Ads (728x90)



သဘောမကျဘူးဆိုတာက ကျောင်းသားတွေ အဲ့လိုတွေဆက်လုပ်နေတာ
မှားတယ်လို့ ပြောချင်တာ အမှန်ဆို အစိုးရက သူတို့ တောင်းဆိုတာကို
လက်ခံပေးထားပြီးပြီ လွှတ်တော်ထဲထိ သွင်းပြီးဆွေးနွေးဖို့ ပြင်ဆင်ဖို့ တွေလုပ်
နေကြပြီ ဒါကို ဘာလို့  မလိုလားအပ်တဲ့ ဆန္ဒပြမှုတွေဆက်လုပ်နေခဲ့လဲ
ဦးတည်ချက်ပန်းတိုင်ကိုက ဘာလဲ တောင် ကျောင်းသားတွေကို ပြန်မေးရမလို
ဖြစ်လာတယ်။

အမှန်ဆို အေးအေး ဆေးဆေးဆက်ပီး လှုပ်ရှားလို့ ရတယ်
ဟုတ်ပီ အဲ့ဒါဆိုပြောလာဦးမယ်ထင်တယ် အေးအေးဆေးဆေးဆွေးနွေးရင်
အစိုးရက လက်ခံပါ့မလား နောက်ပြီးတော့ အစိုးရက ပြင်ပေးမယ်ပြောတာကရော
ယုံလို့ရပါ့မလားမယုံရဘူးဆိုပြီးလုပ်နေလိမ့်မယ် အဲ့ဒီမှာ သူတို့ အတွက်အဖြေက
ပါသွားပြီပဲ အစိုးရကပြင်ပေးမယ်ပြောပြီးသား ဒါကို ဆက်ပီးတော့ ဆန္ဒတွေပြတယ်
ဟုတ်ပီမယုံလို့ ဆန္ဒတွေဆက်ပြတယ်ဆို အဲ့လို ဆန္ဒပြမှုတွေရဲ့ နိဂုံးမှာ အစိုးရက
ပြင်ကိုပြင်ပေးပါ့မယ်လို့  ပြောလာခဲ့ရင် လုပ်လာခဲ့ရင် ဘာထူးလဲ ဘာမှမထူးဘူး
အစကတည်းက မယုံရဘူးဆိုရင် တောင်းမနေနဲ့ လေ ဆန္ဒတွေလဲ ပြမနေနဲ့ 
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ဖို့ ဆိုပြီး စပြီး ဆန္ဒပြတယ် ဒါကို အစိုးရက
တောင်းဆိုတဲ့အတိုင်းပြင်ပေးမယ် ပြောပြီးသား အဲ့ဒါကို အထွန့် ထပ်ပီးတက်လာတဲ့
ကျောင်းသားတွေကို မေးချင်တာက တောင်းတဲ့အတိုင်းရပြီ ဘာလို့ မရပ်သေးတာလဲ
အမှန်တစ်ကယ် လိုချင်နေတာက ဒါကိုပြင်ပေးဖို့ ဆိုတာရော ဟုတ်သေးရဲ့ လားဆိုပြီးတော့ စဉ်းစားကြည့်ရင် သိနိုင်ပါတယ် မူမမှန်တာတော့သေချာတယ်။

နောက်တစ်ခုက ဒီအချိန်မှာ ၁၀ တန်းစာမေးပွဲ ရှိနေတယ် ဒါကို ကျောင်းသားဆို
သိနေရမယ် ၁၀ တန်းစာမေးပွဲဆိုတာ ကျောင်းသားတွေအတွက် အရေးအကြီးဆုံး
အချိန်ပဲ ဒီလိုအချိန်မှာ အစိုးရကတောင် ၁၀ တန်းစာမေးပွဲရှိတဲ့အတွက် မီးမှန်မှန်ပေးဖို့ 
စင်တင်တေးဂီတ တွေ စောစီးစွာပိတ်ဖို့  အသံချဲ့ စက် ဆိုတာတွေ ဆူညံစွာမဖွင့်ဖို့ 
ဆိုပြီး တောင် ထုတ်ပြန်နေတဲ့အချိန် ဒီလိုအချိန်မှာ ဆူညံဆူညံနဲ့  ဆန္ဒတွေပြနေတာ
မျိုးတွေ ကျောင်းသားဆိုသူတွေ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စလား ကျောင်းသားဆိုရင်
ဒါတွေကို နားလည်နေရမယ်လေ နောက်ဆုံးရိုင်းရိုင်းပြောရရင် လူလို နားလည်ဖို့ လိုတယ် လူလိုနားမလည်ပဲ လုပ်ချင်ရာ စွတ်လုပ်နေရင် အစိုးရက
မဖြစ်မနေ ဒါကို ဖြုခွင်းမှာပဲ အရေးယူမှာပဲ ဒါကို ထောက်ခံတယ်လုပ်သင့်တယ်
မလုပ်သင့်တာက ကျောင်းသားတွေ က ဒါတွေကို ထည့်မတွက်ပဲ သူတို့ 
လုပ်ချင်ရာတွေစွတ်လုပ်နေတယ် ဒါကို ငါလည်းမထောက်ခံဘူး အားမပေးဘူး။

လက်ရှိ အစိုးရက အမျိုးသားပညာရေးဥပဒေကိုပြင်ပေးမယ်ပြောပြီးသား ဒါဆို ရင်
လိုချင်တဲ့ ရလာဒ် ရနေပီလေ စောင့်ပါလား အဲ့ဒီကိစ္စက ဟတ်ချလောင်းဆိုပီး
ချက်ချင်း လုပ်ပစ်လိုက်လို့ ရတာမဟုတ်ဘူး အဆင့်ဆင့်အချိန်ပေးပြီးလုပ်သွားမှ
ရမှာ ဒါကို ဖြစ်သလို ပြီးစလွယ် ဒီနေ့ စပြီးပြင်တယ် ဒီနေ့ ပဲ ပီးသွားတယ်ဆိုတာမျိုး
လုပ်ပစ်လိုက်လို့ မရဘူး ဒါက မြန်မာသမိုင်းကြောင်းအတွက် အရေးပါတဲ့ အရာ
မြန်မာနိုင်ငံ တိုးတက်ရေး ဆုတ်ယုတ်ဖို့ အတွက် အရေးပါတဲ့အရာ အဲ့ဒါကို
နားလည်သဘောပေါက်ဖို့ လိုတယ်။

နောက်ပြီး ခုလို ဆူပူမှုတွေ ဖြစ်အောင် ဆန္ဒပြနေတာ ပြည်သူ သန်း ၅၀ ကျော်ရှိတယ်
ဆိုရင် သန်း ၅၀ လောက်ရှိတဲ့ပြည်သူတွေကိုမလိုလားဘူး အစွန်းထွက်နေတဲ့
လူလောက်ပဲ လိုလားလိမ့်မယ် အဲ့လိုဆူပူမှုတွေဖြစ်လာရင် အသက်အိုးအိမ်
စည်းစိမ်တွေကို ထိခိုက်လာနိုင်မလား ၈၈ အရေးအခင်းပုံစံမျိုးတွေဖြစ်လာဦးမှာလား
လူတိုင်းမှာ စိုးရိမ်ပူပန်မှု တွေ ကြောက်ရွံ့ မှုတွေ ဖြစ်လာတယ် အထင်ရှားဆုံး
အသိသာဆုံးဆိုရင် ဆန္ဒပြမှုတွေကြောင့် ကုန်ဈေးနှုန်းတွေ တက်ပြီ အဲ့ဒီမှာ
အင်ဆုံးခံစားရတာက ဒီ သန်း ၅၀ ကျော်ပြည်သူတွေပဲ ဒါက တစ်ခုပဲရှိသေးတယ်
အဘက်ဘက်ကနေ ဆုတ်ယုတ်မှုတွေ ဖြစ်ကုန်တယ် ဒီလို ဆန္ဒပြတာတွေက
ဘာ အကျိုးရလာဒ်တွေ ထွက်လာနိုင်သလည်း ဆိုရင် ကောင်းတာဆိုလို့ 
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ပေးတာ တစ်ခုပဲ ရှိမယ်
ကျန်တဲ့ ထွက်လာမယ့်ရလာဒ်တွေက ဆိုးကျိုးတွေချည်းပဲ ဒီတော့
ဒါကို အားပေးသင့်အားမပေးသင့်မှာ ၉၉% ရာခိုင်နှုန်းအားမပေးဘူး
၁%ရာခိုင်နှုန်းတော့အားပေးတယ် အဲ့ဒါက အမျိုးသားပညာရေးဥပဒေ
ကိုပြင်ဖို့ တောင်းဆိုတာအတွက်ပဲ အဲ့ဒီအမျိုးသားပညာရေးဥပဒေကိ
ပြင်ဆင်ဖို့ ထောက်ခံထာအတွက်နဲ့ ပဲ ဒီလို ပန်းတိုင်ဆိုတာ မရှိတော့ပဲ
လုပ်ချင်ရာ ဆက်လုပ်နေတဲ့ ဆန္ဒပြပွဲတွေကို ထောက်ခံအားပေးနေရမယ်
ဆိုရင်တော့ အဲ့ဒီလူ အခြေအနေက ဘယ်အခြေအနေမျိုးလဲဆိုတာ
ကိုယ့်ဘာသာပဲတွေးကြည့်လိုက်ပါ ကျွန်တော်ကတော့ အဲ့ဒီလို
လူမျိုးထဲမှာ မပါဘူးဆိုတာပါပဲ။

Ps . Comment ပေးရာမှာ ရှည်နေလို့  စာလုံးရေ ကန့် သတ်ချက်ကြောင့်
တစ်ဆက်ထဲ တင်မရလို့ Status အနေနဲ့ တင်လိုက်တာာပါ
— with Ge Pone.

မူရင်း ပို့ စ် - https://www.facebook.com/photo.php?fbid=465882966900697&set=a.330876470401348.1073741828.100004369936057&type=1

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...