြရင်တော့ Oသွေးကကို့စိတ်နဲ့ ကို့အတ္တကြား ရောဂါရမယ် Bသွေးသမားတွေကတော့ Oသွေးကိုပျော်အောင်လုပ်ရင် ရောဂါရမယ်...
Oသွေးရော Bသွေးရောဟာ ကင်ဆာရောဂါနဲ့ နှလုံးရောဂါ ဖြစ်နိုင်ချေများပါတယ် :)
မှတ်ချက်။ ကျွန်တော်က Bသွေးမို့ Oသွေးအကြောင်းလိုအပ်ရင်တောင်းပန်ပါတယ် :)  ပြီး Oသွေးကိုတွဲရေးရတဲ့အတွက် Bသွေးအတွက်လိုအပ်သွားရင်တောင်းပန်ပါတယ် ... အတွေးသပ်သပ်ပါ
မူရင်း crit

Voted This Post

Related Posts Plugin for WordPress, Blogger...