Ads (728x90)

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့သည် ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့က နိုင်ငံတော် အာဏာကို ရယူရာတွင် ကျောက်ဆည်ဇာတိ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဒုတိယ အကြီးအကဲ အဖြစ် ပါဝင်ခဲ့သည်။
ထို့နောက် န၀တ ဥက္ကဋ္ဌဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖယ်ရှားပြီးသည့်နောက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို ပြန်လည်ဖွဲ့စည်းပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
နအဖ လက်ထက်တစ်လျှောက် ပြိုင်ဖက် စစ်အရာရှိကြီးများကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ခဲ့သော ဗိုလ်ချုပ်မှူးကြီး၏ သြဇာအာဏာသည် တိုင်းပြည်တွင် အတိုင်းအဆမရှိ ကြီးမားလာသလို ၀န်ထမ်း အဖွဲ့အစည်းများစွာကလည်း ဗိုလ်ချုပ်မှူးကြီး၏ မိသားစုအတွက် လိုအပ်သော အရာမှန်သမျှ တရားမ၀င် ဖြည့်ဆည်းပေးခဲ့သည်။ မြောက်မြားလှစွာသော ထိုကိစ္စများအနက် ကျောက်ဆည်မြို့ ထန်းလုံးတပ်ရွာ ဇာတိ ဗိုလ်ချုပ်မှူးကြီး၏ ညီဖြစ်သူ ဦးအောင်မြင့်နှင့် ဒေါ်နှင်းဆီအိမ်တွင် ဖောက်ထွင်းမှု ဖြစ်ပွားပြီး ဖမ်းဆီးရမိသည့် သူခိုးနှစ်ယောက်အား ထောင်ဒဏ်နှစ် ၁၅၀စီ ချမှတ်ခဲ့သည်ကို သိရှိသူ နည်းပါးခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး၏ ဆွေမျိုးအိမ်ကိုမှ ခိုးယူမိသော အောင်ကျော်နှင့် မိုးကြီးတို့သည် တရားသူကြီး၏ ဆင်ခြင်တုံတရားမဲ့သော ပြစ်ဒဏ်ခတ်မှုကို ခံယူရပြီးနောက် ဗိုလ်ချုပ်မှူးကြီး အငြိမ်းစား ယူသွားသည်အထိ လွတ်မြောက်ခြင်း မရှိခဲ့ပေ။ တိုင်းပြည်နိုင်ငံရေး စနစ် ပြောင်းလဲသွားသလို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ လွတ်ငြိမ်းချမ်းသာခွင့်များ အကြိမ်ကြိမ်ပေးခဲ့သော်လည်း သူခိုးကြီး နှစ်ယောက်သည် ထောင်ထဲမှာ မလွတ်မြောက်သေးဘဲ အကျဉ်းဦးစီးဌာန ထုံးဘို (၁)ရဲဘက်စခန်းတွင် တစ်ယောက်၊ ထုံးဘို(၂)ရဲဘက် စခန်းတွင် တစ်ယောက် ပြစ်မှုကြွေးကို ချွေးဖြင့် ဆပ်လျက်ရှိကြောင်း သိရှိရသည်။
Tomorrow Journal

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...