Aureum Palace Hotels and Resorts ၏ လုပ်ငန်းခွဲများဖြစ်သော Popa Mountain Resort မှ ၀န်ထမ်းများ၏ ရိုးသားမှုအားဂုဏ်ပြုသောအားဖြင့် ဂုဏ်ပြုပွဲပြုလုပ်ရန် ချီးမြှင့်ငွေ ကျပ် (၁၅)သိန်းနှင့် အတူ မှတ်တမ်းတင်ဂုဏ်ပြုလွှာအား ယနေ့ နိုဝင်ဘာ (၂၄)ရက်၊ ၂၀၁၅ခုနှစ်တွင် ထူးဖောင်ဒေးရှင်းမှ ပေးပို့ခဲ့ပါသည်။
ယခုကဲ့သို့ ဂုဏ်ပြုလွှာပေးပို့ရခြင်းမှာ ဂျာမနီလူမျိုးဧည့်သည်တစ်ဦးဖြစ်သော မစ္စတာဂျော့ရှဝါကော့ခဖ်သည် အဆိုပါ Popa Mountain Resort တွင် တည်းခိုခဲ့ပြီး သူ့၏ငွေကြေး ယူရို (၃၅၀)၊ အိုင်ဖုန်း (iPhone 6)တစ်လုံးနှင့် ဗီဇာကဒ်အပါအ၀င် သက်သေခံ (ID)ကဒ် (၄)ခုအား ဟိုတယ်တွင် ကျန်ရစ်ခဲ့ကြောင်း housekeeping မှ ၀န်ထမ်းတစ်ဦးက စတင်သိရှိခဲ့သည်ကို ရိုးသားစွာဖြင့် ပိုင်ရှင်လက်ဝယ်ပြန်ရောက်သည့်အထိ စနစ်တကျပေးပို့ခဲ့ ခြင်းကြောင့် ၀န်ထမ်းများအား ဂုဏ်ပြုခြင်းဖြစ်ပါသည်။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။