Ads (728x90)

Photo: ကမ္ဘာ့ဖလားဝင်ခွင့်အတွက် သင်္ကြန်ကာလ၌ပင် လေ့ကျင့်နေသည့် မြန်မာ အမျိုးသမီးသင်း
====================================

ရန်ကုန် ဧပြီ ၁၄

သင်္ကြန်ကာလ ဆိုသည်မှာ နှစ်ဟောင်းမှ အညစ်အကြေးများကို အတာရေစင်ဖြင့် ဆေးကြောကာ နှစ်သစ်ကို ကြိုဆိုခြင်းဖြစ်သည်။ သင်္ကြန်ကာလမှာ အများပြည်သူများ၏ အားလပ်ရက်ဖြစ်သော်လည်း မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းမှာ နိုင်ငံအတွက်၊ မြန်မာ့ဘောလုံး လောကအတွက်၊ ကမ္ဘာ့ဖလား ဝင်ခွင့်ရရှိရေး အတွက်သင်္ကြန်ကာလများ၌ပင် အနားမယူဘဲ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိသည်။

၂၀၁၄ အာရှဖလားအမျိုးသမီး ဘောလုံးပြိုင်ပွဲ နောက်ဆုံးအဆင့်ပွဲစဉ်များကို မေလ ၁၄ ရက်မှ ၂၅ ရက် အထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ကျင်းပသွားမည်ဖြစ်သည်။

မြန်မာအသင်းမှာ အုပ်စု(ခ)တွင် တောင်ကိုရီးယား၊ တရုတ်၊ ထိုင်းတို့နှင့် အတူပါဝင်နေပြီး အုပ်စု(က)တွင် အိမ်ရှင် ဗီယက်နမ်၊ ဂျပန်၊ ဩစတြေးလျနှင့် ဂျော်ဒန်အသင်းတို့ပါဝင်လျက်ရှိသည်။

၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ကမ္ဘာ့ဖလားအမျိုးသမီး ဘောလုံးပြိုင်ပွဲကို အာရှတိုက်မှ ငါး နေရာယှဉ်ပြိုင် ခွင့်ရရှိထားပြီး ဆီမီးဖိုင်နယ်ရောက် အသင်းလေးသင်းနှင့် အုပ်စုတတိယရ အသင်းနှစ်သင်းတွေ့ဆုံသောပွဲမှ အနိုင်ရသောအသင်း တို့မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်သည်။

အာရှထိပ်သီးအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သောကြောင့် မြန်မာအသင်းမှာ ဆီမီးဖိုင်နယ် တက်ရန် မလွယ်ကူရာ Play-off အဆင့်မှ ကမ္ဘာ့ဖလားဝင်ခွင့် ရရှိရန် မျှော်မှန်းထားခြင်းဖြစ်သည်။ မြန်မာအသင်းမှာ အုပ်စု၌ တတိယနေရာရရှိရန် ဒေသတွင်းပြိုင်ဘက်ထိုင်း အသင်းနှင့် အဓိကယှဉ်ပြိုင်ရ ဖွယ်ရှိ နေသလို Play off အဆင့်သို့ တက် ရောက်ခဲ့ လျှင်လည်း ဗီယက်နမ် အသင်းနှင့်တွေ့ဆုံဖွယ်ရှိနေသည်။

ကမ္ဘာ့ဖလား ဝင်ခွင့်တစ်နေရာအတွက် အာဆီယံဒေသတွင်း မှအသင်းများနှင့်သာ အဓိကယှဉ်ပြိုင် ရမည်ဖြစ်သောကြောင့် မြန်မာအသင်းအနေဖြင့် မျှော်လင့်ချက် များရှိနေပြီး သင်္ကြန်ကာလ၌ပင် သင်္ကြန်ကာလ၌ပင် လေ့ကျင့်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်နေခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းမှာ ပြိုင်ပွဲမတိုင်မီ တရုတ်နိုင်ငံတွင် သွားရောက်လေ့ ကျင့်ရန် စီစဉ်ထားကြောင်း သိရသည်။ မြန်မာအမျိုးသမီးအသင်းမှာ အာရှဖလားပြိုင်ပွဲအတွက် ပဏာမကစားသမား ၂၉ ဦးဖြင့် ပြင်ဆင်လျက်ရှိပြီး ဂျပန်လူမျိုးနည်းပြကုမာဒါက ကိုင်တွယ်လျက်ရှိသည်။

(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်မရခဲ့သော်လည်း ပရိသတ်တို့၏ အားပေးမှုကို အပြည့်အဝ ရရှိခဲ့သည့် မြန်မာအမျိုးသမီးဘောလုံး အသင်းအနေဖြင့် ကမ္ဘာ့ဖလားဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပြီး မြန်မာဘောလုံးသမိုင်းစာမျက်နှာသစ်ကိုဖွင့်လှစ်နိုင်မလားဆိုသည်ကို စောင့် ကြည့်ရပေမည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...