Ads (728x90)



ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာအသင်းများမှ ကြီးမှူး၍ ကွန်ပျူတာတက္ကသိုလ်နှင့် အမှတ်(၃) အခြေခံပညာဦးစီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၏ ကွန်ပျူတာအသုံးချနိုင်မှု စွမ်းရည်တိုးတက် ကောင်းမွန်လာစေ ရန် ရည်ရွယ်လျှက် ၂၀၁၂ ခုနှစ်မှ စတင်ပြီး နွေရာသီ အခြေခံ ကွန်ပျူတာသင်တန်းများကို ဖွင့်လှစ်ခဲ့ရာ ယခုအခါ တတိယအကြိမ်သင်တန်းများကို ဖွင့်လှစ်ရန် စီစဉ်လျှက်ရှိပါသည်။ ၂၀၁၄ ခုနှစ် နွေရာသီ အခြေခံကွန်ပျူတာ သင်တန်းများကို ဧပြီလ ၂၃၊ ၂၄၊ ၂၅၊ ၂၈၊ ၂၉၊ ၃၀ ရက်များ၌ ရန်ကုန် ကွန်ပျူတာတက္ကသိုလ် (လှော်ကား) နှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (ဗဟန်းနယ်မြေ) တို့တွင် (၆)ရက်တိတိ ဖွင့်လှစ်သင်ကြားမည် ဖြစ်ပါသည်။
ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (လှော်ကား)တွင် တာဝန်ထမ်းဆောင်မည့် စေတနာ့ဝန်ထမ်း နည်းပြ (၅၈) ဦးနှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (ဗဟန်းနယ်မြေ) တွင် တာဝန်ထမ်းဆောင်မည့် စေတနာ့ဝန်ထမ်း နည်းပြ (၁၅) စုစုပေါင်း (၇၃) ဦးအား အောက်ပါအချက်များအတိုင်း ဖိတ်ခေါ်လိုပါသည်။
၁) သင်တန်းကာလမှာ နံနက် (၉)နာရီမှ ညနေ (၄)နာရီအထိ တစ်ရက်လျှင် စာသင်ချိန် (၆)နာရီနှုန်းဖြင့် စုစုပေါင်း စာသင်ရက် (၆) ရက်ဖြစ်ပါသည်။ သင်တန်းကာလ အစမှ အဆုံးတိုင်တာဝန်ယူနိုင်ရပါမည်။
၂) Window Operating System 7, MS Office 2010 (Word, Excel, Power Point), English + Myanmar Typing, Using Internet စသော အခြေခံ အသုံးချ ဘာသာရပ်တို့ကို နည်းပြ/သရုပ်ပြအနေဖြင့် လက်တွေ့ လေ့ကျင့်သင်ကြားပေးနိုင်ရပါမည်။
၃) နေ့စဉ် စာသင်ချိန်မတိုင်မီ ၁၀ မိနစ်ကြိုတင်၍ မိမိတာဝန်ကျရာကျောင်းသို့ ရောက်ရှိရပါမည်။
၎) အသွားအပြန်ခရီးနှင့် နေ့လည်စာကို မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ရပါမည်။
၅) သင်တန်းကာလ (၆) ရက်အတွက် Daily Allowance နှင့် ဂုဏ်ပြုလက်မှတ်တို့ကို ပေးအပ်ချီးမြှင့်ပါမည်။
၆) ဧပြီလ (၄)ရက် (သောကြာနေ့) တွင် ရွေးချယ်ခံရသော စာရင်းကို ထုတ်ပြန်ပေးပါမည်။

စိတ်ပါဝင်စားသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း၊ အဆောင်(၄)၊ အခန်း(၄)၊ မြန်မာအိုင်စီတီပတ်ခ်၊ ဖုန်း-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀၊ အီးမေးလ်- yrcpaoffice@gmail.com သို့ မတ်လ ၃၁ ရက်နေ့ ညနေ ၄း၀၀ နာရီနောက်ဆုံးထား၍လျှောက်ထားနိုင်ပါသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...