Ads (728x90)


-


****************************************************************
.
►► ကျမ်းစာ ၂ခု အယူအဆအချို့ အရ နှိုင်းယှဉ်ဖော်ပြပေးရုံမျှပါ
.
နံပါတ် (၁)
အစၥလာမ္ဘာသာအရ မိဘျဖစ္သူက သားသမီး မ်ားကို အေမြခြဲေ၀တဲ့အခါ
ယောက်ျားလေးတစ်ယောက်က မိန်းခလေးတစ်ယောက်ရဲ့  ရပိုင်ခွင့် ဝေစု
ဝေပုံ၏ ၂ဆ ကိုရရှိပြီး ၊ မိန်းခလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်
၏ ရပိုင်ခွင့်ဝေစုဝေပုံရဲ့ တစ်ဝက်ကိုသာ ရရှိကြပါတယ်။ အစၥလာမ္ဘာသာမွာ
သားသမီး မွေးဖွားတဲ့အခါ ယောက်ျားလေးများကိုသာ အရေးပေးပြီး
မိန်းခလေးများကို နှိမ်ထားကြခြင်းဖြစ်ပါတယ်။ အမှန်တကယ် မိဘအမွေဆိုတာ
ယောက်ျားဖြစ်ဖြစ်၊ မိန်းခလေးဖြစ်ဖြစ် တန်းတူ သာတူညီမျှ ရပိုင်ခွင့် ရှိရပါတယ်။
.
ဥပမာ - မိဘ က သိန်း ၁၂၀၀ အမွေပေးဖို့ ရှိတယ်ဆိုရင်
ထို မိဘမှာ သားတစ်ယောက် ၊ သမီးတစ်ယောက် ရှိတယ်ဆိုပါစို့ ။
ဒီအခါမှာ သားတစ်ယောက်အတွက် အမွေရပိုင်ခွင့် ဝေစုဝေပုံသည်
သိန်း ၈၀၀ ဖြစ်ပြီး၊ သမီးမိန်းခလေးအတွက် ဝေစုဝေပုံသည် သိန်း ၄၀၀ သာ
ရပိုင်ခွင့် ရှိပါတယ်။
.
(ကိုးကား)
(အို-မုအ်မင်န် သက်ဝင်ယုံကြည်သူ အပေါင်းတို့) အလ္လာဟ်အရှင်မြတ်သည်
အသင်တို့အား၊ အသင်တို့၏သားသမီးတို့နှင့်ပတ်သက်၍ (ဤသို့)အမိန့်ပေးတော်
မူလေသည်။ (သား) ယောက်ျား အတွက် (သမီး)မိန်းမနှစ်ယောက်၏ဝေစုဝေပုံနှင့်
ထပ်တူထပ်မျှ (၀ါ) ယောက်ျားကလေး၏ဝေစုဝေပုံမှာ
မိန်းကလေး၏ဝေစုဝေပုံ၏ နှစ်ဆဖြစ်သည်။
(ကုရ်အာန် ၄း၁၁)
.
နံပါတ် (၂)
အချိန်တန် အရွယ်ရောက်လာတဲ့အခါမှာ အိမ်ထောင်မှုပြုကြရပါတယ်။
အစ္စလာမ်မိန်းခလေးများ၏ဘ၀သည် အသက်ကြီးကြီး ငယ်ငယ်
ဘာသာရေးအရ မိဘက ပေးစားတဲ့အခါ မငြင်းဆန်နိုင်ဘဲ ယူကြရပါတယ်။
မိမိ၏ လင်ယောက်ျားကို အခြားသူများနှင့် တရားဝင် ဝေစားမျှစားခံဘဝ
ကို ရောက်ခြင်းမလှ ရောက်ခဲ့ရခြင်းဖြစ်ပါတော့တယ်။
.
ဘာကြောင့် ဝေစားမျှစားခံဘ၀ကို ရောက်ရတာလဲဆိုပါလျှင်
အစ္စလာမ်ဘာသာတွင် အမျိုးသမီးများသည် မိမိတို့ ကိုယ်တိုင်
တစ်လင် တစ်မယားစနစ်ကို ကျင့်သုံးချင်လျှင်တောင် ကျင့်သုံးပိုင်ခွင့်
မရှိပါ။ အဘယ်ကြောင့်ဆိုသော် မိမိ၏ လင်ယောက်ျားမှ မိန်းမ
တစ်ယောက်တည်းနှင့် မတင်းတိမ်နိုင်ကြပါလျှင် နောက်ထပ် မိန်းမ
၎ ယောက်အထိ ယူပိုင်ခွင့်ကို မုဟမ္မဒ်က ပေးထားခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
မုဟမ္မဒ်ကိုယ်တိုင်လည်းပဲ သူတော်စင်အဖြစ်ကို ခံယူပြီးချိန်မှစပြိး
စံပြ ပုဂ္ဂိုလ်ဖြစ်အောင် မိန်းမတွေ တစ်ယေက်ပြီး တစ်ယောက်ကို
လက်တွေ့ ကျကျ ယူပြခဲ့သော စံပြကိုယ်တော်ကြီးပဲ ဖြစ်ပါတယ်။
.
ပြောချင်တာက မည်သူမဆို မုန့် ကိုသာဝေစားချင် ဝေစားမှာပါ အချစ်ကိုတော့
ဝေစားလိုခြင်းမရှိပါ။ မိမိ၏ ချစ်သူ အိမ်ထောင်ဖက်ကို မိမိမှလွဲပြီး
တခြားသူနဲ့ ပေါင်းသင်းဆက်ဆံခွင့် ဘယ်ပြုချင်ပါ့မလဲ မိန်းမကောင်းမှန်ရင်။
အခုတော့ ဘာသာရေးအရ ကြောက်အောင် ခြောက်လှန့် ခြင်းခံထားရသော
မွတ်စလင် မိန်းခလေးများ၏ဘ၀ဟာ မိမိတစ်ဦးတည်းပိုင်မဟုတ်ဘဲ
မိမိလင်ယောက်ျားကို အများနှင့်သာ ခွဲတမ်းအရ ဝေစားမျှစားနေကြရသော
မိန်းကလေးများပဲ ဖြစ်ကြပါတယ်။
.
ဒါကြောင့်မို့ လည်း အစ္စလာမ်မိန်းခလေးများမှာ မိမိတို့ ၏ဘာသာတရားက
ချမှတ်ထားသောစည်းကမ်းများကို လွန်ဆန်၍မရနိုင်တဲ့အတွက်ကြောင့်သာ
ကြိတ်မှိတ်ပြီး သဘောတူခံယူထားကြခြင်းပဲ ဖြစ်ပါတယ်။
.
►► မွတ်စလင် ယောက်ျားများဘက်ကတော့ အမြဲတမ်းအသာစီးပါပဲ။
.
(ကိုးကား)
သို့ရာတွင် အကယ်၍ အသင်တို့သည် ဖမဲ့မိန်းကလေးများနှင့်
(ထိန်းမြားရာတွင် ထိုမိန်းကလေး တို့၏အခွင့်အရေးများနှင့်)ပတ်သက်၍
တရားမျှတအောင် ပြုလုပ်နိုင်ကြမည်မဟုတ်ဟု စိုးရိမ်ကြသော် (ထိုမိန်းကလေးနှင့်မထိမ်းမြားကြနှင့်)မိမိတို့နှစ်ခြိုက်သော (အခြား)
အမျိုးသမီးများအနက် (ယောက်ျားတစ်ဦးလျှင်) မိန်းမ နှစ်ယောက်စီနှင့်ဖြစ်စေ၊
သို့မဟုတ် မိန်းမသုံးယောက်စီနှင့်ဖြစ်စေ၊ သို့မဟုတ် မိန်းမ လေးယောက်စီနှင့်
ဖြစ်စေ ထိမ်းမြားကြကုန်။
(ကုရ်အာန် ၄း၃)
.
နံပါတ် (၃)
ထိုကဲ့သို့  မိဘသဘောတူတဲ့လူကို မယူချင်ပေမယ့် ယူကြရပြီးတဲ့အခါမှာရယ်၊
မိမိ လင်ယောက်ျားက မိန်းမတစ်ဦးတည်းနှင့် မတင်းတိမ်နိုင်တဲ့အခါမှာ
အိမ်ထောင်ရေး အဆင်မပြေမှုတွေ၊ မပြေလည်မှုတွေ ဖြစ်ကြရပါတယ်။
ဒီတော့ ယောက်ျားဖြစ်သူကို မိန်းမက ပြန်ပြောဆိုခြင်းတွေ၊ မိန်းမအခွင့်အရေးကို
(ဝေစားမျှစားဖြစ်နေခြင်းကြောင့်) အပြည့်အ၀မရရှိလာတဲ့အခါမှာ မိန်းမဖြစ်သူက
မိမိရဲ့ လင်ယောက်ျားအပေါ်ကို မိမိဆန္ဒတွေကို ပြောဆိုဖွင့်ဟမိခြင်း၊ မကျေနပ်မှု
များကို ပြောဆိုမှုပြုလိုက်တဲ့အခါမှာ ကုရ်အာန်ကျမ်းစာထဲမှာ ထိုသို့ ပြောမိတဲ့အတွက်
မိန်းမ မလိမ်မာရင် ယောက်ျားက ရိုက်နှက်ဆုံးမဖို့ ပြောထားပါတယ်။
အခန်းထဲမှာ သေတဲ့အထိ ထားခိုင်းထားပါတယ်။
.
ကုရ်အာန်ထဲမှာ မိန်းမက ယောက်ျားကို မလိမ်မာရင် ရိုက်နှက်ဆုံးမခွင့် ရှိပါသလား?
လုံးဝ မရှိပါ။ ကျမ်းစာထဲမှာ ယောက်ျားများဘက်ကိုသာ အသာစီးယူပြီး ပြုလုပ်ထား
တဲ့အတွက် ယောက်ျားဖြစ်သူ မလိမ်မာလို့ ပဲဖြစ်ဖြစ်၊ ဆိုးတဲ့သူပဲဖြစ်ဖြစ် မိန်းမက
ယောက်ျားကို ရိုက်နှက်ဆုံးမခွင့်ကို ပေးထားခြင်း လုံးဝ မရှိပါ။
ဒီတော့ မိန်းခလေးဘက်ကပဲ အရိုက်အနှက်ခံလိုက်ပေါ့။
.
(ကိုးကား)
သို့ရာတွင် အသင်တို့သည် (အခြေအနေကို ထောက်ထားသုံးသပ် အကဲခပ်ခြင်းအားဖြင့်) အကြင်ဇနီးသည်တို့၏သွေဖည် ပုန်ကန်မှုကို (အကယ်စင်စစ်) စိုးရိမ်ကြသော် (ဦးစွာပဌမ) အသင်တို့သည် ယင်း မိန်းမတို့အား(ယဉ်ကျေးသိမ်မွေ့စွာဖြင့်) သွန်သင်ဆုံးမပဲ့ပြင်ကြလေကုန်။ထို့နောက် (အကယ်၍ နာယူခြင်းမရှိကြသေးပါမူ) အသင်တို့သည် ထိုမိန်းမတို့အား အိပ်ခန်းများတွင် (အိပ်ရာများတွင်တစ်ဦးထီး တည်းခွဲခွါ) စွန့်ပစ်ထားကြလေကုန်။ ထို့နောက်(အကယ်၍ လိမ္မာရေးခြားမရှိကြသေးပါမူ) အသင်တို့သည် ထိုမိန်းမတို့အား (လွန်ကျူးခြင်းမရှိစေကြဘဲ ဆုံးမသောအနေနှင့်)ရိုက်နှက်ကြလေကုန်။
(ကုရ်အာန် ၄း၃၄)
.
နံပါတ် (၄)
ထိုကဲ့သို့  အစ္စလာမ်စည်းမျှဉ်းစမ်းကမ်းအရ အိမ်ထောင်မှုပြုရလျှင်တောင်
အိမ်ထောင်ရေးအဆင်မပြေ စကားများကြလို့ ကွာရှင်းမယ်ဆိုပါလျှင်
ယောက်ျားဘက်က ကွာရှင်းပေးမှသာ အကြုံးဝင်ခြင်း၊ ထို့ ကြောင့် ကွာခြင်းခြင်း
(တွာလတ်) ကို ယောက်ျားကပဲ မိန်းမကို ပေးရပါတယ်။ ကုရ်အာန်ကျမ်းထဲမှာ
မိန်းမ က ယောက်ျားကို ပေးပိုင်ခွင့် မရှိပါ။ ကျမ်းစာပိုဒ်မရှိပါ။
.
နောက်တဖန် မိမိတို့ ကို ယောက်ျားများက (တွာလတ်) ၃ကြိမ်ပေးပြီး
ကွာရှင်းခြင်းခံရပြီးသည့်နောက်မှာလည်း ထိုယောက်ျားနဲ့ ပြန်ပေါင်းချင်လျှင်
တခြားသော ယောက်ျားတစ်ယောက်နှင့် အတူနေ အတူအိပ်ပြီး ပေါင်းသင်း
ပြီးမှသာ ယခင်ယောက်ျားနှင့် ပြန်လည်ပေါင်းသင်းပိုင်ခွင့်ကို သတ်မှတ်ထား
တဲ့အတွက် မိအေး ၂ခါ နာ ဘ၀ကို ရောက်ခြင်းမလှ ရောက်ခဲ့ရပါတယ်။
.
ဒီတော့ မွတ်စလင် မိန်းခလေးများ၏ဘ၀သည် ပထမ ယောက်ျားကို
ဆိုးဆိုးကောင်းကောင်း ပေါင်းသင်းဆက်ဆံရပါတယ်။ ဘာကြောင့်လည်း
ဆိုရင် ထိုယောက်ျား၏ကွာရှင်းခြင်းကို ခံရပြီးလျှင် တခုလတ်အဖြစ်နေရင်နေ
မနေနိုင်လို့  ပြန်ပေါင်းချင်ရင် မိအေး ၂ခါနာ ဘ၀ကို ရောက်ရလို့ ပါပဲ။
.
(ကိုးကား)
(တွလာက်ရဂ်ျအီ နှစ်ကြိမ်ပေးပြီးသည့်နောက်) တဖန် အကယ်၍ လင်ယောက်ျားသည် ထိုဇနီး မိန်းမအား ထပ်မံ၍ တွလာက် ကွာရှင်းခဲ့သည် ရှိသော် (သို့သုံးကြိမ် မြောက် တွလာက် ပေးပြီးသည့်) နောက် ထိုလင်ယောက်ျားအဖို့ ထိုဇနီးမိန်းမသည် အခြား လင်ယောက်ျားတစ်ဦးဦးနှင့် နိကာဟ် ထိမ်းမြား ဆက်ဆံ ပေါင်းသင်းခြင်းမပြုသမျှ ကာလပတ်လုံး (ဟလာလ်) တရားဝင်ဇနီး ဖြစ်မည်မဟုတ်ပေ။ (ထိုကဲ့သို့ အခြားလင်ယောက်ျား တစ်ဦးဦးနှင့် ထိမ်းမြားပြီး သည့်နောက်) အကယ်၍ ထို(ဒုတိယ) လင်ယောက်ျားကလည်း ထိုဇနီး မိန်းမအား ကွာရှင်း ခဲ့ပြန်သည်ရှိသော် ထိုဇနီးမိန်းမနှင့် (ပဌမ) လင်ယောက်ျားနှစ်ဦးတို့သည် အကယ်၍ မိမိတို့နှစ်ဦးသည် အလ္လာဟ်အရှင်မြတ်၏ စည်းမျဉ်းဥပဒေများကို စောင့် ထိန်းနိုင်ကြမည်ဟု ထင်မြင်ယူဆပြီး တဖန် ပြန်လည်ပေါင်း သင်း ဆက်ဆံကြပါသော် ထိုဇနီး မောင်နှံနှစ်ဦးတို့အပေါ်တွင် တစ်စုံတစ်ရာအပြစ်မရှိချေ။ အမှန်စင်စစ် ဤသည်တို့ကား အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းဥပဒေများပင်တည်း။ ထိုအရှင်မြတ်သည် ထိုဥပဒေစည်းမျဉ်းများကို အသိအလိမ္မာ ဥာဏ်ပညာနှင့် ပြည့်စုံသောသူများအဘို့ ရှင်းလင်းစွာ ထုတ်ဖော် မိန့်ကြားထားတော်မူလေသတည်း။
(ကုရ်အာန် ၂း၂၃၀)
.
နံပါတ် (၅)
နောက်ဆုံး နံပါတ် ၅ အချက်ကတော့ ဘာသာရေး အခွင့်အရေးပဲ ဖြစ်ပါတယ်။
အစၥလာမ္ဘာသာမွာ -
ပလီထဲမှာ အားလုံးအရှေ့ စင်မြင့်ထက်မှ တရားဟောခြင်း၊ ကျမ်းကိုသင်ပြပေးခြင်း
စသော မိန်းမ အာလင်မ် ၊ မိန်းမ မော်လ၀ီ ဆိုတာ မရှိပါ။ ယောက်ျားပဲ ရှိတယ်
မိန်းမ တမန်တော် ဆိုတာလည်း လုံးဝ မရှိပါ။ ယောက်ျား တမန်တော်ပဲ ရှိတယ်။
ဒီတော့ အစ္စလာမ် မိန်းခလေးတွေရဲ့ ဘ၀က ဘယ်လောက်ထိ ဦးစားပေးမှုကို
ခံရသလဲ မခံရသလဲဆိုတာ စဉ်းစားကြည့်ကြပါရန်။
.
(ကိုးကား)
အမှန်သော်ကား ငါအရှင်မြတ်သည် အသင့်အလျင်လည်း ယောက်ျားများကိုသာလျှင်(ရစူလ် တမန်တော်များအဖြစ်) စေလွှတ်တော်မူခဲ့လေသည်။ ငါအရှင်မြတ်သည်ထိုရစူလ်တမန်တော်များထံသို့ ၀ဟီ အမိန့်တော်ကို ပို့တော်မူခဲ့လေသည်။
(ကုရ်အာန် ၁၆း၄၃)
.
စင်စစ် ငါအရှင်မြတ်သည် အသင့်အလျင်ကလည်းယောက်ျားများကိုသာလျှင်(ရစူလ်တမန်တော်များအဖြစ်) စေလွှတ်တော်မူခဲ့၏။ ငါအရှင်မြတ်သည် ၎င်းတို့ထံ "ဝဟ်ယ်"အမိန့်တော်ကို ပို့တော်မူလေသည်။
(ကုရ်အာန် ၂၁း၇)
.
****************************************************************
****************************************************************
► ဗုဒ္ဓဘာသာတွင် မိဘဖြစ်သူက သားသမီးများကို အမွေခွဲတဲ့အခါမှာ
ယောက်ျားလေးဖြစ်လို့ ၊ မိန်းခလေးဖြစ်လို့ ရယ်ဆိုပြီး ပိုပေးခြင်း လျှော့ပေးခြင်း
လုံးဝ မရှိပါ။ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် တန်းတူအခွင့်အရေးအရ
အမွေကို သာတူညီမျှသာ ရပိုင်ခွင့် ရှိပါတယ်။
.
သုတ္တန်ပိဋက ၊ ဒီဃနိကာယ် ၊ ပထိကဝဂ် ၊ သိင်္ဂါလသုတ် မှာ ယခုလို
ပြောထားပါတယ်။
.
မိဘကျင့်ဝတ် ( ၅ ) ပါး
===============
မကောင်းမြစ်တား ကောင်းရာညွှန်လတ် အတတ်သင်စေ
ပေးဝေနှီးရင်း ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင် ဖခင်မယ်တို့တာ။
(၁) မကောင်းမှုများကိုတားမြစ်ခြင်း ၊
(၂) ကောင်းမှူကောင်းရာများကိုညွှန်ပြရခြင်း ၊
(၃) အတတ်ပညာ သင်ကြားပေးရခြင်း ၊
(၄) ရင်းနှီးလုပ်ကိုင်စားဖို့ရန်ပေးရခြင်း ၊
(၅) လက်ထပ်ထိမ်းမြားပေးရခြင်း ၊
.
ဗုဒ္ဓဘာသာတွင် ယောက်ျားဖြစ်သူမှ မိမိ၏ဇနီးမိန်းမကို
မလိမ်မာရင် ရိုက်နှက်ခိုင်းထားခြင်း အလျင်းလုံးဝ မရှိပါ။
မထီမဲ့မြင်တောင် မလုပ်ဖို့ ၊ မြတ်နိုးကြင်နာဖို့  ပြောထားပါတယ်။
ဗုဒ္ဓဘာသာ မြန်မာနိုင်ငံဥပဒေအရလည်းပဲ ယောက်ျားနှင့်မိန်းမ
ကွာရှင်းခြင်းကိစ္စကို ပြုလုပ်ချင်ပါလျှင် မိန်းမဖြစ်သူဘက်မှဖြစ်စေ၊
ယောက်ျားဖြစ်သူဘက်မှ ဖြစ်စေ ကွာရှင်းပိုင်ခွင့်ရှိပါတယ်။
ထိုသို့ ကွာရှင်းပြီးလျှင်လည်း ပိုင်ဆိုင်မှုများကို လင်နှင့်မယား
တစ်ယောက် တစ်ဝက်သာ ရယူပိုင်ဆိုင်ခွင့် ရှိပါတယ်။
အစ္စလာမ်ဘာသာမှာလို မရ်ဟက်ကြေးလောက်ပဲ မိန်းမဖြစ်သူက
ရရှိတာ မဟုတ်ပါ။ လင်ယောက်ျားပိုင်ဆိုင်သမျှ တစ်ဝက်ကို မယားက
ပိုင်ဆိုင်ပါတယ်။
.
လင်ကျင့်ဝတ် ( ၅ ) ပါး
===============
မထီမဲ့ကင်း အပ်နှင်းဥစ္စာ မိစ္ဆာမမှား ၀တ်စားဆင်ယင်
မြတ်နိုးကြင် ငါးအင် လင်ကျင့်ရာ ။
(၁) မိမိမယားအား မထီလေးစားမပြုလုပ်ရခြင်း ၊
(၂) မိမိရှာဖွေရသမျှ ဥစ္စာများကို အပ်နှံရခြင်း ၊
(၃) အခြာမိန်းမများနှင့်ဖောက်ပြားကျူလွန်မှု မရှိရခြင်း ၊ (တစ်လင် တစ်မယား စနစ်)
(၄) အ၀တ်အစားများကို ဆင်ယင်ပေးရခြင်း ၊
(၅) မြတ်နိုး ကြင်နာစွာ ဆက်ဆံရခြင်း ၊
.
ဘာသာတရားအရကြည့်မယ်ဆိုပါလျှင် အမြင့်ဆုံး အမြတ်ဆုံး ဘွဲ့ ထူးဂုဏ်ထူးကို
ပိဋကတ်ကျမ်းထဲတွင် ဧတဒဂ်ရ ထေရီ (၁၃)ပါး အဖြစ် မှတ်တမ်းရှိပါတယ်
ဧတဒဂ္ဂကို ပါဠိသက် ဝေါဟာရအဖြစ် “ဧတဒဂ်”ဟု ခေါ်တွင်ကြပေ၏။ “ဧတ” နှင့် “အဂ္ဂ” နှစ်ပုဒ်တွဲစပ်နေ၍ “ဧတံ အဂ္ဂံ”ဟု ပုဒ်ဖြတ်လိုက်သောအခါ “ ဤပုဂ္ဂိုလ်သည် မြတ်၏” ဟူ၍ အဓိပ္ပါယ် ရပါသည်။ ဤပုဂ္ဂိုလ်သည် ဤအရာ ဤနေရာဌာနတွင် အထွတ်အမြတ် ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။
.
(၁) မဟာ ပဇာပတိ ဂေါတမီ။
“အဂ္ဂရတ္တညူ ဧတဒဂ်” ရတော်မူ၏။
.
(၂) ခေမာထေရီ။
“ကြီးမြတ်သော ပညာနှင့် ပြည့်စုံကုန်သော ဘိက္ခုနီတို့တွင် ခေမာထေရီသည် အမြတ်ဆုံးဖြစ်၏” ဟူ၍ “အဂ္ဂမဟာပညာ” ဧတဒဂ်ရတော်မူ၏။
.
(၃) ဥပ္ပလ၀ဏ်ထေရီ။
“တန်ခိုးဖြင့် ပြည့်စုံကုန်သော ဘိက္ခုနီတို့တွင် ဥပ္ပလ၀ဏ် ထေရီသည် အမြတ်ဆုံးဖြစ်၏” ဟူ၍ “ဣဒ္ဓိမန္တီ” ဧတဒဂ် ရတော်မူ၏။
.
(၄) ပဋာစာရီထေရီ။
“၀ိနည်းကို ဆောင်ကုန်သော ဘိက္ခုနီတို့တွင် ပဋာစာရီ ထေရီသည် အမြတ်ဆုံးဖြစ်၏။” ဟူ၍ “အဂ္ဂ၀ိနယစာရီ” ဧတဒဂ် ရတော်မူ၏။
.
(၅) ဓမ္မဒိန္နာထေရီ။
“တရားဟောတတ်ကုန်သော ဘိက္ခုနီတို့တွင် ဓမ္မဒိန္နာထေရီသည် အမြတ်ဆုံးဖြစ်၏။” ဟူ၍ “အဂ္ဂဓမ္မကထိက” ဧတဒဂ် ရတော်မူ၏။
.
(၆) နန္ဒာထေရီ။
“ဈာန်ဝင်စားခြင်း၌ မွေ့လျော်ကုန်သော ဘိက္ခုနီတို့တွင် နန္ဒာထေရီသည် အမြတ်ဆုံးဖြစ်၏။” ဟူ၍ “အဂ္ဂဈာယိနီ” ဧတဒဂ် ရတော်မူ၏။
.
(၇) သောဏာထေရီ။
“လုံ့လ ၀ီရိယ ထက်သန်သော ဘိက္ခုနီတို့တွင် သောဏာထေရီသည် အမြတ်ဆုံးဖြစ်၏။” ဟူ၍ “အဂ္ဂအာရဒ္ဓ၀ီရိယ” ဧတဒဂ် ရတော်မူ၏။
.
(၈) ဗာကုလာထေရီ။
“ဒိဗ္ဗစက္ခု အဘိညာဉ်ရကုန်သော ဘိက္ခုနီတို့တွင် ဗာကုလာထေရီသည် အမြတ်ဆုံး ဖြစ်၏။” ဟူ၍ “ဒိဗ္ဗစက္ခု အဘိညာဉ်” ဧတဒဂ် ရတော်မူ၏။
.
(၉) ကုဏ္ဍလကေသာထေရီ။
“အဘိညာဉ်အရာ၌ လျင်မြန်ကုန်သော ဘိက္ခုနီတို့တွင် ဘဒ္ဒါမည်သော ကုဏ္ဍလကေသာ ထေရီသည် အမြတ်ဆုံး ဖြစ်၏။” ဟူ၍ “အဂ္ဂခိပ္ပါဘိည” ဧတဒဂ် ရတော်မူ၏။
.
(၁၀) ဘဒ္ဒကာပိလာနီထေရီ။
“ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်ကုန်သော ဘိက္ခုနီတို့တွင် ဘဒ္ဒကာပိလာနီ ထေရီသည် အမြတ်ဆုံးဖြစ်၏။” ဟူ၍ “ပုဗ္ဗေနိဝါသာနုဿတိ” ဧတဒဂ် ရတော်မူ၏။
.
(၁၁) ဘဒ္ဒါကစ္စနာယသော်ဓရာထေရီ။
“မြတ်သော အဘိညာဉ်သို့ရောက်ကုန်သော ဘိက္ခုနီတို့တွင် ရာဟုလာမယ်တော် ဘဒ္ဒါကစ္စနာယသော်ဓရာထေရီသည် အမြတ်ဆုံးဖြစ်၏။” ဟူ၍ “မဟာဘိညာပတ္တ”ဧတဒဂ် ရတော်မူ၏။
.
(၁၂) ကိသာဂေါတမီထေရီ။
“ခေါင်းပါးသော သင်္ကန်းကိုဆောင်ကုန်သော ဘိက္ခုနီတို့တွင် ကိသာဂေါတမီသည် အမြတ်ဆုံးဖြစ်၏။” ဟူ၍ “အဂ္ဂလူခစီဝရထေရီ” ဧတဒဂ် ရတော်မူ၏။
.
(၁၃) သိင်္ဂါလမာတာထေရီ။
“သဒ္ဓါတရား အားကြီးကုန်သော ဘိက္ခုနီတို့တွင် သိင်္ဂါလမာတာထေရီသည် အမြတ်ဆုံးဖြစ်၏။” ဟူ၍ “သဒ္ဓါဓိမုတ္တ” ဧတဒဂ် ရတော်မူ၏။
.
ဒီတော့ အစ္စလာမ်ဘာသာဝင် မိန်းခလေးတစ်ယောက် ဖြစ်ရတဲ့ဘ၀ နဲ့ 
ဗုဒ္ဓဘာသာဝင် မိန်းခလေးတစ်ယောက် ဖြစ်ရတဲ့ဘ၀ နဲ့ ရပိုင်ခွင့် အခွင့်အရေး
များကို ကျမ်းစာအရ ဘာသာရေးရှုထောင့်သက်သက်မှ တင်ပြပေးလိုက်ရပါတော့တယ်။
.
By
Kaung Myat Min Soe


မူရင်းပို့ စ်- https://www.facebook.com/ARAKANHero007/posts/645717952227371

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...