Ads (728x90)


နယူးယောက်ခ်တိုင်းမ်၏အယ်ဒီတာ့အာဘော်ကို တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်သတင်းစာဖြစ်သော The Global Timesက တုံ့ပြန်ရေးထားစဉ်
တရုတ်အစိုးရသည် မြန်မာနိုင်ငံအတွင်း တရားမ၀င် သတ္တုတူးဖော်ခြင်း၊ သားရိုင်း တိရစ္ဆာန်၊ သစ်နှင့် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်ဖောက်ကား ခြင်း စသည့် ဥပဒေမဲ့လုပ်ရပ်အား လုံးကို ပြတ်ပြတ်သားသား ဆန့် ကျင်နေပြီး မြန်မာနိုင်ငံအတွင်း တရုတ်ကုန်သည်အချို့၏ အကျင့်စာရိတ္တပျက်ပြားသည့် လုပ်ရပ် ကြောင့် တရုတ်အစိုးရအပေါ် သိမ်းကျုံးစွပ်စွဲရန် မသင့်ကြောင်း တရုတ်အစိုးရက ပြောကြားလိုက် သည်။
တရုတ်ကွန်မြူနစ်ပါတီ အာ ဘော်သတင်းစာဖြစ်သည့် The Global Times သတင်းစာက ဇန်န၀ါရီ ၂၄ ရက်ထုတ် အမေရိ ကန်အခြေစိုက် နယူးယောက် တိုင်းမ် သတင်းစာပါ ‘‘မြန်မာနိုင်ငံ ၏ တန်ဖိုးကြီးသယံဇာတများကို လက်ဝါးကြီးအုပ် လုယက်နေ သည့် တရုတ်ခရိုနီအရင်းရှင်ဝါဒ’’ ခေါင်းစဉ်ဖြင့် အယ်ဒီတာ့အာ ဘော်ကို တုံ့ပြန်လိုက်ခြင်း ဖြစ် သည်။ထို့ပြင် လူနည်းစု တရုတ်လူ မျိုးအချို့၏ အကျင့်စာရိတ္တပျက် ပြားသည့် လုပ်ရပ်များက တရုတ် နိုင်ငံ၏ မြန်မာအပေါ် ထားသည့် မူဝါဒနှင့် ဆက်နွှယ်ခြင်းမရှိဘဲ မတူညီသည့် အခြေအနေနှစ်ခုကို  ရှုပ်ထွေးအောင် ရေးသားခြင်း ကြောင့် မြန်မာလူမှုအဖွဲ့အစည်း ကြားတွင်    တရုတ်နိုင်ငံအား ဆန့်ကျင်လိုသည့်စိတ်များ   ပြင်း ထန်လာအောင် နယူးယောက် တိုင်းမ်သတင်းစာက ရည်ရွယ် ချက်ရှိရှိဖြင့် ၀ါဒဖြန့်နေခြင်းသာ ဖြစ်ကြောင်း တရုတ်အစိုးရက ပြင်းပြင်းထန်ထန် တုံ့ပြန်ရေးသား ခဲ့သည်။
နယူးယောက်တိုင်းမ်သတင်း စာက ကြေးနီတောင်စီမံကိန်းတွင် ဒေသခံရွာသူတစ်ဦး သေဆုံးခဲ့ သည့်ဖြစ်စဉ်အပေါ် တရုတ်အစိုးရကို အပြစ်တင်ထားပြီး တရုတ် နိုင်ငံသည် မသိနားမလည်သည့်  မြန်မာပြည်သူများအပေါ် လိုသ လို လှည့်စားနေကြောင်းနှင့် ဖွံ့ဖြိုး ဆဲတိုင်းပြည်များ၏ သယံဇာတ များကို တရုတ်က ကိုယ်ကျိုးရှာ စီးပွားရေးလုပ်လေ့ရှိကြောင်း ဖော်ပြခဲ့သည်။ ထို့ပြင် အဆိုပါ သတင်းစာက လူ့အခွင့်အရေး ရှု ထောင့်မှ မြန်မာနိုင်ငံကို အလေး ပြုချဉ်းကပ်ရေးသားခဲ့ပြီး မြန်မာ နိုင်ငံသည် တရုတ်နိုင်ငံ၏ လက် အောက်ခံနယ်မြေတစ်ခုကဲ့သို့ ရပ် တည်နေသည့်အဖြစ်မှ တစ်စတစ်စ ရုန်းထွက်ရမည်ဟုလည်း အကြံ ပြုထားသည်။
သို့သော် မြန်မာတွင် လူ့အ ခွင့်အရေး အခြေအနေများ ဆိုး ရွားခဲ့ခြင်းမှာ အမေရိကန်က ဆယ်စုနှစ်များစွာ စီးပွားရေးပိတ် ဆို့ထားခြင်းကြောင့် တစ်ချိန်က အလှူအတန်း     ရက်ရောဆုံး တိုင်းပြည်မှာ အဆင်းရဲဆုံး တိုင်း ပြည်ဖြစ်သွားခဲ့ပြီး လူ့အခွင့်အရေး ဆိုင်ရာ အာမခံချက်များဆုံးရှုံးခဲ့ ရသည်ဟု တရုတ်အစိုးရက ပြန် လည်တုံ့ပြန်ခဲ့သည်။
တရုတ်အစိုးရ၏ မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တစ်စတစ်စ ကြီးထွားလာသည့်အပေါ် အနောက်မီဒီယာများက မကောင်း သည့်အမြင်ဖြင့် လှည့်စားပုံဖော် နေခြင်းသာ   ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု များကို ဂရုမပြုဘဲ မြန်မာကိုကူညီ နိုင်မည့် တရုတ်နိုင်ငံကို ဆွဲထုတ် ရန်သာ စဉ်းစားနေကြောင်းလည်း တရုတ်အစိုးရ အာဘော်သတင်း စာက ရေးသားခဲ့သည်။
ယခုလဆန်းပိုင်းက မြန်မာ နိုင်ငံမြောက်ပိုင်းတစ်နေရာတွင် တရုတ်နိုင်ငံသား တစ်ရာကျော် ပါဝင်သည့် သစ်ခိုးဂိုဏ်း တစ် ဂိုဏ်းကို ဖမ်းဆီးရမိခဲ့ပြီးနောက် တရုတ်နိုင်ငံသားများကို အများ ပြည်သူပိုင် ပစ္စည်းအလွဲသုံးမှု အပက(၃)ဖြင့် အမှုဖွင့်အရေးယူ ထားသည်။ ထို့ပြင် မူးယစ်ဆေး ၀ါးများကိုလည်း ၎င်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် မကြာသေးမီက လားရှိုးမြို့ရှိပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် မြန်မာနိုင်ငံသားတစ်ဦး အား တရုတ်နိုင်ငံသားများက ပြန် ပေးဆွဲသတ်ဖြတ်ခဲ့သည့်အမှု ဖြစ် ပွားခဲ့သည်။

7 Day


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...