အပြာရောင် စာပေအရေးအသားများ ပါဝင်နေ ၍ ဝေဖန်မှုများရှိနေသော “ရိုမန်ဘော့တွေရဲ့ ကမ္ဘာ”စာအုပ်ကို ဗီဒီယို ရိုက်ကူးရန် ကမ်းလှမ်း ထားကြောင်း ယင်းစာအုပ်ရေး သားသူ စာရေးဆရာ အောင်ရင်ငြိမ်းက ပြောသည်။ ကဗျာဆရာ ခိုင်စိုးရဲ့ မိတ်ဆွေ တစ်ယောက်က ကမ်းလှမ်းထားတာ။ ကျွန်တော်အေးဂျင့်ကို လွှဲထားတယ် ဟု ၎င်း က ပြောသည်။
အဆိုပါ စာအုပ်ကို ဗီဒီယို ရိုက်ကူးရန် ၀ယ်ယူပါက ဈေးနှုန်း မြှင့်တင် ရောင်းချမည်ဖြစ်ပြီး ရိုက်ကူးမည့် ဒါရိုက်တာ၊ မင်းသားနှင့် မင်းသမီးတို့ အပေါ် မူတည်ပြီးမှသာ ရောင်းချ သွားမည် ဖြစ်ကြောင်း ယင်းစာအုပ်ရေးသားသူက ဆိုသည်။ ယခု သီတင်းပတ်တွင် ရိုမန်ဘော့တွေရဲ့ ကမ္ဘာစာအုပ်သည် အရောင်းဆိုင်များ၌ ၀ယ်ယူ၍ မရနိုင်တော့ဘဲ စာအုပ်ရောင်းဈေး (၂၅၀၀) ကျပ်မှ (၁၀၀၀၀) ကျပ် အထိ ဈေးနှုန်းမြင့်တက် သွားကြောင်း သိရသည်။ ထို့အပြင် လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် မိတ္တူများကို ပြန်လည် ရောင်းချမှုများရှိနေပြီး ဈေးနှုန်းမှာကျပ် (၈၀၀၀) ၀န်းကျင် ရှိကြောင်း သိရသည်။
အဆိုပါ စာအုပ်အား ပုံနှိပ်ခြင်းနှင့် ထုတ်ဝေရေးလုပ်ငန်း ဥပဒေအရ အရေးယူရန် စီစဉ်နေပြီဖြစ်ကြောင်း ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ် က The Messenger Media သို့ ပြောသည်။ စာပေနယ်မှ စာရေးဆရာ အများစုက လိင်ဆက်ဆံခန်းများကို အနုစိပ်ရေးသားမှုများသည့် အတွက် ယဉ်ကျေးမှု နှင့် ကိုက်ညီမှု မရှိကြောင်း ဝေဖန်မှုလျက် ရှိသည်။
The Messenger News Daily


Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။