Ads (728x90)



တနင်္ဂနွေ
အတွေးအခေါ် အမျှော်အမြင်များဆန်းသစ်မှုတွေတိုးလာမည်။ စီးပွားရေး၊ လူမှုရေးအလုပ်အကိုင်တို့ ပြောင်းလဲတိုးတက်မှု တို့ဖြစ်မည်။ ဆုံးဖြတ်ချက်ခိုင်မာမှု လိုသည့် အချစ်ရေးမှာအမှတ်တမဲ့မှ အမှတ်တရတွေ ဖြစ်ကုန်မည်။ မနာလိုသူရဲ့ လက်ချက်ကြောင့် အချင်းချင်းစိတ်ဝမ်းကွဲကုန်မည်။ ကြီးဒေါ်ရဲ့ ကျန်းမာရေးဂရုစိုက်ပါ။ ခရီးသွားဖို့အရေးနောက်ကြောင်းပြန်မတွေးနှင့်။ ဆက်လုပ်အောင်မြင်မည်။
အကျိုးပေးဂဏန်း – ၅၊ ၆၊ ၈
အထူးဟော – အတိုက်အခံရှိနေပြီဂရုစိုက်ပါ။
ယတြာ – ရေခဲရေတနင်္ဂနွေနံဘုရားကိုတနင်္ဂနွေနေ့တွင် ကပ်၍ ဆုတောင်းလိုက်ပါ။

တနင်္လာ
အပြောနဲ့အလုပ်တခြားစီ ဖြစ်နေတတ်သည်။ သူများကြားဝင်မရှုပ်နှင့်။ သူတပါးအထင်လွဲခြင်းခံရတတ်သည်။ လူယုံထားမှားလိမ့်မည်။ အတက်ကြီးကဲထံမကောင်းသတင်းပို့ခံရတတ်သည်။ သူများအရှုပ် ကိုယ့်အရှုပ်ဖြစ်မည်။ စပ်တူထိုးသောထီပေါက်ကိန်းရှိသည်။ စက်အပျက်၊ ထီးအပျက် အိမ်မှာမထားနှင့်။ မိသားစုချင်းစိတ်ဝမ်းကွဲတတ်သည်။ ငွေဝင်မည်။ ငွေစုလို့မရတတ်ပါ။ စိတ်လေနေမည်။ ပညာရေးအောင်မြင်မည်။ အချစ်ရေးအဆင်ပြေမည်။
အကျိုးပေးဂဏန်း ၂၊ ၄၊ ၆
အထူးဟော – စကားပြောဆင်ခြင်ပါ။
ယတြာ – တနင်္လာနေ့နံနက်မှာငါးအရှင်၁၅ကောင်ဝယ်လွှတ်ပါ။

အင်္ဂါ
ကံဇာတာကောင်းလာမည်။ အတိုက်အခံတွေ ကျော်ဖြတ်နိုင်မည်။ ရည်ရွယ်ချက်များနေမည်။ တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ အောင်မြင်မည်။ အောင်ဘာလေထီစ.ဆ.ဇ.ဈ.ညအက္ခရာဖြင့် ၃၊၆၊၉ ဂဏန်းတွေ ထိုးလိုက်ပါ။ ပေါက်ကိန်းရှိသည်။ တစ်ခုလတ်၊ မုဆိုးဖို၊ မုဆိုးမ၊ အိမ်ထောင်သည်တွေဆင်ခြင်ပါ။ စွဲလန်းမှုဖြစ်တတ်သည်။ လူယုံမထားရ။ လူပေါင်းမှားမည်။ စက်၊ မြေ၊ ရွှေတို့ ပြောင်းလဲဝင်ထွက်မည်။ ရာထူးတက်ခြင်း၊ စာမေးပွဲအောင်ခြင်းပြောင်ရွေ့ခြင်းတို့ဖြစ်မည်။
အကျိုးပေးဂဏန်း – ၄၊ ၉၊ ၆
အထူးဟော – ကံကောင်းမည်။
ယတြာ – အင်္ဂါနံနက်တွင် အင်္ဂါနံဘုရားကိုအောင်သပြေ၁၉ညွန့် ကပ်လှူပါ။

ဗုဒ္ဓဟူး
ရည်ရွယ်ချက်များနေသည်။ ဆန္ဒစောနေသည်။ ဆုံးဖြတ်ချက်တွေ မြန်နေသည်။ အတိုက်အခံအထစ်အငေါ့တွေ ကျော်နိုင်မည်။ ခရီးဝေးယာယီတို့ ရောက်ဖြစ်မည်။ စာမေးပွဲ၊ အင်တာဗျူး အောင်မြင်မည်။ အလုပ်ရမည်။ ငွေဝင်မည်။ စက်ပစ္စည်းဂရုစိုက်ပါ။ ပျောက်ခြင်း၊ လိမ်ခြင်းခံရမည်။ အချစ်ရေးမှာမထင်မှတ်ဘဲချစ်သူရမည်။ ချစ်နေသောသူနှင့် ခွဲနေရတတ်သည်။ အဝေးမိတ်ဆွေကကူညီမည်။
အကျိုးပေးဂဏန်း – ၄၊ ၉၊ ၂
အထူးဟော – သင့်ဆန္ဒအောင်မြင်မည်။
ယတြာ – ဗုဒ္ဓဟူးနေ့တွင် ဗုဒ္ဓဟူးနံဘုရားကိုရေအေးရေသက်စေ့ ရေသပ္ပာယ်ပါ။

ကြာသပတေး
စိတ်လေနေမည်။ စိတ်တိုင်းမကျမှုများနေမည်။ ဦးခေါင်း၊ ခါး၊ ဝမ်း၊ ဒူးဆစ်တို့ ကျန်းမာရေး ချူချာမည်။ မစိုးရိမ်ရပါ။ ငွေကြေးဟိုကဝင် ဒီကထွက် မျှတနေမည်။ ရစရာငွေတို့ မရနိုင်သေးပါ။ စကားပြောခြင်းကြောင့် စကားရှုပ်မည်။ေ၇ွှ၊ မြေ၊ အိမ်တို့ ပြောင်းလဲဝင်ထွက်မည်။ ကြီးသူအမေ၊ အဒေါ်တို့ ကျန်းမာရေးချူချာမည်။ စပ်တူစီးပွားရေးမလုပ်ရ။ ငွေလိမ်ခံ၇မည်။ ပစ္စည်းပျောက်မည်။ ထီပေါက်မည်။
အကျိုးပေးဂဏန်း – ၅။ ၁၊ ၇
အထူးဟော – ရှုပ်နေတာတွေ ရှင်းနေရတတ်သည်။
ယတြာ – ကြာသပတေးနေ့တွင် နေပူထဲကြွလာသောသံဃာတော်ကိုထီးဖွင့်ကပ်ပါ။

သောကြာ
လိုက်လေဝေးလေ၊ ပြောလေကဲလေ ဖြစ်နေရတတ်သည်။ စွန့်စားမှု စူးစမ်းမှု လွတ်လပ်စွာလုပ်ကိုင်မှုများဆင်ခြင်ရပါမည်။ ထီပေါက်ကိန်းရှိပါသည်။ ထီထိုးပါ။ ရပ်ဝေးဧည့်သည် နေအိမ်လာမည့် အပူသည် လက်မခံရ။ စက်၊ကားပြောင်းလဲဝင်ထွက်မည်။ ရည်းစားဟောင်းနှင့်ပျက်ပြီးရည်းစားသစ်နှင့် အဆင်ပြေမည်။ ဆွေမျိုးသားချင်းအတွက် စိတ်ရှုပ်ရတတ်သည်။ မရောက်ဖူးသောခရီးတွေ ရောက်မည်။
အကျိုးပေးဂဏန်း – ၆၊ ၈၊ ၁
အထူးဟော – ကံကောင်းမည်။
ယတြာ – သောကြာနေ့နံနက်တွင် သောကြာနံဘုရားကိုသစ်သီးဆွမ်းကပ်လှူပါ။

စနေ
အရာရာဝေဖန်သုံးသပ်ပြီးမှ ဆုံးဖြတ်ပါ။ ဆန္ဓမစောသင့်ပါ။ အားလုံးဟာအကောင်းတွေဖြစ်လာမည်။ ရည်ရွယ်ချက်တွေလည်းအဆင်ပြေလာမည်။ တိုးတက်မြင့်မားမှု အကြီးအကဲ၏ ယုံကြည်အားကိုးမှု ငယ်ရွယ်သူတို့ရဲ့ လေးစားကြည်ညိုမှုတွေရလာမည်။ အချစ်ရေးကံကောင်းသည်။ သို့သော် အအိုတွေ တွေ့မည်။ လုံးဝရှောင်ပါ။ စပ်တူရှယ်ယာလုပ်ငန်း၊ ကိုယ်ပိုင်လုပ်ငန်း လုပ်ငန်း၂မျိုးလုပ်ဖြစ်မည်။ အောင်မြင်မည်။ မိသားစုအရေးအဆင်ပြေသည်။ ကျန်းမာရေးကောင်းပါပြီ။ စာမေးပွဲအောင်မြင်လိမ့်မည်။ ရာထူးတက်မည်။
အကျိုးပေးဂဏန်း – ၇၊ ၀၊ ၂
အထူးဟော – ကံကောင်းနေပြီ။
ယတြာ- စနေနေ့ နံနက်တွင် စနေနံဘုရားကိုတံခွန်ကုက္ကားအနီတစ်စုံကပ်လှူပါ။
ဆရာထွန်းလင်း (ဘုတလင်)
မြစ်မခမီဒီယာ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...