Ads (728x90)



Photo: သူများနဲ့ ညားတဲ့ ငါ့ရည်းစား

ရဲသူရိန်မင်း 
+++++++

၈၈ မျိုးဆက်ကျောင်းသားဆောင်ဦးကိုကိုကြီး နဲ့ ချစ်သော မခင်သူသူဝင်း တို့ ခင်ဗျား၊ ကျွန်တော် ပထမဦစွာ ဦးကိုကိုကြီးနဲ့ ဇနီး ခင်သူသူဝင်း ကို congratulations အားလုံးနည်းတူပေါ့၊ လုပ်ပါရစေ။ ကျွန်တော်ကို ဦးကိုကိုကြီးမှတ်မိချင်မှမှတ်မိလိမ့်မယ်။ ဦးကိုကိုကြီးဇနီး ခင်သူသူဝင်းကတော့ကျွန်တော်ကိုသိပါတယ်။ ကျွန်တော်က ဦးကိုကိုကြီးထက်အသက်အများကြီးငယ်ပါတယ်ဗျာ။ ဦးကိုကိုကြီးကကျွန်တော့် ဦးလေးအ ရွယ်ပါ။ ဦးကိုကိုကြီးနောက်ကျွန်တော့် ရည်းစား ခင်သူသူဝင်းပါသွားပြီးကတည်းက၊ကျွန်တော်မှာ တော်တော်လေး အသဲကွဲနေရပါတယ်။ နားမလည်နိုင်အောင်ဖြစ်နေရပါတယ်။ 

အခုတော့ facebook, journal, newspapers တွေမှာ ဦးကိုကိုကြီးနဲ့ ခင်သူသူဝင်း ဟာ နှစ်ပေါင်းများ စွာ က တည်းက ချစ်ကြိုက်ခဲ့တယ်ဆိုတာ အံအားတသင့် သိနားလည် လိုက်ရပါတယ်။ မယုံနိုင်စရာပါဘဲ။ ဒါတွေအားလုံးကို ကျွန်တော့်ချစ်သူခင်သူသူဝင်း ဘယ်တုန်းကမှ၊ ကျွန်တော့်ကို မပြောခဲ့ရပါလားဗျာ။ ကျွန်တော်ဦးကိုကိုကြီး တို့လွှတ်တုန်းကဆိုရင်၊ ဂုဏ်ယူဝမ်းသာ တဲ့အထည်းမှာ ကျွန်တော် နဲ့ ကျွန်တော့်မိ သားစု ကရှေ့ဆုံးကပါ။ အခုတော့ကျွန်တော် ဂုဏ်မယူချင်တော့ပါ။ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ကိုလည်း အရင်လို မလေးစားနိုင်တော့ပါ။ ဦးကိုကိုကြီးခင်ဗျား၊ facebook, journals, newspapers တွေရေးနေကြသလို၊ ဦးကိုကိုကြီး နဲ့ကျွန်တော့် ချစ်သူခင်သူသူဝင်းဟာ နှစ်ပေါင်းများစွာ ကတည်းချစ် ခဲ့ကြ တယ်ဆိုတာ၊ လိမ်လည်မှုကြီးတခုပါ။ ကျွန်တော်စုံးစမ်းသိရှိရသလောက်၊ ဦးကိုကိုကြီးမှာရည်ရွယ်ထား သူရှိပါတယ်။ 

ဦးကိုကိုကြီး ရည်ရွယ်ထားသူက ဦးကိုကိုကြီး ကိုထောင်ကျနေစဉ်ကာလတလျှောက်လုံးသိစ္စာရှိစွာနဲ့ စောင့် ခဲ့ပါတယ်။ ဦးကိုကိုကြီး နဲ့လည်း ထောင်ကျစဉ်ကာလတလျှောက်လုံး စာအဆက်အသွယ်ရှိခဲ့ပါတယ်။ ဦးကိုကိုကြီး ထောင်ကလွှတ်လာတော့လည်း အဝေးကနေ မြန်မာပြည်ကိုပြန်ခဲ့ပါတယ်။ ဒါပေမဲ့၊ ဦးကိုကိုကြီး ဟာသူမရဲ့ ပွင့်ပွင့်လင်းလင်း ၈၈ တွေကိုဝေဖန်တတ်တဲ့အကျင့် ကိုမကြိုက်လို့ စီစဉ်ထားတဲ့မင်္ဂလာပွဲကို တဖက်သက်ဖျက်သိမ်းလိုက်တာလို့ ကြားသိရပါတယ်။ နောက်ဆုံး သူမပြောသွားကတော့၊ မင်္ဂလာပွဲအတွက် အင်္ကျီးသွားအပ်တဲ့အိမ်မှာပါ။ အပ်ချုပ်ဆိုင်ရှင်က သူမကို ဘယ်လို ဦးကိုကိုကြီးနဲ့ တွေ့ခဲ့ရတာလည်း လို့မေးတော့။ နိုင်ငံရေး ကြောင့်ပါလို့ဖြေပါတယ်။ အခုရောဘယ်လိုမြင်ပါသလည်းလို့ ထပ်မေးတဲ့ အခါ၊ သူမက သက်ပြင်းချပြီး အားမလိုအားမရ နဲ့ နိုင် ငံရေး အရ တယောက်မှမကြိုက်ပါ။ မှုလည်းမကြိုက်ပါလို့ ပြန်ဖြေပါတယ်တဲ့။ အဲ့ဒီနေ့ညမှာဘဲ ဦးကိုကိုကြီး အပြန်မှာ ဦးကိုကိုကြီး ကိုယ်တိုင် အင်္ကျီးသွားအပ်တဲ့အိမ် ကို ညကြီး ဖုန်းဆက်ပြီး အားလုံးကို cancel လုပ်လိုက်တယ်လို့ ဦးကိုကိုကြီး တို့ရဲ့ ၈၈ အဖွဲ့ ဝင် တွေက ပြန်ပြောကြပါတယ်။ 

တကယ်တော့ သူမဟာ မကွယ်မဝှက် စိတ်ထည်းရှိတဲ့ အတိုင်း ပြောခဲ့ တာဖြစ်ပါလိမ့်မယ်။ အခုလည်း မြန်မာနိုင်ငံသား အများစုက အဲလိုဘဲ ထင်ကြတာပါ။ မြန်မာနိုင်ငံသားအများစုက အစိုးရဖက်မှာရော၊ အတိုက်အခံဖက် မှာရော၊ ခေါင်းဆောင်ကောင်းများမရှိကြဘူးလို့ယုံကြည်ထားကြတာပါ၊ 

ကျွန်တော်ဒီအကြောင်းတွေကိုသိထားတာကြာပါပြီ။ ကျွန်တော် ကိုလာရောက်ပတ်သက်လိမ့်မယ် လို့မမျှော် လင့် ထားပါ။ အခုတော့ ဦးကိုကိုကြီး အမေရိကားကိုသွားတဲ့ အချိန်ကစလို့ ကျွန်တော့်ချစ်သူခင်သူသူဝင်း ဟာ ဦးကိုကိုကြီး နောက် တ ကောက်ကောက်လိုက်ပြီး ကျွန်တော့်ကို သစ္စာဖေါက်သွားတဲ့အခါမှ၊ ကျွန်တော်အသဲကွဲမှ ဦးကိုကိုကြီး ကိုယ်တိုင်ရဲ့ ယုတ် မာစွာ သစ္စာဖေါက်ခြင်းခံလိုက်ရတဲ့ အမ နေရာ ကနေ စဉ်းစားကြည့်ပါတယ်။ ဘယ်လောက် ရင် နာ လိုက်မလဲ။ ဦးကိုကိုကြီး နဲ့ ခင် သူသူဝင်း တို့ ၂ ယောက် ကျွန်တော် အခု ခံစားနေရ သလို ဘယ်သော် အခါမှ မခံ စား ရပါစေနဲ့။ ဦးကိုကိုကြီး ရဲ့ ၈၈ အဖွဲ့ ဝင်တွေပြော ထားသလိုပဲ့ ခငိဗျား တို့ ၂ ယောက်လိုက်ဖက်ပါတယ်။ 

ဦးကိုကိုကြီးခင်ဗျား၊ ခင်ဗျားပြောလေ့ရှိပါတယ်။ ကျွန်တော် မြန်မာပြည်ကြီးကို စစ်ဖက်နပ်အောက်က ကယ်တင်ချင်လို့ပါတဲ့။ ဟုတ်ကဲ့ခင်ဗျား၊ အခုခင်ဗျား တို့၂ယောက် ရွှေသံလွင်(skynet) ကပေးမဲ့ တိုက်ခန်း၊ကား တစီး၊ ဇေကမ္ဘာခင်ရွှေ ကပေးမဲ့ အလုံးစုံမင်္ဂလာဆောင်ကုန်ကျစားရိတ်၊ တခြား ခရိုနီတွေဆီကရမဲ့ ၊ စိန်၊ရွှေ၊ ကျောက်၊ ပတ္တမြား ရတနာပေါင်းစုံ ၊ ကားများနဲ့ အတူ မြန်မာပြည်ကြီးကို စစ်ဖက်နပ်အောက်က အတူတကွ၊ ကယ်တင်နိုင်ကြပါစေ။ ခင်ဗျားတို့ရမဲ့ တန်းဖိုးကြီး လက်ဖွဲ့ ပစ္စည်းတွေထည်းမှာ၊ ခင်သူသူဝင်း ရဲ့ သစ္စာဖေါက်ခြင်းခံလိုက်ရ တဲ့ ကျွန်တော် နဲ့ ခင်ဗျားသစ္စာဖေါက်ခြင်းခံလိုက်ရ တဲ့ ခင်ဗျားရည်းစား တို့ရဲ့ အသည်းနှလုံး၊ ပျက်စီးသွားတဲ့ ကျွန်တော်တို့ဘဝတွေ ပါ ပါတယ်ဆိုတာ မမေ့ပါနဲ့။ ကျွန်တော်ခင်သူ သူဝင်းရည်းစားပါ။ ကျွန်တော် နာမည်အရင်းကိုတော့ ခင်ဗျားတို့အားလုံး သိကြပါတယ်။ 

၈၈အသိုင်းအဝိုင်းရဲ့ နောက်ကွယ်ကနေ လက်သီးဘုန်းထိုး ရက်စက်စွာ လက်စားခြေတတ်တဲ့ (မြန်မာ့နိုင် ငံရေးအသိုင်းအဝိုင်းရဲ့ အကျင့်ဆိုးကြီးပေါ့ဗျာ) အကျင့်ကို သိရဲ့သားနဲ့ ဒီ စားကိုပို့ရတာပါ ခင်ဗျား။ အမှန်တရား ကိုပြည်သူအများ သိထိုက်ပါတယ်။ အထူးသဖြင့်ခင်ဗျားတို့လိုနိုင်ငံရေး ရည်းမှန်းချက်ကြီးသူ တယောက်အဖို့။ ခင်ဗျာတို့ ၂ယောက် သမိုင်းတွင်မဲ့ သူရဲကောင်း စုံတွဲများ ဖြစ်နိုင် ကြပါစေ။ အမေစုနဲ့ လက်တွဲပြီး၊ သမ္မတ၊ဒုသမ္မတ များ အဖြစ်နဲ့ ခင်ဗျားတို့ကြွေးကျော်ကြသလို၊ မြန်မာပြည်ကြီးကို စစ်ဖက်နှပ်အောက်က၊ကယ်တင်နိုင်ကြပါစေ။ 

ကျွန်တော်ကတော့ တစစီပျက်စီးသွားတဲ့ ကျွန်တော့်ဘဝကို မြန်မာပြည်ကြီးကို စစ်ဖက်နှပ်အောက်က၊ကယ်တင်နိုင်ဖို့ဦးကိုကိုကြီးတို့ကိုလှုတန်းလိုက်တယ်လို့ဘဲယူဆလိုက်ပါမယ်။ ဦးကိုကိုကြီး နဲ့မခင်သူသူဝင်း တို့သက်ဆုံးတိုင်ရိုးမြေကျ၊ပျော်ရွှင်စွာပေါင်းဖက်နိုင်ကြပါစေ။

Credit >>>>> Nay Htun ၈၈ မျိုးဆက်ကျောင်းသားဆောင်ဦးကိုကိုကြီး နဲ့ ချစ်သော မခင်သူသူဝင်း တို့ ခင်ဗျား၊ ကျွန်တော် ပထမဦစွာ ဦးကိုကိုကြီးနဲ့ ဇနီး ခင်သူသူဝင်း ကို congratulations အားလုံးနည်းတူပေါ့၊ လုပ်ပါရစေ။ ကျွန်တော်ကို ဦးကိုကိုကြီးမှတ်မိချင်မှမှတ်မိလိမ့်မယ်။ ဦးကိုကိုကြီးဇနီး ခင်သူသူဝင်းကတော့ကျွန်တော်ကိုသိပါတယ်။ ကျွန်တော်က ဦးကိုကိုကြီးထက်အသက်အများကြီးငယ်ပါတယ်ဗျာ။ ဦးကိုကိုကြီးကကျွန်တော့် ဦးလေးအ ရွယ်ပါ။ ဦးကိုကိုကြီးနောက်ကျွန်တော့် ရည်းစား ခင်သူသူဝင်းပါသွားပြီးကတည်းက၊ကျွန်တော်မှာ တော်တော်လေး အသဲကွဲနေရပါတယ်။ နားမလည်နိုင်အောင်ဖြစ်နေရပါတယ်။

အခုတော့ facebook, journal, newspapers တွေမှာ ဦးကိုကိုကြီးနဲ့ ခင်သူသူဝင်း ဟာ နှစ်ပေါင်းများ စွာ က တည်းက ချစ်ကြိုက်ခဲ့တယ်ဆိုတာ အံအားတသင့် သိနားလည် လိုက်ရပါတယ်။ မယုံနိုင်စရာပါဘဲ။ ဒါတွေအားလုံးကို ကျွန်တော့်ချစ်သူခင်သူသူဝင်း ဘယ်တုန်းကမှ၊ ကျွန်တော့်ကို မပြောခဲ့ရပါလားဗျာ။ ကျွန်တော်ဦးကိုကိုကြီး တို့လွှတ်တုန်းကဆိုရင်၊ ဂုဏ်ယူဝမ်းသာ တဲ့အထည်းမှာ ကျွန်တော် နဲ့ ကျွန်တော့်မိ သားစု ကရှေ့ဆုံးကပါ။ အခုတော့ကျွန်တော် ဂုဏ်မယူချင်တော့ပါ။ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ကိုလည်း အရင်လို မလေးစားနိုင်တော့ပါ။ ဦးကိုကိုကြီးခင်ဗျား၊ facebook, journals, newspapers တွေရေးနေကြသလို၊ ဦးကိုကိုကြီး နဲ့ကျွန်တော့် ချစ်သူခင်သူသူဝင်းဟာ နှစ်ပေါင်းများစွာ ကတည်းချစ် ခဲ့ကြ တယ်ဆိုတာ၊ လိမ်လည်မှုကြီးတခုပါ။ ကျွန်တော်စုံးစမ်းသိရှိရသလောက်၊ ဦးကိုကိုကြီးမှာရည်ရွယ်ထား သူရှိပါတယ်။

ဦးကိုကိုကြီး ရည်ရွယ်ထားသူက ဦးကိုကိုကြီး ကိုထောင်ကျနေစဉ်ကာလတလျှောက်လုံးသိစ္စာရှိစွာနဲ့ စောင့် ခဲ့ပါတယ်။ ဦးကိုကိုကြီး နဲ့လည်း ထောင်ကျစဉ်ကာလတလျှောက်လုံး စာအဆက်အသွယ်ရှိခဲ့ပါတယ်။ ဦးကိုကိုကြီး ထောင်ကလွှတ်လာတော့လည်း အဝေးကနေ မြန်မာပြည်ကိုပြန်ခဲ့ပါတယ်။ ဒါပေမဲ့၊ ဦးကိုကိုကြီး ဟာသူမရဲ့ ပွင့်ပွင့်လင်းလင်း ၈၈ တွေကိုဝေဖန်တတ်တဲ့အကျင့် ကိုမကြိုက်လို့ စီစဉ်ထားတဲ့မင်္ဂလာပွဲကို တဖက်သက်ဖျက်သိမ်းလိုက်တာလို့ ကြားသိရပါတယ်။ နောက်ဆုံး သူမပြောသွားကတော့၊ မင်္ဂလာပွဲအတွက် အင်္ကျီးသွားအပ်တဲ့အိမ်မှာပါ။ အပ်ချုပ်ဆိုင်ရှင်က သူမကို ဘယ်လို ဦးကိုကိုကြီးနဲ့ တွေ့ခဲ့ရတာလည်း လို့မေးတော့။ နိုင်ငံရေး ကြောင့်ပါလို့ဖြေပါတယ်။ အခုရောဘယ်လိုမြင်ပါသလည်းလို့ ထပ်မေးတဲ့ အခါ၊ သူမက သက်ပြင်းချပြီး အားမလိုအားမရ နဲ့ နိုင် ငံရေး အရ တယောက်မှမကြိုက်ပါ။ မှုလည်းမကြိုက်ပါလို့ ပြန်ဖြေပါတယ်တဲ့။ အဲ့ဒီနေ့ညမှာဘဲ ဦးကိုကိုကြီး အပြန်မှာ ဦးကိုကိုကြီး ကိုယ်တိုင် အင်္ကျီးသွားအပ်တဲ့အိမ် ကို ညကြီး ဖုန်းဆက်ပြီး အားလုံးကို cancel လုပ်လိုက်တယ်လို့ ဦးကိုကိုကြီး တို့ရဲ့ ၈၈ အဖွဲ့ ဝင် တွေက ပြန်ပြောကြပါတယ်။

တကယ်တော့ သူမဟာ မကွယ်မဝှက် စိတ်ထည်းရှိတဲ့ အတိုင်း ပြောခဲ့ တာဖြစ်ပါလိမ့်မယ်။ အခုလည်း မြန်မာနိုင်ငံသား အများစုက အဲလိုဘဲ ထင်ကြတာပါ။ မြန်မာနိုင်ငံသားအများစုက အစိုးရဖက်မှာရော၊ အတိုက်အခံဖက် မှာရော၊ ခေါင်းဆောင်ကောင်းများမရှိကြဘူးလို့ယုံကြည်ထားကြတာပါ၊

ကျွန်တော်ဒီအကြောင်းတွေကိုသိထားတာကြာပါပြီ။ ကျွန်တော် ကိုလာရောက်ပတ်သက်လိမ့်မယ် လို့မမျှော် လင့် ထားပါ။ အခုတော့ ဦးကိုကိုကြီး အမေရိကားကိုသွားတဲ့ အချိန်ကစလို့ ကျွန်တော့်ချစ်သူခင်သူသူဝင်း ဟာ ဦးကိုကိုကြီး နောက် တ ကောက်ကောက်လိုက်ပြီး ကျွန်တော့်ကို သစ္စာဖေါက်သွားတဲ့အခါမှ၊ ကျွန်တော်အသဲကွဲမှ ဦးကိုကိုကြီး ကိုယ်တိုင်ရဲ့ ယုတ် မာစွာ သစ္စာဖေါက်ခြင်းခံလိုက်ရတဲ့ အမ နေရာ ကနေ စဉ်းစားကြည့်ပါတယ်။ ဘယ်လောက် ရင် နာ လိုက်မလဲ။ ဦးကိုကိုကြီး နဲ့ ခင် သူသူဝင်း တို့ ၂ ယောက် ကျွန်တော် အခု ခံစားနေရ သလို ဘယ်သော် အခါမှ မခံ စား ရပါစေနဲ့။ ဦးကိုကိုကြီး ရဲ့ ၈၈ အဖွဲ့ ဝင်တွေပြော ထားသလိုပဲ့ ခငိဗျား တို့ ၂ ယောက်လိုက်ဖက်ပါတယ်။

ဦးကိုကိုကြီးခင်ဗျား၊ ခင်ဗျားပြောလေ့ရှိပါတယ်။ ကျွန်တော် မြန်မာပြည်ကြီးကို စစ်ဖက်နပ်အောက်က ကယ်တင်ချင်လို့ပါတဲ့။ ဟုတ်ကဲ့ခင်ဗျား၊ အခုခင်ဗျား တို့၂ယောက် ရွှေသံလွင်(skynet) ကပေးမဲ့ တိုက်ခန်း၊ကား တစီး၊ ဇေကမ္ဘာခင်ရွှေ ကပေးမဲ့ အလုံးစုံမင်္ဂလာဆောင်ကုန်ကျစားရိတ်၊ တခြား ခရိုနီတွေဆီကရမဲ့ ၊ စိန်၊ရွှေ၊ ကျောက်၊ ပတ္တမြား ရတနာပေါင်းစုံ ၊ ကားများနဲ့ အတူ မြန်မာပြည်ကြီးကို စစ်ဖက်နပ်အောက်က အတူတကွ၊ ကယ်တင်နိုင်ကြပါစေ။ ခင်ဗျားတို့ရမဲ့ တန်းဖိုးကြီး လက်ဖွဲ့ ပစ္စည်းတွေထည်းမှာ၊ ခင်သူသူဝင်း ရဲ့ သစ္စာဖေါက်ခြင်းခံလိုက်ရ တဲ့ ကျွန်တော် နဲ့ ခင်ဗျားသစ္စာဖေါက်ခြင်းခံလိုက်ရ တဲ့ ခင်ဗျားရည်းစား တို့ရဲ့ အသည်းနှလုံး၊ ပျက်စီးသွားတဲ့ ကျွန်တော်တို့ဘဝတွေ ပါ ပါတယ်ဆိုတာ မမေ့ပါနဲ့။ ကျွန်တော်ခင်သူ သူဝင်းရည်းစားပါ။ ကျွန်တော် နာမည်အရင်းကိုတော့ ခင်ဗျားတို့အားလုံး သိကြပါတယ်။

၈၈အသိုင်းအဝိုင်းရဲ့ နောက်ကွယ်ကနေ လက်သီးဘုန်းထိုး ရက်စက်စွာ လက်စားခြေတတ်တဲ့ (မြန်မာ့နိုင် ငံရေးအသိုင်းအဝိုင်းရဲ့ အကျင့်ဆိုးကြီးပေါ့ဗျာ) အကျင့်ကို သိရဲ့သားနဲ့ ဒီ စားကိုပို့ရတာပါ ခင်ဗျား။ အမှန်တရား ကိုပြည်သူအများ သိထိုက်ပါတယ်။ အထူးသဖြင့်ခင်ဗျားတို့လိုနိုင်ငံရေး ရည်းမှန်းချက်ကြီးသူ တယောက်အဖို့။ ခင်ဗျာတို့ ၂ယောက် သမိုင်းတွင်မဲ့ သူရဲကောင်း စုံတွဲများ ဖြစ်နိုင် ကြပါစေ။ အမေစုနဲ့ လက်တွဲပြီး၊ သမ္မတ၊ဒုသမ္မတ များ အဖြစ်နဲ့ ခင်ဗျားတို့ကြွေးကျော်ကြသလို၊ မြန်မာပြည်ကြီးကို စစ်ဖက်နှပ်အောက်က၊ကယ်တင်နိုင်ကြပါစေ။

ကျွန်တော်ကတော့ တစစီပျက်စီးသွားတဲ့ ကျွန်တော့်ဘဝကို မြန်မာပြည်ကြီးကို စစ်ဖက်နှပ်အောက်က၊ကယ်တင်နိုင်ဖို့ဦးကိုကိုကြီးတို့ကိုလှုတန်းလိုက်တယ်လို့ဘဲယူဆလိုက်ပါမယ်။ ဦးကိုကိုကြီး နဲ့မခင်သူသူဝင်း တို့သက်ဆုံးတိုင်ရိုးမြေကျ၊ပျော်ရွှင်စွာပေါင်းဖက်နိုင်ကြပါစေ။




ရဲသူရိန်မင်း
+++++++

Credit >>>>> Nay Htun

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...