Ads (728x90)

Photo: ဗဟုသုတ အနေနဲ့ သာဖတ်ကြပါကုန်  -_-  

လစ္စဘွန်းသား ငဇင်ကာ
================
ဘာပဲပြောပြော အခုတစ်လော ဓမ္မစေတီခေါင်းလောင်းကြီး ဆယ် ကြပြုကြတော့ လွန်ခဲ့သော အနှစ် လေးရာကျော်က သေဆုံးသွားခဲ့ တဲ့ လူတစ်ယောက်က ချက်ချင်း ဆိုသလိုထပြီး အရေးပါလာတော့ တာပါပဲ။ သူကတော့ ငဇင်ကာဆို တဲ့သူပေါ့။ ငဇင်ကာဆိုတာ အခု ပုဇွန်တောင်ချောင်းထဲမှာမြုပ်နေ တဲ့ ဓမ္မစေတီခေါင်းလောင်းကြီးကို မြှုပ်ခဲ့တဲ့ တရားခံကြီးပေါ့လေ။ အနှစ်လေးရာကျော်က သူမွှေ သွားတဲ့အတွက် အခုလိုလူတွေ အလုပ်တွေရှုပ်ပြီး ခေါင်းလောင်း ကိုဆယ်ကြပြုကြလုပ်ရ အလုပ် များကုန်ကြတာပေါ့။
မြန်မာ့မြေပေါ်က ခေါင်း လောင်းမြုပ်မှုနဲ့ပတ်သက်နေပေ မယ့် ငဇင်ကာက မြန်မာလူမျိုး တော့မဟုတ်ဘူး။ မြန်မာမြေ ပေါက် တိုင်းရင်းသားတွေထဲက လည်းမဟုတ်ဘူး။ မြန်မာရာဇဝင် တွေမှာတွေ့ရတဲ့ အိမ်နီးနားချင်း နိုင်ငံတွေ တရုတ်၊ အိန္ဒိယတွေ လည်းမဟုတ်ဘူး။ ရှင်းရှင်းပြောရ ရင် မြန်မာပြည်ကို အနှစ်တစ်ရာ လောက်ကျွန်ပြုခဲ့တဲ့ အင်္ဂလိပ်လူ မျိုးလည်းမဟုတ်ဘူး။ ပေါ်တူဂီ နိုင်ငံကပါတဲ့။ အတိအကျပြောရ ရင် ဥရောပတောင်ပိုင်းက ပေါ်တူ ဂီနိုင်ငံမြို့တော် လစ္စဘွန်းကပါ တဲ့။ လစ္စဘွန်းသားငဇင်ကာပေါ့။အဲဒီလစ္စဘွန်းက ငဇင်ကာ လေးက ရန်ကုန် ပုဇွန်တောင် ချောင်းထဲမှာ ဘုရားခေါင်းလောင်း မြုပ်တာနဲ့ ဘယ်လိုပတ်သက် သလဲ မေးချင်ကြလိမ့်မယ်။ ရှင်း ပြရင်တော့ အရှည်ကြီးပေါ့။ ဒါ ထက်စကားမစပ် ဟောလိဝုဒ်မင်း သား ဂျွန်နီဒပ်ပါတဲ့ ကာရစ်ဘီ ယံပင်လယ်က ပင်လယ်ဓားပြ ဓာတ်ရှင်ကားတွေကြည့်ဖူးကြ လား။ အဲဒီဇာတ်ကားတွေကို နည်းနည်းကြည့်ဖူးရင်တော့ ငဇင် ကာအကြောင်း တွေးကြည့်တဲ့ အခါ ပုံဖော်လို့ ပိုလွယ်လိမ့်မယ်၊ ပိုရှင်းလိမ့်မယ်။

အဲဒီကာရစ်ဘီယံက ပင် လယ်ဓားပြတွေခေတ်ကောင်းနေ တဲ့ ၁၆ ရာစုနှစ်မှာပေါ့။ မြန်မာမှာ လည်း တောင်ငူ၊ အင်းဝ၊ မုတ္တမ တွေကလည်း မင်းနေပြည်တွေ ဖြစ်ပြီး ပဒေသရာဇ်မင်းတွေ ခေတ်ထနေတဲ့အချိန်ပဲ။ ဟိုဘက် ကမ္ဘာတစ်ခြမ်းက ပေါ်တူဂီတွေ စပိန်မှာလည်း နယ်ချဲ့စိတ်တွေနိုး ကြွနေတယ်။ အဲဒီဘက်က ကုန် သည်တွေ၊ သူရဲကောင်းတွေ သယံ ဇာတနဲ့ ဟင်းခတ်အမွှေးအကြိုင် တွေထွက်တဲ့ အိန္ဒိယနဲ့ အရှေ့ နိုင်ငံတွေကို မျက်စိကျနေတယ်။ အဲဒီတုန်းကဆိုရင် စင်ကာပူတို့၊ မလေးရှားပီနန်တို့ကလည်း ထင် ရှားတဲ့ကုန်သွယ်ဆိပ်ကမ်းမြို့ကြီး တွေပေါ့။ ကိုလံဘတ်စ်တို့၊ ဗတ် စကိုဒဂါးမားတို့လို စွန့်စားရှာဖွေ တဲ့သူတွေ အောင်မြင်တဲ့အခါ လစ္စဘွန်းက ငဇင်ကာလေးတို့လို လူတွေကလည်း သေရင်မြေကြီး၊ ရှင်ရင်ရွှေထီးဆိုပြီး အရှေ့တိုင်း ဘက်ကိုချမ်းသာဖို့အတွက် စွန့်စား ပြီး သင်္ဘောကြီးတွေနဲ့ ထွက်လာခဲ့ တာပါ။ ကာရစ်ဘီယံပင်လယ် ဓားပြကားထဲကလိုဆိုရင်တော့ ရုပ်ဆိုးဆိုး၊ ဇာတ်ကောင်စရိုက် ခပ်ဆိုးဆိုး လောဘကြီးတဲ့ ပင် လယ်ဓားပြကြီးတစ်ယောက်ပေါ့ လေ။ ပင်လယ်ခရီးမှာဆိုတော့ ရုပ်ရှင်ကားထဲကလို တစ်လမ်းလုံး  ချခန်း၊ ဖိုက်ခန်းတွေလည်းပါမှာ ပေါ့။

အဲဒီတုန်းက အရှေ့အာရှ ဘက်မှာ ပေါ်တူဂီတွေ ဘယ် လောက်ခေတ်ကောင်းသလဲဆို ရင် အိန္ဒိယနိုင်ငံ ဂိုယာမြို့ကို တောင် ပေါ်တူဂီကသိမ်း? ဘုရင်ခံ ထားပြီး သူတို့မြို့လုပ်ထားတယ်။ ငဇင်ကာတို့လို လူရမ်းကားလူ စွန့်စားတွေကိုလည်း ပေါ်တူဂီ ဘုရင်ခံက မြှောက်ပေးတာပေါ့။

လစ္စဘွန်းက ထွက်လာခါ စက ငဇင်ကာက သင်္ဘောပေါ်မှာ တောက်တိုမည်ရခိုင်းတာလုပ်ရ တဲ့ သင်္ဘောသားလေးပါတဲ့။ ကြည့်ရတာ ကာရစ်ဘီယံပင်လယ် ဓားပြရုပ်ရှင်ကားထဲက ကပ္ပတိန်စပဲရိုးအဖြစ် သရုပ်ဆောင်တဲ့ ဂျွန်နီဒပ်လောက်တောင် အဆင့်မြင့်ပုံမရဘူး။ ဒါပေမဲ့ သူက လူလည်၊ကြံရည်ဖန်ရည်ရှိတယ်။ ကြီးပွားချမ်းသာချင်တဲ့စိတ်လည်းရှိတယ်။

သင်္ဘောနဲ့ လိုက်လာပြီး မြန်မာပြည်ရောက်တော့ ရခိုင် ဘုရင်ဆီမှာ အမှုထမ်းတယ်။ အဲဒီ ကနေ မြန်မာပဒေသရာဇ်ဘုရင် တွေအချင်းချင်း စစ်မက်ဖြစ်ပွား တာမှာဝင်ပါပြီး ကူပေးတာရယ်။ ပေါ်တူဂီတွေရဲ့ အထောက်အပံ့ တွေကြောင့် လူလည်ငဇင်ကာ လည်း သန်လျင်နယ်စားဖြစ်သွား တယ်။ တချို့ကလည်း ငဇင်ကာ ကို ဇင်ကာကူလို့ခေါ်တယ်။ ဒီ ဗရစ်တိုလို့လည်းခေါ်ကြတယ်။ ရာဇဝင်ဆရာတွေကတော့ အမျိုး မျိုးငြင်းခုံပြောကြတာပါပဲ။

ဒါပေမဲ့ ငြင်းမရတဲ့အချက် ကတော့ ၁၅၉၉ ခုနှစ်မှာ သန်လျင် ကို ပေါ်တူဂီလူမျိုးငဇင်ကာက မြို့ဝန်အဖြစ် အုပ်ချုပ်ခဲ့တယ်ဆို တာပါပဲ။ ရာဇဝင်တွေအရ ငဇင် ကာကို သန်လျင်မြို့လယ်မှာ ၁၆၁၃ ခုနှစ်မှာ တောင်ငူဘုရင် နတ်ရှင်နောင်နဲ့အတူ အနောက် ဘက်လွန်မင်းက တံကျင်လျှိုပြီး သတ်ခဲ့တယ်လို့ ပြောကြတယ်။ ဘာပဲပြောပြော ငဇင်ကာဟာ သန်လျင်ကိုအနည်းဆုံး ၁၀ နှစ် လောက်အုပ်ချုပ်ခဲ့တယ်လို့ဆိုရ မယ်။ သန်လျင်ကလည်း အဲဒီ တုန်းက ပင်လယ်ဆိပ်ကမ်းမြို့ ကြီးဆိုတော့ အချက်အချာကျတဲ့ နေရာပေါ့။ ငဇင်ကာက နဂို ကတည်းက ရုပ်ရှင်ထဲကလူဆိုး ကြီးလို အကြံသမားဆိုတော့ သူ လည်း သန်လျင်နယ်စားဖြစ်ရော မြန်မာ့မြေပေါ်က အဖိုးတန်ရတ နာတွေကို ဖျက်ဆီးသိမ်းယူတော့ တာပါပဲ။ သူဖျက်ဆီးယူဆောင် တာခံရတဲ့အထဲမှာ ရွှေတိဂုံစေတီ ပေါ်က ကြေးပိဿာချိန် တစ်သိန်း ရှစ်သောင်းနဲ့ ထုထားတယ်ဆိုတဲ့ ဓမ္မစေတီခေါင်းလောင်းလည်းပါ တာပေါ့။ မြန်မာတွေကတော့ ခေါင်းလောင်းဆိုတာ ဘုရားမြေ ပေါ်က အလေးအမြတ်ထားရာ ပစ္စည်းဆိုပေမယ့် ပေါ်တူဂီတွေ ကျတော့ ကြေးတွေဆိုရင်ဖျက်ပြီး အမြောက်သွန်းလုပ်ဖို့ကြံပါတော့ တယ်။

၁၆၀၈ ခုနှစ်မှာ ငဇင်ကာ ဟာ ဓမ္မစေတီခေါင်းလောင်းအပါ အဝင် ဘုရားတွေပေါ်က အဖိုး ထိုက်ရတနာတွေကို သန်လျင် ဘက်ကိုသယ်ဖို့ကြံတယ်။ ရွှေတိ ဂုံစေတီပေါ်က ခေါင်းလောင်းကြီး ကို သန်လျင်ကိုသယ်ဖို့ ပုဇွန် တောင်ချောင်းအထိဆင်နဲ့ဆွဲပါ သတဲ့။ ဒါပေမဲ့ လှေပေါ်တင်ပြီး အသွား ပုဇွန်တောင်ချောင်းမှာ ခေါင်းလောင်းကြီးက ရေထဲပြုတ် ကျပြီး ငဇင်ကာရဲ့သင်္ဘောပါ အဲဒီ နေရာမှာမြုပ်ခဲ့တယ်လို့ယူဆကြ ပါတယ်။

အခု ပုဇွန်တောင်ချောင်းထဲ က ဓမ္မစေတီခေါင်းလောင်းကြီးကို တူးဖော်နေတဲ့အဖွဲ့တွေက အဲဒီ ရာဇဝင်ကို အခြေခံထားပြီး ခေါင်း လောင်းကြီးကို ဆယ်ယူနေကြ တာပေါ့လေ။

ဒါပေမဲ့ ဒီခေါင်းလောင်းက တကယ်ပဲရှိသလား။ ဘယ်လောက်ခိုင်မာတဲ့ စာပေအထောက်အထားရှိသလဲ။ ချောင်းထဲပြုတ်ကျတယ်ဆိုရင်တော့ ဘယ်နေရာ အတိအကျပြုတ်ကျခဲ့သလဲ။ မေးစရာတွေရှိလာပြီ။ တကယ်ရှာတွေ့မယ်ဆိုရင်တော့ သမိုင်းကြောင်းအတွက် အနှစ်လေးရာက ခေါင်းလောင်းတစ်လုံးကို ရတယ်ဆိုတာ အဖိုးမဖြတ်နိုင်တဲ့ လေ့လာစရာတစ်ခုပေါ့။ ရတနာတွေပါ ရမယ်ဆိုရင်တော့ ဘာပြောကောင်းမလဲ အတိုင်းထက်အလွန်ပေါ့။

ဓမ္မစေတီခေါင်းလောင်းကြီး က ရွှေတိဂုံစေတီပေါ်မှာရှိခဲ့တယ် ဆိုတာကိုတော့ ၁၅၈၃ ခုနှစ်မှာ ရွှေတိဂုံစေတီကိုရောက်ရှိခဲ့တယ် ဆိုတဲ့ ဗင်နစ်မြို့သားကုန်သည် ဂတ်စပါရိုဘယ်လဘီရဲ့မှတ်တမ်း မှာပြောထားပါတယ်။

သူက စေတီရင်ပြင်ပေါ်က အတန်အသင့်ကျယ်တဲ့ အခန်း တစ်ခုတည်းမှာအရမ်းကြီးမားတဲ့  ခေါင်းလောင်းကြီးကို တွေ့ရတယ်။ အဲဒီခေါင်းလောင်းမှာ စာတွေကလည်း ထိပ်ကနေအောက်ခြေအထိ အပြည့်ရေးထားတာ ဘယ်သူမှဖတ်လို့မရဘူးလို့ ရေးသားထားခဲ့ပါတယ်။ ဒါကြောင့် ခေါင်းလောင်းကြီးရှိခဲ့တယ်ဆိုတာ ဒီအထောက်အထားအရ ပြောနိုင်ပေမယ့်၊ ငဇင်ကာဆိုတာ ရှိခဲ့တာ သေချာတယ်လို့ပြောနိုင်ပေမယ့် ခေါင်းလောင်းပြုတ်ကျတာတို့၊ ရတနာတွေပါတာတို့ စတဲ့တခြားအထောက်အထားတွေကတော့ သိပ်ထင်ထင်ရှားရှား မရှိပါဘူး။

ပါးစပ်ပုံပြင်တွေ ချဲ့ကား ပြောတဲ့ရာဇဝင်တွေသာများပါ တယ်။ ဘာပဲပြောပြော အနောက် နိုင်ငံတွေမှာတောင် တစ်ချိန်တုန်း က ငဇင်ကာနဲ့ ခေတ်ပြိုင်လောက် ပေါ်ခဲ့တယ်လို့ ပြောနိုင်တဲ့ ပင် လယ်ဓားပြကြီး ပုလဲနက်ရဲ့ ရတနာသိုက်တို့၊ ပထမကမ္ဘာစစ်က ဂျာမနီသင်္ဘောပျက်တို့လို ရတနာသိုက်ရှာသူတွေ၊ ရှေးဟောင်းပစ္စည်းရှာသူတွေ၊ အုတ်ဂူတူးဖော်သူတွေရှိကြတာမို့ မြန်မာပြည်မှာ ရှေးဟောင်းခေါင်းလောင်းပဲရှာရှာ၊ ရတနာပဲရှာရှာ မထူးဆန်းပါဘူး။

ဒါပေမဲ့ ထူးဆန်းတာက တော့ မြန်မာ့နည်းမြန်မာ့ဟန်ပါပဲ။ နိုင်ငံခြားမှာ ရှေးဟောင်းပစ္စည်း ရှာဖွေသူတွေက သမိုင်းပညာရှင် တွေ၊ ရေကြောင်းကျွမ်းကျင်သူ တွေ၊ ရေငုပ်သင်္ဘောတွေ၊ ဂျီပီ အက်စ်လိုနေရာပြကိရိယာတွေ သုံးပေမယ့် ဓမ္မစေတီခေါင်း လောင်းရှာတဲ့အဖွဲ့ကတော့ မြန်မာ့နည်းမြန်မာ့ဟန် ရွတ်ဖတ်ပူ ဇော်ထိုက်သူတွေကိုသာ ပူဇော် ပသကန်တော့ပွဲပေးပါတယ်။ ဦးဆောင်သူကတော့ သံဃာတော်တွေပါ။ မြန်မာ့နည်းမြန်မာ့ဟန် ဂမ္ဘီရမိရိုးဖလာယုံကြည်မှုတွေနဲ့ထုံမွှမ်းထားတဲ့ ဒီခေါင်းလောင်းကြီးကိုဒဏ္ဍာရီထဲက  နဂါးရဲ့ အကူအညီနဲ့ရှာဖွေမယ်လို့ ရှာဖွေသူ အဖွဲ့ခေါင်းဆောင်က အတိအလင်းပြောထားပါတယ်။ တစ်နေ့ကတော့ အဲဒီနဂါးတွေက တချို့သူတွေကို ပူးကပ်ဝင်ပြီး စကားတောင်ပြောကြားခဲ့ပါသေးတယ်ဆိုပဲ။

ရန်ကုန် ပုဇွန်တောင်မှာနေ တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တစ်ဦးကတော့ ပုဇွန် တောင်ချောင်းလို ရေထုညစ်ညမ်း မှုမြင့်လှတဲ့ ချောင်းထဲမှာနေရတဲ့ နဂါးတွေကို အထူးကရုဏာသက် မိတယ်လို့ ပြောပါတယ်။ အခု တော့ ရှာဖွေရေးအဖွဲ့က ပသ အကူအညီတောင်းတာက နဂါး တွေတင်မဟုတ်ပါဘူး။ ခေါင်း လောင်းရှာဖွေတဲ့အဖွဲ့ နောက်ဆုံး အကူအညီတောင်းထားသူက တော့ ခေါင်းလောင်းကြီးကို ရေ ထဲပြုတ်ကျအောင်လုပ်ခဲ့တယ်ဆို တဲ့ ငဇင်ကာပါ။ သန်လျင်မြို့ လယ်မှာ တံကျင်နဲ့ လျှိုအသတ်ခံရ တယ်ဆိုတဲ့ ငဇင်ကာကိုလည်း သူ ကြိုက်တဲ့ဒံပေါက်နဲ့ ပူဇော်ပသ ပြီး အကူအညီတောင်းထားလိုက် ပြီလို့ သိရပါတယ်။ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့သား ငဇင်ကာက ခေါင်းလောင်းကြီးကို ရွှေတိဂုံ စေတီပေါ်က ဖြုတ်ချဖို့လုပ်တုန်း က ရန်ကုန်ကိုလာပြီး ဒံပေါက် စားခဲ့ပုံရပါတယ်။

ရှာဖွေရေးအဖွဲ့ကတော့ ခေါင်းလောင်းကြီးကို နှစ်ပတ် အတွင်း ဆယ်ယူမယ်လို့ ကြုံးဝါး ထားပါတယ်။ မြစ်ထဲက နဂါးတွေ တင်မက ငဇင်ကာကို ဒံပေါက် နဲ့ပါ ပူဇော်ပသထားတာမို့ ခေါင်း လောင်းကြီးသာရှာတွေ့ခဲ့မယ်ဆို ရင် သမိုင်းသုတေသီတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းအချက် တစ်ခုလည်းရလာမှာပါ။ အဲဒါက တော့ ပေါ်တူဂီနိုင်ငံလစ္စဘွန်းမြို့ သား ငဇင်ကာဟာ ဒံပေါက် ကြိုက်တယ်ဆိုတာပါပဲ။ ဟန်ကျ လိုက်လေခြင်း။

ကိုးကား- Danvers. Frederick Charles, The Portuguese in India.

7day daily

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...