Ads (728x90)


လူတွေကလည်း ဘယ်လောက်ပြောပြော နားမလည်ကြဘူး
Sex Photo , Sex Video ဆိုတာနဲ့ ယောက်ကျားလေးရော မိန်းကလေးရော
အကုန်လုံး စိတ်ဝင်စားကြတော့တာပဲ Facebook မှာ ဒီလို Spam Virus တွေ
ခနတိုင်း တက်နေတယ် ပုံစံအမျိုးမျိုး နာမည်အမျိုးမျိုးသာ ပြောင်းသွားတာ
ဒီပုံစံအတိုင်းပဲ တက်တက်လာတာ ဒါတွေကို ကိုယ်တိုင်လည်း မြင်ဖူးထားတယ်
ကိုယ်တိုင်လည်း မိဘူးထားတယ် ဆိုတာတောင် အမှတ်ကမရှိကြဘူး။
 
ဒီနေ့ လည်း Group တစ်ခုထဲမှာ ပို့ စ်အသစ်တက်လာတယ်ဆိုလို့ လက်ခံပေးဖို့ 
သွားကြည့်လိုက်တယ် တွေ့ လိုက်တာက Spam Post ကြီး ဒီ Group ထဲကို
အဲ့ဒီ Link နဲ့  Sex Video ဘာညာဆိုပီး ပုံတွေဘာတွေနဲ့  လာတင်လိုက်တာ
အဲ့ဒီလာတင်တဲ့ ကာယကံရှင်ကိုယ်တိုင်တောင် သူ့ အကောင့်နဲ့ တင်လို့ တင်မှန်း
မသိလိုက်ဘူး ဘာကြောင့်လည်းဆိုတော့ သူက အဲ့ဒီလင့်ကို နှိပ်မိထားတာကိုး။
 
ဒါနဲ့  သူ Share ထားတဲ့ မူရင်း Page ဖြစ်တဲ့ News Hot ( https://www.facebook[dot]com/News-Hot-796348610483357/ ) ကိုသွားကြည့်လိုက်တော့ Sex Video ဖိုင်လိုလို
ဘာလိုလိုတွေနဲ့  Blogspot လင့်တွေ Share ထားတာတွေ့ လိုက်တယ် 59 မိနစ်ပဲ ရှိသေးတယ် အဲ့ဒီ ဟာကို ပြန် Share တာက 8376 တောင်ရှိနေပြီ ဒါဆို ဘယ်လောက်တောင်များ Spam တွေမိနေလည်းမသိဘူး သြော်... လူတွေ..လူတွေ လို့ ပဲ တမိပါတော့တယ်။
 
ဒါနဲ့  သူ Share နေတဲ့ မူရင်း blogspot ဆိုက်တစ်ခုကို ၀င်ကြည့်လိုက်တော့ ဘာမှတင်ထားတာမရှိဘူး စာလေး တစ်ကြောင်း နှစ်ကြောင်းနဲ့  ပို့ စ်တစ်ခုပဲတင်ထားတယ်
About me မှာ Blogger Profile တွေ့ လို့ ဝင်သွားကြည့်လိုက်တော့ လားလား....
များလိုက်တဲ့ Blog တွေ Spam အဖြစ် အသုံးချဖို့ လုပ်ထားတာတွေဖြစ်မယ်
 
Video SHOCK NEWS
video shock news
Video hot 18+
Video Hot Shock
Shock news Hot
CLick views video hot 18+
video shock news hot
Video Clip SHock
Video hot 18+
video 18+
video 18+
SHOCK VIDEO 18+
video 18+
CLICK VDIDEO SHOCK
video shock

အဲ့ဒီနာမည်တွေနဲ့ ဆိုက်တွေ မယုံရင် ဒီမှာ သွားကြည့် https://www.blogger.com/profile/07268545867406711954
တစ်ခုတော့ ရှိတယ်နော် သူ့  Blog တွေကို ၀င်ကြည့်မယ်ဆိုရင်တော့ အသုံးပြုနေကျ Browser တွေထဲကနေတော့ သွားမကြည့်နဲ့  အသုံးပြုတာနည်းတဲ့ IE ( Internet Explorer ) လို Browser မျိုးနဲ့ ပဲ ၀င်ကြည့်ပါ ( ဖြစ်နိုင်ရင်တော့ လုံးဝမှ ၀င်မကြည့်ပါနဲ့  )
ဘာကြောင့်လည်းဆိုတော့ Attacker က အဲ့ဒီဆိုက်တွေထဲဝင်လာအောင် SE ထိုးပြီးတော့
ဆွဲဆောင်ထားတာပါ စိတ်ဝင်စားလို့ ခြေဆော့လက်ဆော့နဲ့  ၀င်ကြည့်တဲ့သူရဲ့  Data တွေကို ခိုးယူပြီး ပြန်လည်အသုံးချလိုက်တာကြောင့်ပါ ခု Sexy Spam Post တွေလိုမျိုးပေါ့ ကိုယ်တိုင် မသိပဲ Group တွေ ကိုယ့် Wall တွေမှာ အလိုလျောက် Sex Photo , Sex Video ပို့ စ်တွေလိုက်တင်နေတယ် အခြားလူတွေကြားထဲမှာတော့
ဒီတစ်ယောက်က တော်တော် နှာဘူးထတာပဲ ဒီလို 18+ ပို့ စ်တွေကို တင်နေတယ်
Share လုပ်နေတယ် လို့ ထင်မြင်သွားကြသလို ရှက်စရာကောင်းတဲ့ ဖြစ်ရပ်ကြီးဗျနော်
ဒါကြောင့် ဘယ်သူမှ မသိပါဘူးကွာ ဆိုပီး တွေ့ သမျှ လျှောက်ပြီး Click မလုပ်ကြပါနဲ့ ။
 
Spam Post တွေ တင်နေတာတို့  Share လုပ်နေတာတို့ မျိုးပဲ ဆိုရင်တော်သေးတာပေါ့
အဲ့လိုမှမဟုတ်ပဲ Account လေးပါ Hack ခံထိသွားရင်တော့ သွားပြီပေါ့ ဒါကြောင့်မို့ 
တွေ့ သမျှတွေကို လျှောက်ပြီး နှိပ်မကြည့်ကြပါနဲ့  လို့ ပြောတာပါ ကိုယ်သိတာက
အဲ့ဒီ သူပြထားတဲ့ Video ဆိုတာလေးကိုကြည့်ချင်လို့  Click နှိပ်လိုက်မိပေမယ့် အမှန်တစ်ကယ်တမ်းမှာကျတော့ သူ Fake ပြထားဗီဒီယိုဖိုင်က ကြည့်လို့ မရဘူး
ဒါပေမယ့် သူဆွဲခေါ်တဲ့ ဆိုက်ထဲကိုတော့ ရောက်သွားတယ် အဲ့ဒီမှာ ကိုယ်မသိလိုက်ပဲ User Cookie , User Access Token တွေ နောက်ကွယ်ကနေ ခိုးယူခြင်းခံလိုက်ရတာပါပဲ။

အဲ့ဒီ User Cookie , User Access Token အခိုးခံလိုက်ရတော့ ဘာဖြစ်တုန်း
မေကြဦးမလားမသိဘူး ဟုတ်ကဲ့ အဲ့ဒါတွေ အခိုးခံလိုက်ရရင် ကိုယ့်အကောင့်ကို
အခြားသူတွေ လုပ်ချင်တိုင်း လုပ်ခွင့်ရသွားပါတယ် နောက်ဆုံးဘယ်အဆင့်ထိ
ဖြစ်သွားနိုင်လည်းဆိုတော့ ကိုယ့် Account ရဲ့  Password ကို မသိပါပဲနဲ့ 
အဲ့ဒီ User Cookie , User Access Token တွေ အသုံးချပြီးတော့ ကိုယ့်အကောင့်ကို
သိမ်းသွားနိုင်ပါသေးတယ်။

ကိုယ့်ရဲ့  Facebook Account လေးက အိမ်ဆိုလို့ ရှိရင် အဲ့ဒီ User Cookie , User Access Token ဆိုတာ ကိုယ့်အိမ်ကို ၀င်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက် လုပ်ချင်တိုင်းလုပ်လို့ ရတဲ့ အိမ်သော့ပဲ ကိုယ်က အိမ်သော့ ( Password ) ကိုင်ထားတဲ့သူ
ကိုယ့်အိမ်ကို ကိုယ်တစ်ယောက်ပဲ ၀င်လို့ ထွက်လို့ ရမယ်လို့ ထင်နေရင်မှားသွားမယ်
ကိုယ်ခြေဆော့လက်ဆော့နဲ့  နှာဘူးထပီး Click တစ်ချက်လေး
နှိပ်လိုက်မိတာလေးရဲ့ အဆုံးမှာ Loading... လေးသာ ဆုံးသွားတယ် ဘာမှကြည့်လို့ မရပါဘူးကွာ ဆိုတာရဲ့ နောက်ကွယ်မှာ အဲ့ဒီ User Cookie , User Access Token တွေအခိုးခံရပီး အဲ့ဒါက ကိုယ့်အိမ်( Account ) ကို ၀င်ထွက်ဖို့  သော့မိတ္တူ ပွား ပေးလိုက်ရတာနဲ့ အတူတူပဲ။

Sexy Post လေးတွေလောက်ပဲ Spam အနေနဲ့ 
လိုက်တင်တာဆို ကံကောင်းတယ် မှတ်လိုက်ပါ ကိုယ့်ရဲ့ ကမြင်းကျောထခြင်းရဲ့ 
နောက်ဆက်တွဲ ကိုယ့်အကောင့်လေးပါ ပါသွားတယ်ဆိုရင်တော့ဖြင့် ၀မ်းမနည်းကြပါနဲ့ လို့ သာ နောက်ဆုံးပြောချင်ပါတယ်။

နောက်ဆုံးမှာချင်တာက တော့ နှာဘူးသိပ်မထကြပါနဲ့ လို့  ပြောချင်ပါတယ်
လူဆိုတာ အသွေးနဲ့ အသားနဲ့ တည်ဆောက်ထားတာမို့  18+ ဆို ယောက်ကျားလေးရော မိန်းကလေးပါ စိတ်ဝင်စားတာကို လက်ခံပါတယ် ဒါပေမယ့် Online အသုံးပြုနေချိန်မှာတော့ နှာဘူးသိပ်မထကြစေလိုပါဘူး အပြာကား တစ်ခွေမှ ၅၀၀ သို့ မဟုတ် ၁၀၀၀ လောက်ပဲ ရှိပါတယ်ဗျာ ၀ယ်ကြည့်လိုက်ကြစမ်းပါ အွန်လိုင်းမှာတော့ SE ထိုးထားတာတွေ ကိုယုံပြီး စိတ်ဝင်တစားနဲ့  နှာဘူးမထကြပါနဲ့  နောင်မှ ရတဲ့ နောင်တတွေ ရကုန်ကြမှာစိုးလို့ ပါ ဒါပါပဲ။
 
ခနတိုင်း သတိပေးရတာ မောနေပီ
နောက်ဆို သတိမပေးတော့ဘူး ဖြစ်ချင်ရာဖြစ် ပစ်ထားလိုက်မယ်လို့ ကြံထားပေမယ့်
မြင်လာရင် တွေ့ လာရင် မနေနိုင်မထိုင်နိုင်နဲ့  ကြားဝင်ဝင်ပြီး ငထွား ခါးနာ သလို
လုပ်မိသွားတတ်တာ အကျင့်လို ဖြစ်နေပီ ဟူး.... မောပဗျာ။ :3
Aung Kyaw Soe 15.10.2015 - 4:15 PM
Ps. Sorry for tag -_-

မူရင်းပို့  - https://www.facebook.com/CityHunter.mm/posts/552720861550240

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...