Ads (728x90)



Buddha..ကိုကျွန်တော်အရမ်းလေးစားပါတယ်....
ဘာကြောင့်လဲဆိုတော့...Buddhaဟာ... ဒီကမ္ဘာကြီးကို
သူပိုင်တယ်လို့ မကြွားခဲ့ပါဘူး....
သူ့ကိုကိုးကွယ်ရင်..ဆုလာဒ်တွေ ပေးမယ်လို့ မစည်းရုံးခဲ့ပါဘူး....။

သူ့ကိုမရှိခိုးရင်...မကိုးကွယ်ရင်..ငရဲကိုပို့ပစ်မယ်လို့..မခြိမ်းခြောက်ခဲ့ပါဘူး...
သူ့ကိုရှိခိုးခြင်းထက်..စရဏပိုင်း ကောင်းမွန်ခြင်းဟာ..
ပိုမြတ်တယ်လို့...ပြတ်၂သား၂ ပြောကြားခဲ့သူပါ...။

သူပြောတဲ့..စကားတိုင်းကိုလည်း..အလွယ်တကူမျက်စိမှိတ်မယုံလိုက်ပါနဲ့လို့
ရဲ၂တောက် ပြောကြားခဲ့သူပါ...
သူဟောကြားခဲ့တဲ့..ဒီအမှန်တရားတွေဟာ..သူပိုင်တာ မဟုတ်ပါဘူး...
သဘာဝအမှန်တရားတွေ သာဖြစ်တယ်လို့
ပေါ်၂တင်၂ပြောကြားခဲ့သူပါ...

သူရရှိခဲ့တဲ့..ဘုရားအဖြစ်ကိုလည်း..
သူတစ်ယောက်တည်း..မောင်ပိုင်စီးထားတာမျိုးမဟုတ်ဘဲ...
ဘုရားဖြစ်ချင်ရင်လူသားတိုင်..ကြိုးစားလို့ရတယ်ဆိုတဲ့...
လမ်းကြောင်းတစ်ခုကို,စိတ်သဘောထား ကြီးမြတ်စွာ နဲ့ချပြခဲ့သူပါ...။

လွပ်လပ်စွာတွေးခေါ်ခွင့်...လွတ်လပ်စွာပြောဆိုနေထိုင်ခွင့်...
လွတ်လပ်စွာယုံကြည်ခွင့်...ဆိုတဲ့
ဒီမိုကရေစီ သဘောတရားတွေကို
ပြောကြားခဲ့တဲ့ ပထမဆုံးသော..
ဘာသာရေးခေါင်းဆောင် တစ်ယောက်ပါ...။

ကိုယ်ကောင်းတာလုပ်ရင်..ကောင်းကျိုးခံစားရမယ် မကောင်းတာလုပ်ရင်..မကောင်းကျိုးခံစားရမယ်..
မိမိရဲ့ကောင်းခြင်းဆိုးခြင်း..ရလာဒ်တွေဟာ.
မိမိရဲ့အတိတ်,ပစ္စုပ္ပန်ကာလတွေရဲ့..
လုပ်ရပ်ကြောင့်ဖြစ်တယ်..မည်သူတစ်ဦး တစ်ယောက်ကမှ..
ဖန်တီး စီရင်နေတာ,မဟုတ်ဘူးလို့
အကြောင်းတရားကြောင့်..အကျိုးတရားဖြစ်ရခြင်း..ကိုပြောကြားခဲ့တဲ့..
တစ်ဦးတည်းသော..ဘာသာရေးခေါင်းဆောင် တစ်ယောက်ပါ...။

သူ့ရဲ့တစ်သက်တာ,ကာလပတ်လုံးမှာ,
သူတားမြစ်ခဲ့တဲ့ တရားတွေကို..
သူကိုယ်တိုင်လည်း လုံခြုံခဲ့ပါတယ်...
အဲဒါကြောင့်..ကျွန်တော်ဟာ..
Buddhaကို..အရမ်းလေးစားပါတယ်..
အရမ်းကြည်ညိုပါတယ်....။

သူဟောကြားခဲ့တဲ့..ငြိမ်းချမ်းတရားတော်တွေဟာ..
ခုချိန်ထိ မှန်ကန်နေတုန်းပါပဲ...
လိုက်နာကျင့်သုံးရင်..အသုံးဝင်နေတုန်းပါပဲ...
ဒီနေ့ကမ္ဘာကြီး ငြိမ်းချမ်းအောင်..
Buddha တရားတော်တွေထဲမှာ..နည်းလမ်းတွေ ရှိနေပါတယ်....။

Buddha..ကျင်ကြံခဲ့တဲ့..ဝိပဿနာတရားတွေဟာလည်း..
Buddha,ချမှတ်ပေးခဲ့တဲ့နည်းလမ်းတွေအတိုင်း..
လက်တွေ့ကျင့်ကြံကြည့်ရင်..စိတ်ရဲ့ငြိမ်းချမ်းခြင်းကို
အမှန်တကယ် ရှာတွေ့နိုင်တယ်ဆိုတာ..
ဘာသာခြားတွေတောင်..လက်ခံနေကြပါတယ်။

ဝိပဿနာတရားစခန်းတွေမှာ..ဖန်ဆင်းရှင်ဝါဒကို ယုံကြည်တဲ့....
ဘာသာခြားတွေ..အများကြီးလာရောက်ကျင့်ကြံ
အားထုတ်နေကြတာ..အများကြီးရှိပါတယ်...။

*Buddha* ဟာ..ကြွားဝါမှုတွေ..စည်းရုံးမှုတွေ..
.ခြိမ်းခြောက်မှုတွေ...ချုပ်ချယ်မှုတွေ...မလုပ်ခဲ့ပါပဲနဲ့..
သူ့စကားကိုယုံကြည်စွာ..လိုက်နာနေကြတဲ့
Buddhaဘာသာဝင်တွေ..
ယနေ့အထိအများကြီး ရှိနေဆဲဖြစ်တာကို..
ကျွန်တော်အင်မတန်မှကို..ဂုဏ်ယူမိပါတယ်...။

အခု..Buddhaမရှိတော့တာ..နှစ်ပေါင်း၂၅၀၀ကျော်သွားပါပြီ..
အင်အားအကြီးဆုံး ဘာသာကြီး၎ခုထဲမှာ..အခုချိန်ထိ ပါဝင်နေတာကို..
အံ့သြချီးကျူးလို့ကို..မဆုံးနိုင်တော့ပါဘူး....။

ဗုဒ္ဓရဲ့သွန်သင်ဆုံးမမှုတွေက..စာအုပ်တွေများများ ဖတ်ပြီး..
ဆင်ခြင်သုံးသပ်ကြည့်လေပိုပြီး..မှန်တယ်ဆိုတာ..သိလာပါတယ်။
ဒါကြောင့်..ကျွန်တော်ဟာ..
Buddhaဘာသာဝင် တစ်ယောက်ဖြစ်ရတာ..
ဂုဏ်ယူပါတယ်။

Buddhaဘာသာဝင်..အသိုင်းအဝိုင်းကြားမှာ.
.မွေးဖွားလာရတာကိုလည်း..
အလွန်ကျေနပ်မိပါတော့တယ်....
(ကျွန်တော်..ဒီလိုတွေရေးလိုက်တာဟာသူများဘာသာကို..ထိခိုက်စေလိုသော..ဆန္ဒမရှိပါဘူး..Buddhaဘာသာဝင်တစ်ဦးရဲ့..ရိုးရှင်းသော..ရင်တွင်းခံစားချက်သက်သက် သာ..ဖြစ်ပါတယ်)
Credit to ဗုဒ္ဓမူကြို


မူရင်းတင်ထားသည့်နေရာ https://www.facebook.com/photo.php?fbid=471384236350570&set=a.330876470401348.1073741828.100004369936057&type=1

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...