Ads (728x90)


တကြီးသမီး ဂီဂီ Hnin Theingi Hlaing Npg ရောက်မဆိုက် ဘာဖြစ်နေကြတာလည်း မေးလည်းမေးရင်း ဇင်ဘို Freddie Raymond ရှေ့ အမြည်းပန်းကန်ထဲက ကြွက်ကြော်ကို အားရပါးရ ကိုက်ဝါးလိုက်တယ်
အားလုံးမီးကိုရေနဲ့သတ်လိုက်သလိုပါပဲ ….. တုတ်တုတ်မှမလှုပ် …. မင်းပြောလိုက်လေ … ငါပြောလိုက်လေ ဆိုတဲ့ ပုံစံတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးရွှဲကြီးတွေနဲ့ တွတ်ထိုးနေကြရဲ့ …
“ဘာဖြစ်နေတာလဲလို့ ငါမေးနေတယ်လေ”
အသံညှောင်နာနာ စူးစူးက ထန်းတောထဲ သိမ့်သိမ့်တုံသွားရဲ့ ……
ဒီတော့မှ ဇင်ဘို ၀မ်းသာအားရနဲ့ ဂီဂိကို မျက်နှာ ချိုသွေးပြီး …
“ရွာလူမိုက် ချက်ကြီး Aüñg Kÿáw Sôë Npg ကို ငါစိန်ခေါ်နေတာလေ”
“ဘာရယ် ဘာရယ် နင်က ချက်ကြီးကို စိန်ခေါ်တယ် ဟုတ်လား” ……. ဂီဂီ မယုံသလို အသံနဲ့ မေးတော့ ….
ဇင်ဘို ရင်ဘတ်ကို နည်းနည်းမောက်လိုက်ရင်း ဂုဏ်ယူတဲ့လေသံနဲ့ “အေးဟုတ်တယ် … ဒီကောင်လေ မနေ့က နင်တို့အိမ်ကိုသွားပြီး ဘောလုံးပွဲ လုပ်မှာကို သူမသိရကောင်းလားဆိုပြီး နင့်အဖေတကြီးကို ရန်တွေ့တယ်လေ …. နောက်ပြီး နင့်အမ မီးကြီးကို ပြီတီတီ သွားလုပ်လို့ ငါက မကျေနပ်လို့ စိန်ခေါ်နေတာ” ဆိုပြီး ရင်ဘတ်ကြီးကို ပုတ်ပုတ်ပြီး ပြောရဲ့
“ဘာ”
ဝမ်းခေါင်းသံကြီးနဲ့အော်ရင်း ဂီဂီခေါင်းက ချာကနဲ ချက်ကြီးကျော်စိုးဘက်ကို လှည့်လိုက်တယ်။ လက်ထဲက လေးဂွကလည်း ပစ်ဖို့ အသင့်အနေအထား …..
ချက်ကြီးကျော်စိုး မရှိတော့ပါဘူး ….. ရဲနောင် တရွတ်တိုက် ဆွဲခေါ်သွားတာ ခပ်ဝေးဝေး ရောက်နေလို့ ပျပျပဲ မြင်ရတော့တယ်
ဒါတောင် သကောင့်သား ချက်ကြီးက အဝေးကနေ ဖလိုင်းကစ်နဲ့ တာတာ့ လုပ်နေသေးတယ် …..
“တောက် ချက်ကြီးမ ….. မူးလာရင် သူငယ်ထောင်တဲ့ ကောင်မက မမူးတော့ င့ါအမကို ရိသဲ့သဲ့ လုပ်သွားတယ်” ….. တကြီးသမီး အငယ်မ ဂီဂီ ပြောလည်းပြောရင်း ရှေ့မှာရှိတဲ့ ထန်းရည်အိုးကို တစ်ကျိုက်ထဲ ကောက်မော့လိုက်တယ်။
ထန်းရည်တစ်အိုးလုံးကုန်တော့ ဆိုင်ထဲကို ဂီဂီ ဝှေ့ကြည့်တယ် …. ဇင်ဘိုနဲ့ သူမသိတဲ့ အခြားရွာသား နှစ်ယောက်ပဲ ရှိတော့တယ် … အကုန်လစ်ပြီ ….
ဟေ့ Yangon Yarzar ဂွတို ငါစားထားတာတွေ အကြွေးမှတ်ထားလိုက် ဆိုပြီး ဂီဂီ ခြေလှမ်းက ရွာဘက်ကို လှည့်တယ်
ဟေ့ ဂီဂီ နေဦးလေ ငါလည်း လိုက်မှာပေါ့ ဆိုပြီး ဇင်ဘို လှမ်းပြောတော့ ဂီဂီ ဇင်ဘိုကို မျက်ထောင့်နီကြီးနဲ့ စိမ်းစိမ်းကြီး ကြည့်ပြီး လေးဂွနဲ့ ချိန်တော့ ဇင်ဘို လစ်ကော …
ရာဇာဂွတို ထင်တယ် …. တကြီးသမီး ဂီဂီ …. ချက်ကြီးကျော်စိုးကို မြေလှန်ရှာတော့မယ်ဆိုတာ
ဒီချိန် ဆိုင်ထဲမှာ ကျန်နေတဲ့ အခြားရွာသား နှစ်ယောက်က ရာဇာဂွတိုကိုမေးတယ်
ဟေ့ ထန်းတောရှင် …. ဒီကောင်မလေးကို ခင်ဗျားတို့ ဘာကြောင့် အဲ့လောက် ကြောက်နေရတာလဲဗျ .....
ရာဇာဂွတို ဟိုသည်ကြည့်ပြီး တကြီးသမီး မရှိမှန်းသိတော့မှ
“ဟာဗျာ ဟာဗျာ သိပ်ဆိုးတဲ့ ကောင်မလေးဗျ …. သူ့အဖေ Thiha Kyaw Zaw က တကြီး လေ … မြို့အုပ်မင်း ဦးဘိုထွန်း ကိုယ်တိုင် ရွှေစလွယ်နဲ့ နှစ်လူးပြူး ချီးမြှင့်ထားတော့ ဒီနယ်တကြော ဖိန့်ဖိန့်ကိုတုန်ရော ….. သမီးထိ နှစ်လုံးပြူးကြည့်ဆိုတော့ ဘယ်ရွာကာလသားမှ မထိရဲ မစရဲ ကြဘူးလေ …. နောက်ပြီး သူကြီးကတော် ဒေါ်မေခ M Ay K Ha ကလည်း လက်သံက ပြောင်မှပြောင် … ဒီကောင်မလေးက လေးဂွတစ်လက်နဲ့ ရွာရိုးကိုးပေါက် လျှောက်သွားပြီး ကြုံတဲ့အိမ် တက်စားတာလေ … ကျုပ်ထန်းရည်ဆိုင်မှာလည်း အကြွေး အကြွေး ဆိုပြီး စားချင်တဲ့အချိန်ဝင်စား ၀င်သောက် …. တစ်ခါမှ ပေးတယ် မရှိပါဘူးဗျာ .... …..သူက လေးဂွပစ်တာလည်း လက်က ဖြောင့်မှဖြောင့်ပဲဗျို့ … မီတာ ၁၀၀ လောက် အသာလေး ပစ်မလွဲပဲ …. အဲ …. သူမနိုင်တဲ့လူမျိုးနဲ့တွေ့ရင်တော့ အပြင်မှာသာ ကြမ်းတမ်းနေတာဗျို့ သူ့အဖေနဲ့ သူ့အမေကို မျက်ရည်တွေ ဘူးသီးလုံးလောက်ကျ ရှိုက်ကြီးတငင် ငိုယိုပြီး တိုင်တာဗျ …. သူ့သမီး ငိုလာလို့ကတော့ တကြီး နှစ်လုံးပြူးလက်က အဲ့ကောင် လွတ်အောင် ပြေးပေတောပဲ …. သူကြီးသမီး အငယ်မက အဲ့သလိုကို ဆိုးတာဗျ …..
အဲ ဒါပေမယ့် အကြီးမ မီးကြီး Yu Yu Yu ကတော့ တမျိုးဗျ

U Bo Htun

အပိုင်း(၅)ကို ဆက်လက်စောင့်မျှော် ဖတ်ရှုအားပေးကြပါဦး …..

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...