Ads (728x90)



IDM_Patch ဖြင့် Firefox ဒေတာများအား အစားထိုး၍ အကောင့်များ ခိုးယူနေကြသဖြင့် သုံးစွဲခြင်းမပြုရန် လုံခြုံရေး သတိပေးချက်
April 17, 2014 at 10:43pm===================================================================

ယခုရက်ပိုင်းအတွင်း ဖြန့်ဝေနေသော IDM_Patch သည် Firefox ဒေတာများအား ကီးလော့ဂျာပါသည့် ဒေတာများဖြင့် အစားထိုးပြီး အကောင့်နှင့် ပက်စ်ဝပ်များ ခိုးယူနေသော ဒေတာသူခိုးဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသဖြင့် သုံးစွဲခြင်းမပြု ကြရန် လုံခြုံရေး သတိပေးချက်ကို ထပ်မံ ထုတ်ပြန်လိုက်ပါသည်။

၎င်း IDM_Patch ဖိုင်အား Dropbox တွင် တင်ထားပြီး shortlink ပြုလုပ်၍ ပုံပါ စာများနှင့် အတူ ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရပါသည်။





၎င်း IDM_Patch ဖိုင်၏ လုပ်ဆောင်ချက်များအား လေ့လာကြည့်သောအခါ

(၁) ပထမဆုံး %temp%\tmp\tmp\ ထဲသို့ ဖိုင်(၆)ဖိုင် ဖြည်ချပါသည်။

(၂) ဖိုင်ဖြည်ပြီးလျှင် inv.vbs ဖြင့် run.bat ကို တိတ်တဆိတ် ခေါ်သည်။

(၃) run.bat မှ 1,2,3,4 နံပါတ်စဉ်အတိုင်း ခေါ်၍ run ပါသည်။

(၄) ပထမဆုံး 1.temp01.bat ဖြင့် Firefox ကို အတင်းပိတ်ချပစ်လိုက်သည်။



(၅) 2.temp02.exe အား tmp_ အဖြစ် ဖြည်ချသည်။ ၄င်းတွင် firefox ၏ တခြားမှ *.default ဖိုင်များ ပါဝင်ပါသည်။

(၆) အထူးခြားဆုံးမှာ helper@savefrom.net.xpi add-on အား ထည့်သွင်းသွားပါသည်။

(၇) ၄င်း Add-on တွင် Firefox တွင် ရိုက်သမျှ အကောင့်နှင့် ပက်စ်ဝပ်များ ခိုးယူမည့် ကီးလော့ဂျာကုတ်များ ပါဝင်ပါသည်။



(၈) 3.temp03.bat ဖြင့် မိမိစက်ထဲမှာ Firefox ၏ အလုပ်လုပ်နေသော ဒေတာများ ထားရှိသည့် (%APPDATA%\Mozilla\Firefox\Profiles\) *.default folder အား ဖျက်လိုက်သည်။

(၉) ၄င်း နေရာတွင် (၅)မှာ ဖြည်ချထားသည့်ဖိုင်များအား အစားထိုး ကူးထည့်လိုက်ပြီး Firefox အား ပြန်ဖွင့်ပေးသည်။

(၁၀) IDM အား Patch လုပ်ရန် 4.temp04.exe ဖိုင်အား ခေါ်ယူပေးသည်။ သို့သော် ၄င်းမှာ Malicious ဖိုင်ဖြစ်နေသဖြင့် Antivirus များက တား၍ ဖျက်သည်။

(၁၁) အားလုံးပြီးသောအခါ ဖြည်ချထားသည့် %temp%\tmp ထဲမှ ဖိုင်များအားလုံးကို လက်စဖျောက် ဖျက်ပစ်လိုက်သည်။

အချုပ်အားဖြင့် မိမိစက်ထဲမှ Firefox ဒေတာများအား ဖျက်၍ အကောင့်နှင့် ပက်စ်ဝပ်များ ခိုးယူမည့် SaveFrom.net helper 1.50 ကီးလော့ဂျာ အက်အွန် ပါဝင်သည့် Firefox ဒေတာများဖြင့် အစားထိုး ထည့်သွားခြင်းသာ ဖြစ်သည်။ သို့ဖြစ်၍ Firefox တွင် ရိုက်သမျှသော အကောင့်နှင့် ပက်စ်ဝပ်များအား အလိုအလျှောက် ခိုးယူသွားနိုင်ပါတော့သည်။

ယခု ဤစာရေးနေချိန်တွင် နားလည်ကျွမ်းကျင်သူများမှ SaveFrom.net helper 1.50 တွင်ပါသည့် ကီးလော့ဂျာမှ ခိုးယူထားပြီးသော အကောင့်နှင့် ပက်စ်ဝပ်များ ထားရှိသည့် အင်တာနက်ပေါ်မှ log ဖိုင်နေရာအား ရှာဖွေ၍ အကောင့်နှင့် ပက်စ်ဝပ်များအား သူခိုးလက်မှ သူဝှက်လု ရယူနေပြီ ဖြစ်သည်။



သို့ဖြစ်၍ ၄င်း IDM_Patch သုံးစွဲခြင်း မပြုကြပါရန်နှင့် သုံးမိပါက မိမိတို့၏ Firefox တွင် Tools > Extension မှာ SaveFrom.net helper 1.50 အား ဖြုတ်ပယ်ထားရန်၊ ၄င်းအား ဖြုတ်ပြီးမှသာ အကောင့်များ ပြန်ဆယ်ယူခြင်းကို လုပ်ဆောင်ရန်၊ အကယ်၍ ၄င်းအား မဖြုတ်ဘဲ ထားပါက Firefox တွင် ရိုက်သမျှသော အကောင့်နှင့် ပက်စ်ဝပ်များသည် သူခိုးများ၏ log သို့ အလိုအလျှောက် ပေးပို့နေပါလိမ့်မည်။



၎င်း IDM_Patch ဖိုင်အား ဖြန့်ဝေပေးနေသည့် နေရာများ

(၁) Internet Journal

Facebook Page > https://www.facebook.com/InternetJournal/photos/a.268917586421.182068.267077651421/10152302714676422/?type=1&stream_ref=10

Twitter > https://twitter.com/InternetJournal/status/456162395212115969

သူတို့ ဆိုဒ်တွင်လည်း တင်မည် ထင်ပါသည်။ အထောက်အထား ရှာမတွေ့သေးပါ ...





(၂) အောင်ကျော်ခိုင် (ပုသိမ်) ရဲ့ Software မြို့တော်

FB page >https://www.facebook.com/softwarecity.aungkyaw/photos/a.503615419701090.1073741825.495930940469538/704910309571599/?type=1&stream_ref=10





(၃) Myanmar Forward

https://www.facebook.com/photo.php?fbid=779004082118368&set=a.525906970761415.129382.525889830763129&type=1&stream_ref=10

(၄) Internet for Myanmar

https://www.facebook.com/internetformm/photos/a.431998393566684.1073741828.431987570234433/488328077933715/?type=1&stream_ref=10





မနေ့က တင်ထားကြတာဖြစ်ပြီး အခုထိ လက်လှမ်းမီသမျှ ရှာတွေ့ထားတာကိုပဲ တင်ပြလိုက်ပါတယ်။ ကျွန်တော် မတွေ့တဲ့ တခြား နေရာတွေမှာလည်း ရှိနေနိုင်ပါသေးတယ်။ Credit ပေးထားတဲ့ Mg Nay Min ဆိုတာကို ဖေ့ဘွတ်ခ်မှာ ရှာရာမှာ (၃)ဦး တွေ့ရပြီး သူတို့ဝေါတွေပေါ်မှာတော့ အဆိုပါ ပို့စ်ကို မတွေ့ရှိရပါ။ ထပ်ဆင့် share ထားကြတာလည်း တော်တော်များများ တွေ့နေရပါတယ်။ Internet Journal က 198 shares , Software မြို့တော်က 14 shares ယူသွားကြတာကို တွေ့ရပါတယ် ...

ဒါ့ကြောင့် မိမိတို့ အကောင့်လုံခြုံရေးကို ဘယ်ဆော့ဖ်ဝဲလ် ဘယ်နည်းပညာကမှ 100% အာမ မခံနိုင်ဘဲ မိမိတို့ဘာသာ ကိုယ်ပိုင်အသိ သတိတွေနဲ့သာ စောင့်ရှောက်ကြရမှာဖြစ်ကြောင်း လေ့လာတင်ပြလိုက်ပါတယ် ... ဆက်လက်ပြီးတော့ ၄င်း IDM_Patch အား မိမိတို့ သူငယ်ချင်းများ ဒေါင်းမသုံးရသေးခင် အမြန်ဆုံးသိရှိနိုင်အောင် လက်ဆင့်ကမ်း အသိပေးသင့်ပါတယ် ...

------------------------------------------------

PoleStar Minn Minn Aung

https://www.facebook.com/PoleStarMMA

------------------------------------------------

အကောင့်လုံခြုံရေးအတွက် ဆက်လက်ဖတ်ရှုသင့်သော ဆက်စပ်ပို့စ်

https://www.facebook.com/notes/polestar-minn-minn-aung/%E1%80%A1%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B7%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%95%E1%80%80%E1%80%B9%E1%80%85%E1%80%B9%E1%80%9D%E1%80%95%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%81%E1%80%AD%E1%80%AF%E1%80%B8%E1%80%9A%E1%80%B0%E1%80%B1%E1%80%9E%E1%80%AC-bill-stoppe-add-on/651864991516539

 ============================================ 

ဒီပို့ စ်လေးကို မသိနားမလည်သေးသူများ ထံသို့ အမြန်ရောက်စေရန် 

ကိုယ့် Friends List ထဲမှာရှိသမျှသူငယ်ချင်းများအားလုံးကို ဒီပို့ စ်လေးကို  

ခေါ်ပြီးပြချင်တယ်ဆိုရင် အောက်ပါ  Auto Mention Script လေးကိုအသုံး

ပြုပေးစေလိုပါတယ်။ လိုက်လံပြီး Share ပြုလုပ်နေစရာမလိုပါဘူး ...

Script ကိုအသုံးပြုပေးလိုက်တာနဲ့ ဒီပို့ စ်အောက်ကို အလိုလျောက်  

ခေါ်ပြီးသားဖြစ်နေမှာပါ ... ။


============================================

Script အသုံးပြုနည်း------------------------

1. Copy all the code here - http://pastebin.com/07bfNrWP

2. Go back to www.facebook.com

3. Press Ctrl+Shift+J if you are using Google Chrome

-- Press Ctrl+Shift+K if you are using Mozilla Firefox

4. Click console.

5. Paste all the code on the box / space provided

6. Press Enter and enjoy your followers



Error ? Inbox me.



နံပါတ်> 1 <=> http://pastebin.com/07bfNrWP/text  ဒီနေရာကိုသွားပါ။

ပြီးလျှင် အောက်ဆုံးကိုဆင်းပြီး RAW Paste Data ဆိုသည့် ခေါင်းစဉ်အောက်မှ

Script Code လေးကို Ctrl+A (Select All ) လုပ်ပါ Ctrl+C (Copy) ကော်ပီကူးယူလိုက်ပါ

Dorpbox = > https://www.dropbox.com/s/yxwingdfjp82r5r/Mention%20for%20IDM_Patch%20Account%20Hack%20Add-on%20%20%20Post.txt (ဒီကနေလဲယူလို့ ရပါသည်)



နံပါတ် 2 => Mozilla Firefox Browser အသုံးပြုသူဆိုပါက ကီးဘုတ်မှ

Ctrl+Shift+K ဆိုသည့် Key ၃ခုကို တပြိုင်ထဲ စုံနှိပ်ပေးလိုက်ပါ..

Chrome Browser အသုံးပြုသူများအနေနဲ့  Ctrl+Shift+J သို့ မဟုတ်

F12 ဆိုတာလေးကို နှိပ်ပေးလိုက်ပါပြီးလျှင် Console Box လေးထဲမှာ

Script Code လေးကိုထည့် ပီး Enter ခေါက်ပေးလိုက်လျှင် ရပါပြီ ။




Facebook တစ်ခုလုံးအနက်ရောင်အဖြစ်ပြောင်းသွားလျှင်

၃၀ စက္ကန့် လောက်စောင့်ပေးပါ
။ ပြီးလျှင် ပြန်ပိတ်လိုက်လို့ ရပါပြီ ...

ကျေးဇူးပါ ကူညီပေးခဲ့တဲ့အတွက် ... :)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...