ယနေ့ ညနေပိုင်းတွင် ထူးဖောင်ဒေးရှင်းရုံးချုပ်(ရန်ကုန်)မှ ဆန်(၈၄)အိတ်၊ ဆား(၂)အိတ်၊ အ၀တ်အစား (၁၄၂)အိတ်၊ စောင်အိတ်(၅)ထုပ်၊ ခြင်ထောင်(၃၃)လုံး၊ ဆေးဖာ (၅)ဖာ၊ အစားအသောက်မျိုးစုံ(၁၅၀)ဖာ၊ ရေသန့်ကဒ်(၂၀၀)၊ ဆပ်ပြာ(၂၀)ဖာ၊ First Aid Kit 80 nos ၊ ဖရောင်းတိုင်(၇၄)ထုပ်နှင့် မီးခြစ်(၁၅၀)လုံး တင်ဆောင်သွားသော မော်တော်ယာဉ်သည် စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ရောက်ရှိပြီး ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသော ထူးဖောင်ဒေးရှင်းရေဘေးကယ်ဆယ်ရေးအဖွဲ့ထံသို့ ထွက်ခွာသွားပြီဖြစ်ပါသည်။
အဆိုပါခရီးစဉ်များတွင် ထူးဖောင်ဒေးရှင်းရုံးသို့ လာရောက်လှူဒါန်းထားသော အလှူရှင်များ၏ လှူဖွယ်ပစ္စည်းများကိုပါ တင်ဆောင်သွားခြင်း ဖြစ်သည်။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။