Ads (728x90)



____________________________________________

၁. ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းခင်က အလ္လာဟ်ရှင် ဘယ်မှာ နေပါသနည်း?

၂. အလ္လာဟ်ရှင် ကို မည်သူဖန်ဆင်း ခဲ့သနည်း? အလ္လာဟ်ရှင် အဖြစ်သို့ ရောက်ရှိလာသည့် အလ္လာဟ်ရှင်၏ အတ္ထုပ္ပတ္တိ ကို ဖော်ပြပါ။

၃. ထာဝရဘုရားလို့ မြန်မာတွေသိနေတဲ့ God နှင့် ဟိန္ဒူဘုရား ဗြဟ္မဏကြီးတို့ကလည်း ဒီကမ္ဘာကြီးကို သူတို့ ဖန်ဆင်းထားတယ်လို့ ပြောနေကြပါတယ် ။ သူတို့ကို ကမ္ဘာပေါ်မှာရှိတဲ့ လူအများစုကလည်း (အိုဘားမားကြီးအပါအဝင်ပေါ့) ထောက်ခံနေကြပါတယ် ။ ဒီကမ္ဘာအပြားကြီးကို အဲသည် ဖန်ဆင်းရှင် နှစ်ပါးနှင့် အလ္လာဟ်ရှင် တို့ အတူတူပူးပေါင်းပြီး ဖန်ဆင်းကြတာလား ။ တစ်ပိုင်းစီခွဲပြီး ဖန်ဆင်းခဲ့တာလား ၊ ကိုရန်ကျမ်းစာအထောက်အထားနှင့်တကွ ရှင်းပြပေးပါ ။

၎. မွေးဖွားလာစကပင် တဦးနှင့်တဦး မတူမညီ ဖြစ်ရသည့် အကြောင်းမှန်ကို ရှင်းပြပါ။

၅. အလ္လာဟ်ရှင်သည် ကမ္ဘာကို ဖန်ဆင်းသည်ဟု ဆိုရာတွင် ဘယ်အကျိုးကို မျော်ကိုးပြီး ဖန်ဆင်းပါသနည်း?

၆. ချမ်းသာစေလိုသောကြောင့်ဟု ဆိုပါက ယခု ခန္ဓာရှိသူတိုင်း ဆင်းရဲအမျိုးမျိုး ကြုံတွေ့နေရပါသည် ။ အလ္လာဟ်ရှင် ဖြစ်စေလိုသည့် ချမ်းသာမဖြစ်သည်မှာ အနန္တတန်ခိုးတော် မရှိလို့ ဘာအစွမ်းအစမှ မရှိလို့ ဖြစ်ရသည်ဟု ဆိုပါက ဘယ်လိုပြန်လည် ဖြေရှင်းနိုင်ပါသနည်း?

၇. လူသားတို့ ကြုံနေရတဲ့ ဒုက္ခဆင်းရဲ အမျိုးမျိုး သည် သေချာလေ့လာကြည့်ပါက ခန္ဓာရှိသူတိုင်း ဒုက္ခမကင်းကြောင်း သေချာပါသည် ။ ဒါကြောင့် လူသားတို့ကို ဖန်ဆင်းသော အလ္လာဟ်ရှင်သည် ချမ်းသာကိုပေးသလား ။ ဆင်းရဲကိုပေးသလား ဆိုတာ ဖြေကြားပေးပါ။

၈. လူသားတို့ကို မေတ္တာ ဂရုဏာဖြင့် ဖန်ဆင်းသည်ဟု ဆိုပါကမည်သူကမှ မလိုချင်မတောင့်တတဲ့ အိုရခြင်း နာရခြင်း သေရခြင်းဒုက္ခဆိုးကြီးကိုပါ
ဘာကြောင့်ဖန်ဆင်းခဲ့ပါသနည်း? အလ္လာဟ်ရှင်၏ မေတ္တာကို ရှင်းပြပါ။

၉. ခန္ဓာရှိသူတိုင်း ဒုက္ခရှိသည်ဟု လူတိုင်းသိကြပါသည် ။ သင်ကိုယ်တိုင်လဲ ဒုက္ခရှိတာ ငြင်းချက်မရှိသေချာပါ၏ ။ ဒုက္ခ ဖြစ်စေနိုင်သည့် ဒီခန္ဓာကို အလ္လာဟ်ရှင် က ဖန်ဆင်းပေးသည်ဟု ဆိုပါက ဒုက္ခဖြစ်ရခြင်း ရင်းမြစ် ဒုက္ခဖြစ်အောင်ပြုလုပ်သူမှာ အလ္လာဟ်ရှင်ပင်ဖြစ်မနေဘူးလား?
ကျေးဇူးရှင်ဟုခေါ်မလား? စဉ်းစားပြီးဖြေကြည့်ပါ။

၁၀. အလ္လာဟ်ရှင်သာ မဖန်ဆင်းခဲ့လျှင် သင်ဒီဒုက္ခတွေကို တွေ့ကြုံနိုင်ပါသလား? ဒီဖန်ဆင်းရှင်၏ လက်ချက်ကြောင့် မွေးရခြင်းဒုက္ခ စီးပွါးရေး လူမူရေး ပညာရေး ကျန်းမာရေး အိမ်ထောင်ရေး သားရေး သမီးရေး အိုရေး နာရေး သေရေး ဒုက္ခအစုတို့ ဖြစ်ရသည်မှာ မည်သူငြင်းနိုင်ပါသနည်း။ စဉ်းစားပြီး သဘာဝကျကျ ငြင်းချက်ထုတ်ပါ။

၁၁. အလ္လာဟ်ရှင်သည် အနန္တမေတ္တာ၊ ဂရုဏာရှင်ဖြစ်ပါလျှက် ဘာကြောင့်လူ့ဘ၀ကို ကြမ်းတမ်းစေသနည်း? မအို မနာ မသေသော ဂျန္နတ်သုခဘုံသို့ အစကတည်းက ဘာကြောင့်မပို့ဘဲ လူသားတို့ကို ဒုက္ခ ခံစားစေသနည်း? အနန္တမေတ္တာ ဂရုဏာရှင်ဆိုသော စကားနှင့်ကိုက်ညီအောင် သုံးနှုံးဖြေကြားပေးပါ။

၁၃. မွေးခြင်း သေခြင်း ဆင်းရဲခြင်း ချမ်းသာခြင်း ပျော်ရွှင်ခြင်း ကြေကွဲခြင်း စသည့် အရာရာတိုင်းသည် အလ္လာဟ်ရှင်၏ အလိုတော်အတိုင်း သာ ဖြစ်သည် ဟုဆိုပါက၊ သူတပါး၏ စော်ကားခံရသော အမျိုးကောင်းသမီးတဦး၏ အဖြစ်ဆိုးသည် အလ္လာဟ်ရှင်၏အလိုတော် အတိုင်းဟု သဘောသက်ရောက် ဖွယ်ရှိပေသည် ။ ဒီလိုဆိုပါက အလ္လာဟ်ရှင်၏ ဂရုဏာတော်က မည်သို့နည်း?

၁၅. ဆိုးမိုက်ပြီး မလိမ္မာသော လူယုတ်မာများကို အဘယ်ကြောင့် ဖန်ဆင်းထား ပါသနည်း? သူ့ဟာသူ ဆိုးမိုက်လာရသည်ဟု ဆိုပါက အနန္တတန်ခိုးတော် ဖြင့် ပြန်လည်ရုပ်သိမ်းလိုက်သင့်ပါသည်။ အဘယ်ကြောင့် သူဖန်ဆင်းသော လူတွေကို သူမထိန်းသိမ်းနိုင်သနည်း? အလ္လာဟ်ရှင်၏ တန်ခိုးတော်က မည်သို့နည်း?

၁၆. ကိုယ့်ဟာကိုရှာစားပြီး အလ္လာဟ်ရှင်ကျွေးသည်ဟူသောစကား မိမိဘာသာစီးပွါးရှာ၍ ပြည့်စုံခြင်းကို အလ္လာဟ်ရှင် ပေးသည်ဟူသော အဓိပ္ပါယ်ကို ရှင်းပြပါ။
သင် မရှာထားပါက အစားအစာရပါမည်လော။ သင်စီးပွါးမရှာပါက ပြည့်စုံပါမည်လား ။ ထိုသို့ (စားရခြင်း၊ ပြည့်စုံရခြင်းအကျိုးတရားတို့တွင်
အလ္လာဟ်ရှင်၏ လုပ်ဆောင်ချက်ရှိပါသလား) ရှိပါက ဖော်ပြပါ။ ကိုယ့်ဟာကိုရှာစားပြီး တလွဲကျေးဇူးတင်ရာရောက်မနေဘူးလား၊ သဘာဝကျအောင်စဉ်းစားဖြေကြားပေးပါ။

၁၈. အလ္လာဟ်ရှင်သည် ဤကမ္ဘာကို ဖန်ဆင်းသည်ဟုဆို၏။ သို့သော် တခြားတခြားသော စကြာဝဠာ ဂြိလ်အသီးသီးမှ ဂြိလ်သားများ ဤကမ္ဘာသို့ရောက် ရှိနေခြင်း ရောက်ရှိလာခြင်းတွေကို သိပ္ပံသုတေသနပြုစာအုပ်များတွင် အထင်အရှား တွေ့မြင်နေရပါသည် ။ ထိုဂြိလ်သားများကို အလ္လာဟ်ရှင်ဖန်ဆင်း ခဲ့သလား ။ ဖန်ဆင်းခဲ့သည်ဆိုပါက ကျမ်းအထောက်အထား ခိုင်လုံစွာဖြင့် ဖြေကြားပေးပါ။

၁၉.သိပ္ပံစမ်းသပ်မှုတွေ၏ တိုးတက်တွေ့ရှိမူတွေ ဖြစ်ပေါ်လာတိုင်း အလ္လာဟ်ရှင်၏ ဖန်ဆင်းရှင်ဝါဒကို ငြင်းဆန်နေသကဲသို့ သက်ရောက်နေ ပါသည် ။ ထို့ ကြောင့် သိပ္ပံပညာက မှားသည်ဟုပြောမလား ။ ဖန်ဆင်းရှင်ဝါဒ မှားသည်ဟု ပြောမလား။ အဓိပ္ပါယ်ရှိရှိ ငြင်းချက်ထုတ်ပါ။
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...