Ads (728x90)



ဓမ္မစေတီခေါင်းလောင်းဟု ယူဆရသည့် အရာသည် သံစည်ပိုင်းကြီးဖြစ်နေကြောင်း သတင်း
ထွက်ပေါ်နေမှုနှင့် ပတ်သက်၍ ဦးစံလင်းက သတင်းပေးပို့မှုမရှိသည့်အတွက် အတည်ပြုချက်မပေး
နိုင်ကြောင်း ခေါင်းဆောင်းဆယ်ယူရေးအထောက်အကူပြုအဖွဲ့ သတင်းပြန်ကြားရေးအဖွဲ့ဝင်
ဦးကြည်ဝင်းက စံတော်ချိန်သို့ စက်တင်ဘာ ၁ ရက်၌ ပြောဆိုခဲ့သည်။
ဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်ယူရာတွင် ခေါင်းလောင်းမဟုတ်ဘဲ ဂါလံ ၃၀၀ ဆံ့
သံစည်ပိုင်းကြီးဖြစ်နေကြောင်း လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြထားမှုနှင့်ပတ်သက်၍ ယခုကဲ့သို့
ပြောကြားခဲ့ခြင်းဖြစ်သည်။
‘ဒီလိုတွေ့တယ်လို့လည်း ဦးစံလင်းက ကျွန်တော်တို့ကို မပြောထားဘူး။ အခု
အချိန်မှာခေါင်းလောင်းလို့ ယူဆ တဲ့အရာကို ဆယ်နိုင်ရေး ကြိုးချည်ဖို့လုပ်နေတာ။
ကောလာဟလတွေကို မဖြေချင်ဘူး’ဟု ဦးကြည်ဝင်းက ပြောဆိုသည်။
ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးအဖွဲ့ခေါင်းဆောင်ဦးစံလင်းက ထူးခြားသည့်
ဖြစ်စဉ်များရှိလျှင် သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ပြည်သူများအနေဖြင့် စိတ်ရှည်
သည်းခံပြီး စောင့်ကြည့်ပေးရန် ကြေညာထားသည်။
‘ခေါင်းလောင်းလို့ ယူဆရတဲ့အရာကိုတွေ့တော့တွေ့ထားတယ်။ ခေါင်းလောင်း
ဖြစ်ချင်လည်းဖြစ်မယ်။ ရေအောက်ရောက်နေတော့ ဘာလဲသေချာမသိသေးပေမယ့်
အရာဝတ္ထုကြီးကြီးဆိုတာတော့ သိတယ်’ဟု ခေါင်းလောင်းဆယ်ယူရေး အထောက်
အကူပြုအဖွဲ့ ဘဏ္ဍာရေးမှူး ဦးသန်းစိန်က ပြောဆိုခဲ့သည်။
ဓမ္မစေတီခေါင်းလောင်းဟု ယူဆရသည့် ခေါင်းလောင်းကြီးကို သြဂုတ် ၁၅ ရက်
တွင် ရေငုပ်သမားများက ရှာတွေ့ခဲ့ကြောင်း သြဂုတ် ၂၆ ရက်၌ တရားဝင်သတင်း
ထုတ်ပြန်ပြီးနောက် ခေါင်းလောင်းကြီး ကုန်းပေါ်သို့ သယ်ဆောင်နိုင်ပြီးမှသာ သတင်း
ထုတ်ပြန်မည်ဟု ဦးစံလင်းက ပြောဆိုသည်။
ဓမ္မစေတီခေါင်းလောင်းကြီး ရှာဖွေဆယ်ယူမှုကို သြဂုတ် ၈ ရက်မှစ၍ ဦးစံလင်း
ခေါင်းဆောင်သောအဖွဲ့က လုပ်ဆောင်ခဲ့ပြီး သြဂုတ် ၂၆ ရက်အပြီး ဆယ်နိုင်မည်ဟု
ကြေညာထားသော်လည်း ခေါင်းလောင်းဆယ်ယူရာတွင် အခက်အခဲများနှင့် ကြုံတွေ့
နေရ၍ ခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းလုပ်ဆောင်ရန် နောက်ထပ် ၁၇ ရက် ထပ်တိုး
လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
Credit : စံတော်ချိန်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...