Ads (728x90)


 
+++++++++++++++++++++++++++++++++++++++++++++++++++++++
ဆူဒန်အမျိုးသမီး ကိုယ်ဝန် ၈ လ လွယ်ထားသူအား မူဆလင်သို့ မ၀င်လိုသောကြောင့် သေဒါဏ်ပေးခြင်းခံရသော သတင်းသည် ကမ္ဘာတခွင် ပြန့်နှံ့လျက်ရှိပြီး ကြားရသူတိုင်း အံ့သြတုန်လှုပ်စေပါသည်။
ဆူဒန်အမျိုးသမီး Dr Maryam Yahya Ibrahim ၏ ဖခင်သည် မူဆလင်ဖြစ်သော်လည်း သူမ မမွေးခင်မှာ ဖခင်မှ မိခင်ကို စွန့်ပစ်ခဲ့သည်။ ထို့ကြောင့် ငယ်ရွယ်စဉ်ကတည်းက အီသီယိုးဗီး ယားတွင် မိခင်နဲ့အတူ နေထိုင်ပြီး မိခင်ဖြစ်သူ၏ ဘာသာဖြစ်သော ခရစ်ယာန်အသိုင်းအ၀ိုင်းတွင် ကြီးပြင်းလာခဲ့သည်။ သူမသည် မွေးကတည်းက မူဆလင် မဖြစ်ခဲ့ဖူးပါ။
အရွယ်ရောက်လာသောအခါ ခရစ်ယာန်ဘာသာဝင် အမျိုးသားနဲ့ လက်ထပ်ခဲ့သည်။ ၂၀ လသားအရွယ် သားလေးရှိနေပြီး ၈ လ ကိုယ်ဝန်လွယ်ထားဆဲ ဖြစ်သည်။ မကြာသေးမှီက ဆူဒန်နိုင်ငံသို့ နေထိုင်ရန် ပြန်လည်ရောက်ရှိလာသည်။
ဆူဒန်နိုင်ငံ၏ ရှာရီယာ မူဆလင်ဥပဒေအရ ဖခင်ဖြစ်သူ မူဆလင်ဖြစ်ခဲ့သောကြောင့် သူမသည် မူဆလင် အမျိုးသားကိုသာ လက်ထပ်ရမည်ဖြစ်သည်။
သူမအား မူဆလင်သို့ ပြောင်းလဲရန် ၃ ရက်အချိန်ပေးရာ သူမသည် မွေးကတည်းက မူဆလင် မဖြစ်ခဲ့သောကြောင့် မူဆလင်သို့ မပြောင်းလဲနိုင်ကြောင်း ပြင်းဆန်ခဲ့သည်။
ထို့ကြောင့် သူမအား ဆူဒန်တရားရုံးမှ အမိန့် ၂ ခု ချလိုက်သည်။
(၁) သူမသည် ခရစ်ယာန်ဘာသာဝင်နဲ့ လက်ထပ်သောကြောင့် အိမ်ထောင်ရေး ဖေါက်ပြန်မှု အဖြစ် စွပ်စွဲပြီး ကြီမ်ဒါဏ် အချက် ၁၀၀ ရိုက်ရန် တရားရုံးမှ အမိန့်ချမှတ်ခဲ့သည်။
(၂) မူဆလင် ဘာသာသို့ မကူးပြောင်းလိုသောကြောင့် သေဒါဏ်ပေးခြင်း ခံရသည်။
အခုအချိန်တွင် သူမသည် ၈ လ ကိုယ်ဝန်လွယ်လျက်၊ ၂၀ လ သားလေးနဲ့အတူ အချုပ်ခန်းထဲတွင် ကြိုးချခံရမည့်နေ့ကို စောင့်လျက်နေသည်။
>>>Min Burma<<<
=========================================================

Aüñg Kÿáw Sôë Npg added 3 new photos.
Human Right ဆိုတာဘာလဲမသိတဲ့ဘာသာလား မသိချင်ယောင်ဆောင်ပီးလုပ်ချင်ရာလုပ်နေတဲ့ဘာသာလားဆိုတာ
ထင်ရှားစေတဲ့အရာတစ်ခုစိတ်မကောင်းစရာပါပဲ....
မြန်မာပြည်က မြန်မာအမျိုးသမီးတိုင်းဘာသာခြားနဲ့ 
ယူချင်တဲ့သူတွေအနေနဲ့ လူ့ အခွင့်အရေး
ဆိုတာကို ပါးစပ်ကတော့အော်နေပီး လက်တွေ့ မှာမသိချင်ယောင်ဆောင်ပီး မျက်ကွယ်ပြုထားတဲ့ဘာသာဝင်မျိုးနဲ့ လက်မထပ်မိကြပါစေနဲ့  ....
မျိုးစောင့်ဥပဒေဆိုတာ ဒီလိုဖြစ်ရပ်မျိုးတွေ ဖြစ်မလာအောင် တားဆီးပေးမယ့် ကာကွယ်ပေးမယ့် အရာတစ်ခုဖြစ်တယ်ဆိုတာ သိရှိနားလည်နိုင်ကြပါစေ....။
=========================================================
 မူရင်းပို့ စ်  => https://www.facebook.com/aungkyawsoe2013/posts/1508394462713357

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...