Ads (728x90)

 

မှတ်မှတ်ရရ 22.1.2014 နေ့ ကစလို့ ခနတိုင်းသွားကြည့်မိခဲ့တဲ့ Profile လေး
ဒီနေ့ တော့ ဖျက်ပဲဖျက်သွားလား Deactivate ပဲလုပ်သွားလားမသိဘူး
Sorry, this page isn't available
The link you followed may be broken, or the page may have been removed.
ဆိုတဲ့စာလေးကဆီးကြိုနေတယ်ဗျာ တစ်ချို့ တွေတော့သိကြလိမ့်မယ်ထင်ပါတယ်
လူယုတ်မာဆေးကျောင်းသားအကြောင်းကို အဲ့ဒီ တုန်းက သူ့  Profile လိပ်စာကိုသိတော့
ကျွန်တော်အမြဲတမ်း သွားကြည့်ခဲ့ဘူးပါတယ် အခြေအနေဘယ်လိုရှိလဲပေါ့ ဒီဘက်မှာက
Facebook သုံးသူတိုင်း နဲ့ သူ့  Friends List ထဲမှာ ရှိတဲ့သူ့ သူငယ်ချင်းအရင်းခေါက်ခေါက်
ကြီးတွေတောင်သိတဲ့ သူ့ ရည်းစား နော်မေသူသူဇော် သေဆုံးမှုအကြောင်း အရာပို့ စ်ထဲမှာ
သူ့  Profile လိပ်စာထည့်ပေးခဲ့လို့  ကောင်မလေးသေဆုံးမှုနဲ့ ပါတ်သက်သူက ဒီတစ်ယောက်
ဆိုတာကို လူတိုင်းလိုလို သိနေကြပြီး သူ့ ကိုတွေ့ ရင် တွေ့ တဲ့ နေရာမှာတင်သတ်မယ်ဆိုတဲ့
သူမျိုးတွေအများကြီးတွေ့ ရပါတယ်။

အဲ့လိုလူမျိုးတွေက ခုလို သူ့ ဖေ့ဘွတ်အကောင့်လင့်ပေးထား
တာကို အဲ့ဒီလိပ်စာကို သွားပီ Wall မှာသွားပြီးဆဲတာတို့  Chat Message Box ကနေ
သွားပြီးတော့ ဆဲတာတို့ မလုပ်ဘူးလို့ ထင်လား ကျွန်တော် သိနေတယ် အနည်းဆုံးလူရာနဲ့ချီ
ပြီးတော့ကို သူ့ ကိုသွားပြီးဆဲကြလိမ့်မယ် ခြိမ်းခြောက်ကြလိမ့်မယ်ပေါ့ အဲ့လိုအနေအထားမျိုး
တွေဖြစ်လာရင် သူဘယ်လို တုန့် ပြန်လာမလဲဆိုတာ သူ့  Status တွေကိုစောင့်ကြည့်မိတယ်
ထူးခြားတာက အဲ့ဒီတစ်ယောက် က သူ့  Wall မှာ သူ့  Friend တွေနဲ့ ပဲ မျက်နှာပြောင်
နေတုန်းပါပဲ တစ်နေ့ တစ်နေ့ သူအခွက်ပြောင်နေတာကိုကြည့်ပီး ကျွန်တော်ကောက်ချက်
ချမိပါတယ် အရူးကွက်နင်းနေတယ် ဒီဖြစ်စဉ်က သူနဲ့ မပါတ်သက်ဘူးဆိုတဲ့သဘောနဲ့ပေါ့ ။

အဲ့ဒီတုန်းက ကောင်မလေးရဲ့ အစ်မတွေ နဲ့ ကောင်မလေးရဲ့ သူငယ်ချင်းတွေ ဖြစ်စဉ်ကို
ချပြထားခဲ့တုန်းက အကြောင်းအရာလေးတွေကို မှတ်မိဦးမယ်ထင်ပါတယ် ကောင်မလေး
ပျောက်နေတော့ အဲ့ဒီကောင်လေးက ကောင်မလေး ပျောက်ရတာသူ့ ကြောင့်ပါတို့ 
သူ့ အပြစ်ပါ သူ့ ကို ဘယ်လိုဖြစ်ပါညာလိုဖြစ်ပါဆိုတာတွေ ကို သေသွားတဲ့ကောင်မလေးရဲ့ 
အစ်မကို ပြောထားတာတွေ ဖုန်း Message တွေကိုသက်သေအဖြစ်တွေ့ ရပါတယ်
ဒီနေရာမှာပေါ့ ကျွန်တော်စဉ်းစားမိတာတစ်ခု တွေ့ ရှိတာတစ်ခုကဘာလဲဆိုတော့
ကျွန်တော် ဒီဖြစ်စဉ်ကို 21.1.2014 မှာ စီရင်ချက်ချလို့  22.1.2014 နေ့ မှာသိရတယ်
အဲ့ဒီနေ့ မှာ ကျွန်တော် ဒီအကြောင်းကိုအသေးစိပ်လေ့လာပီး Facebook မှာ Social
Media Attack တစ်ခုစလုပ်ပါတယ် ဒီအကြောင်းကို Sharing လုပ်တာပေါ့
အဲ့ဒီလိုလုပ်တဲ့အချိန်မှာ ကျွန်တော်ဘာကို သတိထားမိလဲဆိုတော့ လူယုတ်မာဆိုသူရဲ့ 
Facebook Account ကို ကောင်မလေးရဲ့ သူငယ်ချင်းတွေ ကြောင့်သိထားရတော့
ကျွန်တော် Sharing လုပ်နေတဲ့ သူ့ ယုတ်မာမှုအကြောင်း သိပီး အဲ့ဒီလူယုတ်မာဘယ်လို
ဖြစ်နေလဲသိချင်လို့ ဆိုပီး 22 ရက်နေ့ ကစလို့  သူ့  Wall ကို ခနတိုင်းသွားကြည့်မိတယ်
သူကတော့မူမပျက်ဘူးဗျ အရူးကွက်နင်းလို့ ကောင်းနေတုန်း အခွက်ပြောင်နေတုန်းပါပဲ။

သူ့  Friends List ထဲကသူ့ သူငယ်ချင်းတွေတောင်သိလို့ မှဖြေရှင်းချက်တွေထုတ်နေတဲ့အချိန်
သူကတော့လုံးဝမှမသိ သလို မသိချင်ယောင်ဆောင်နေခဲ့တယ်သူမသိပဲနေမှာမဟုတ်ဘူးဆိုတာ
ကတော့အသေအချာပဲ ဘာကြောင့်လဲဆိုတော့ Facebook သုံးသူတိုင်း ဒီ Case ကို
သိကြတယ်လေ သူမသိဘူးတာတော့မဖြစ်နိုင်ဘူးပေါ့ ဖြစ်သင့်တာက ဒီမှာဒီလိုတွေဖြစ်နေချိန်
သူ့  Wall မှာဖြေရှင်းချက်လေးတွေတော့ ထုတ်နေသင့်တာပေါ့ "ကျွန်တော်သူ့ ကို တစ်ကယ်
ချစ်တာပါဗျာ ဒီလိုဖြစ်သွားတာ ကျွန်တော့်အပြစ်ပါ" တို့  "ဒီလိုဖြစ်သွားတာ ကျွန်တော့်ကြောင့်
မဟုတ်ပါဘူး အထင်မလွဲကြပါနဲ့ " တို့  "ဒီလိုဖြစ်သွားတဲ့အတွက် ကိုယ့်ကိုယ် ကိုယ် ဘယ်လို
မှကိုခွင့်မလွှတ်နိုင်ဖြစ်နေပါတယ်" ဆိုတာမျိုးလေးတွေကို ရေးနေသင့်ပါတယ်ဒါကဖြစ်သင့်တ
ကိုပြောတာပါ ဒါပေမယ့် သူ့  Wall သွားကြည့်တိုင်းမှာ ဘာမှမဖြစ်သလိုမျက်နှာပြောင်နေတာပဲ
မြင်နေတွေ့ နေရတာပါ နောက်တစ်ခု ကတော့ 22 ရက်နေ့ မှာ ကျွန်တော် ဒီအကြောင်းအရာ
တွေလျှောက်ဖွတယ် 23 ရက်နေ့  24 ရက်နေ့ မှာ သူ့ ပုံတွေ နဲ့ သူငယ်ချင်းတွေပုံတွေကို
Profile တို့  Cover တို့ ကနေ ဖြုတ်သွားတယ် အခြားပုံတွေအစားထိုးသွားတယ်ဒါပေမယ့်
အဲ့ဒီမဖြုတ်ခင် ၂ ရက် ၃ ရက်လောက်ကတည်းက သူ့ ပုံတွေကို အကုန်လုံး ကျွန်တော်
ယူပီးသိမ်းထားလိုက်ပါပီ နောက်ပိုင်းသူ့ ပုံတွေ မရှိတော့ပါဘူး အကုန်ဖျက်လိုက်ပါတယ်။

မကြာသေးခင်ရက်ပိုင်းကပဲ သူ့ အကောင့်ကိုမှတ်မထင်ဝင်ကြည့်ပါသေးတယ် ရှိပါသေးတယ်
ဒီနေ့ တော့ အမှတ်မထင်သွားကြည့်တော့ Page Not Found တဲ့ဗျာ ခြေရာလက်ရာတွေ
အကုန်ဖြောက်ကုန်ပီပေါ့ အမှားမလုပ်တဲ့လူမျိုးကဘာကိုမှကြောက်နေစရာမလိုတာလူတိုင်
သိပါတယ် အမှားလုပ်ထာ့းသူတွေကတော့ ဘယ်တော့မှနောက်ကျောမလုံစွာနဲ့ ဘယ်နေ့ 
ဘာများဖြစ်မလဲအမြဲစိုးရိမ်ပူပန်နေတတ်ကြပါတယ် ခုလဲအဲ့လိုပဲထင်ပါတယ် တဖြည်းဖြည်းနဲ့ 
သူ့ ကိုယ်သူ ဘောင်ခတ်ပြီးတော့ ခြေရာဖြောက်သွားပါပီ အမှားလုပ်ထားတယ်ဆိုတာကို
ဝန်ခံသွားတဲ့သဘောလေလားပေါ့ အမြဲတမ်းစောင့်ကြည့်မိနေတဲ့ ကျွန်တော့်အမြင်လေးပါ။

ခုဆိုရင်အပြစ်မဲ့စွာနဲ့ လူယုတ်မာတစ်ယောက်ကြောင့်အသက်ဆုံးရှုံးသွားခဲ့ရတဲ့
နော်မေသူသူဇော်ဆိုတဲ့ညီမလေး လူ့ လောကကြီးကိုစွန့် ခွါသွားခဲ့ရတာ
၁ နှစ်တောင်ပြည့်သွားခဲ့ပါပြီ ညီမလေး ကောင်းရာသုဂတိလာပါစေလို့ ဆုတောင်းပေးရင်း
နောက်ဘ၀မှာ ဒီလိုလူယုတ်မာမျိုးနဲ့ မဆုံဆည်းပါစေနဲ့ လို့ ဆုတောင်းပေးနေမိပါတယ်...

လူယုတ်မာဆိုသည့်ဆေးကျောင်းသားကိုလဲတူညီတဲ့ဒဏ်ခတ်မှုတွေ နဲ့ မျှတတဲ့တရားစီရင်မှု
တွေအမြန်ဆုံး ခံစားရပါစေလို့ ဒီနေရာကနေဆုတောင်းပေးလိုက်ပါတယ် ..

လူယုတ်မာဆေးကျောင်းသားဆိုသူရဲ့  Profile လိပ်စာ
https://www.facebook.com/yair.yair.31945

သူအကြောင်းတွေကိုဖော်ပြခဲ့ဘူးသည့် သတင်းဆိုက်
news-Myanmar.com

သူ့ အကြောင်းတွေကို ချပြခဲ့သည့် Group
လူယုတ်မာတို့၏သဂျိုင်း

လေးစားစွာဖြင့်

Aüñg Kÿáw Sôë Npg

===============================================


မူရင်းပို့ စ်  => https://www.facebook.com/photo.php?fbid=1496841440535326

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...