Ads (728x90)



-------------------------------------------------------------------------------------

ကောင်းခါရွာမှ ကချင်ဆရာမ၂ဦးအား သတ်ဖြတ်ခဲ့သည့် တရားခံများမှာ KIA တပ်မဟာ ၂မှ တပ်ကြပ်အဆင့်ရှိ ဖောယူဂွမ် ဆိုသူနှင့် နောက်လိုက် ၂ ဦးဟု သက်သေများနှင့်တကွ စုံစမ်းရရှိထားကြောင်း သိရှိရသည်။
.
တပ်ကြပ် ဖောယူဂွမ် ၏ နောက်လိုက် ၁ဦးမှာ အမှုမဖြစ်မှီ ကချင်ဆရာမလေးနှင့် ဖုန်းအဆက်အသွယ်လုပ်ခဲ့ကြောင်း ဖုန်းမှတ်တမ်းများနှင့် အသတ်ခံရသည့် ဆရာမလေးနှစ်ယောက်၏ လက်ထဲရှိ သက်သေ ဆံပင်များအရ တွေ့ရှိရသည်။
.
သေဆုံးသူ မရမ်နုဂျာ(ခ) မရန်လုရာကိုင်ဆောင်တဲ့ ဖုန်းနံပါတ်ကို စစ်ဆေးချက်အရ တရုတ်ဖုန်းနံပါတ်သုံးမျိုးနဲ့ ဆက်သွယ်ခေါ်ဆိုထားတာတွေ့ရပါသည်။
.
၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့ ည ၁၁ နာရီ ၄၉ မိနစ်ချိန်ခန့်တွင် ဖုန်းနံပါတ် ၁၅၈၈၈၂၀၃၈၀ ဖြင့်လည်းကောင်း၊ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် မက်ဆေ့ခ်ျ ၁ ကြိမ်နှင့် ဖုန်းခေါ်ဆိုမှုတစ်ကြိမ်၊ ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့တွင် မက်ဆေ့ခ်ျတစ်ကြိမ်၊ ဇန်န၀ါရီ ၂ ရက်နေ့ ည ၉ နာရီမှစ၍ မက်ဆေ့ခ်ျ/ဖုန်းခေါ်ဆိုမှု စုစုပေါင်း ၂၂ ကြိမ်၊ ဇန်န၀ါရီ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၄၉ မိနစ်ခန့်တွင် ဖုန်းခေါ်မှုတစ်ကြိမ် ပြုလုပ်ထားသော်လည်း ဆရာမ မရမ်နုဂျာမှ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်လို့ စစ်ဆေးရေးအဖွဲ့က အတည်ပြုလိုက်ပါတယ်။

ထို့ပြင် ဇန်န၀ါရီ ၁၈ ရက်နေ့ ည ၉ နာရီ ၂၅ မိနစ်တွင် ဖုန်းနံပါတ် ၁၈၉၈၈၂၁၀၆၄၂ မှ ကချင်စာဖြင့် ``အိပ်ပြီလား´´ ဟုလည်းကောင်း၊ ည ၁၁ နာရီ ၁၉ မိနစ်တွင် ဖုန်းနံပါတ် ၁၈၉၈၈၂၁၉၀၆၇ မှ ကချင်စာဖြင့် ``အချစ်ကလေး အိပ်ပြီ လား´´ ဟု မက်ဆေ့ခ်ျပို့ထားသော်လည်း ဆရာမမှ ပြန်လည်ဆက်သွယ်ထားခြင်း မရှိကြောင်း တွေ့ရပါတယ်။
.
အခင်းဖြစ်ပွားမည့် ဇန်န၀ါရီ ၁၉ ရက်နေ့တွင် ဆရာမ မရန်နုဂျာမှ ဖုန်းနံပါတ် ၁၅၃၆၈၆၈၀၅၈ ထံသို့ နံနက် ၉ နာရီ ၇ မိနစ်တွင် ၃၉ စက္ကန့်၊ နံနက် ၉ နာရီ ၁၆ မိနစ်တွင် ၃၀ စက္ကန့်၊ နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် ၂၀ စက္ကန့်၊ နံနက် ၁၀ ၂၁ မိနစ်တွင် ၁၉ စက္ကန့်ဖြင့် အင်တာနက်အသုံးပြု၍ ဖုန်းခေါ်ဆိုစကားပြောမှုများ ပြုလုပ်ထားကြောင်းနှင့် အဆိုပါ ဖုန်းနံပါတ် အား စစ်ဆေးချက်အရ ဖော်ယူဂွမ်းအမည်ဖြင့် တွေ့ရှိရကြောင်း။
.
သေဆုံးသူ၏ လက်ထဲရှိ ဆံပင်အရှည်သည် လက်တစ်ထွာအကျော်ခန့်ရှိသည့်အတွက် စစ်တပ်မှမဖြစ်နိုင်ကြောင်းနှင့် အခင်းဖြစ်ပွားရာနေအိမ်တွင် ၀င်ပေါက် တံခါးအား ချိုးဖျက်ထားခြင်းမရှီသည့်အတွက် အတွင်းလူတစ်ဦးသာ ဖြစ်နိုင်ကြောင်း။
.
သို့ဖြစ်၍ ဖြစ်စဉ်ဖြစ်ပွားသည့် ဇန်န၀ါရီ ၁၉ ရက်နေ့တွင် သေဆုံးသူ ဆရာမ မရမ်နုဂျာမှ မာဂွမ်း(ခ)ဖော်ယူဂွမ်း၏ တရုတ် ဖုန်းနံပါတ်သို့ ၄ ကြိမ်တိုင် ခေါ်ဆိုကာ အင်တာနက်အသုံးပြု၍ စကားပြောဆိုဆက်သွယ်မှုများရှိကြောင်း တွေ့ရှိရသည့် အတွက် သေဆုံးသူနှင့် နောက်ဆုံးအချိန်ထိ ဖုန်းဆက်သွယ်မှု အများဆုံးပြုလုပ်ခဲ့သော ဖော်ယူဂွမ်းအား ထပ်မံစုံစမ်းရာ KIAမှ ဒုတပ်ကြပ် ဖောယူဂွမ် ဖြစ်နေကြောင်း သိရှိရပါသည်။
.
ယခု KIA မှ တပ်ကြပ် ဖောယူဂွမ် အား စစ်ဆေးခံရန် ငြင်းဆိုထားပြီး စစ်ဘေးဒုက္ခသည်စခန်း တစ်ခုတွင် ခိုလှုံခွင့်ပေးထားသည့်အတွက် လက်ဗွေရာနှင့် DNAစစ်ဆေးမှုများ ဆက်လက်မလုပ်ဆောင်နိုင်သေးကြောင်း သိရှိရပါတယ်။
.
ထို့ကြောင့် အမှုမှန်ပေါ်ပေါက်ရန်အတွက် တပ်ကြပ် ဖောယူဂွမ် အား လက်ဗွေရာနှင့် DNAစစ်ဆေးနိုင်ရန် KIAအနေဖြင့် ထုတ်ပေးသင့်ကြောင်း ကချင်ပြည်သူများက ဝေဖန်နေကြပါတယ်။




ဒီနေရာမှာမူရင်းသတင်းကိုကြည့်ရှုနိုင်ပါတယ်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...