Ads (728x90)


 

 
-

-
 
-
 
-

 


-

 
-


-


သင်္ကြန်ဆိုတာ မြန်မာတွေရဲ့ အထူးခြားဆုံးနှစ်သစ်ကိုကူးပြောင်းတဲ့အခါသမယပါ
ထူးခြားတဲ့အချိန်ကာလ မွန်မြတ်တဲ့အလှူဒါနတွေ နောင်သံသရာပါမယ့်ဒါနကုသိုလ်တွေ
များစွာပြုလုပ်ကြတဲ့မြန်မာပြည်ရဲ့ အထူးအမြတ်အလေးအနက်အထားဆုံး အချိန်ကာလ
လေးပါ နှစ်ဟောင်းက အညစ်ကြေးတွေကို နှစ်သစ်ကူးအကြိုသင်္ကြန်ရေနဲ့ ဆေးကျော
ပစ်တဲ့အလေ့အထလေးနဲ့ ချစ်စရာကောင်းတဲ့ မြန်မာတို့ ရဲ့ သင်္ကြန်လေးပါ မင်္ဂလာယူတဲ့
အချိန်ကာလို့ တောင်ပြောလို့ ရပါတယ် ဟိုးတစ်ချိန်တုန်းကတော့ သပြေခက်နဲ့ ရေပက်ခဲ့
ကြတဲ့ ချစ်စရာ ဓလေ့ (သို့ မဟုတ်) အလေ့အထလေးပါ ခုချိန်မှာတော့ ရေပိုက်တွေမီးသတ်ပိုက်
တွေနဲ့ ပက်ကြတဲ့ခေတ်ပေကိုး ခေတ်ကာလ ပြောင်းလဲသွားတော့ဒီအနေအထားကိုလက်ခံလို့ 
ရပါသေးတယ် ဒါပေမယ့်ပေါ့ဗျာ.. ရင်လေးစရာမြင်ကွင်းတွေ ပုံရိပ်တွေ မြင်ရတော့အော်...
ဒါမြန်မာကွလို့  လက်မထောင်အော်ဟစ်ပြီးပဲ ဂုဏ်ယူရမှာလား တော်လိုက်တဲ့မြန်မာလူမျိုးတွေ
လို့ ပဲ ချီးကျူးထောပနာပြုပေးရမှာလေလား မဝေခွဲတတ်တော့လောက်အောင်ပါပဲဗျာ...။

အာရှမှာ ယဉ်ကျေးမှုအထွန်းကားဆုံးနိုင်ငံ ဗုဒ္ဓဘာသာဝင်နိုင်ငံတွေထဲမှာ အယဉ်ကျေးဆုံး
နိုင်ငံတစ်ကမ္ဘာလုံးကသတ်မှတ်ထားတဲ့ အကောင်းဆုံးဘာသာကို ကိုးကွယ်မှုအများဆုံး
ယဉ်ကျေးပြုငှာပြီးချစ်စရာအကောင်းဆုံး ရွှေနိုင်ငံလို့ နိုင်ငံရပ်ခြားတိုင်းတစ်ပါးသားတွေကတောင်မှပဲ တင်စားခေါ်ဝေါ်ခံရတဲ့ဒီနိုင်ငံ တိုင်းတစ်ပါးသားတွေတောင် မြန်မာပြည်ရဲ့ ချစ်စရာအကောင်းဆုံး
ဝတ်စားဆင်ယဉ်မှု နေထိုင်မှုပုံစံ တွေကိုသဘောကျနှစ်ခြိုက်လို့ လိုက်လံတုပ ၀တ်ဆင်နေထိုင်ကြ
ပါတယ် ဒီလိုအချိန် ဒီလိုအခါမျိုးမှာ ကျွန်တော်တို့  မြန်မာလူမျိုး အမျိုးသမီးအချို့ တွေကတော့
တိုင်းတစ်ပါးကယဉ်ကျေးမှု ၀တ်စားဆင်ယဉ်မှုတွေကို အားကျအတုခိုးဝတ်ဆင်နေကြလေပြီပေါ့
ရင်လေးလိုက်ပါဘိမြန်မာပြည်ရယ် တစ်နေ့ တစ်ခြားဆိုးရွားလာတဲ့မြင်ကွင်းတွေ တနှစ်ထက်
တနှစ် အရုပ်ဆိုးအကျည်းတန်လာတဲ့ချစ်စရာကောင်းတဲ့ မြန်မာ့သင်္ကြန်ကာလမှာ အရုပ်ဆိုးဆိုး
အကျည်းတန်တန် အညှီအဟောက်ပုံရိပ်တွေက ဖျက်ဆီးပစ်နေသလိုပါပဲ ယိုသူမရှက် မြင်သူ
တွေကတော့ရှက်မိပါရဲ့ ဗျာ ..။

ကျွန်တော်လဲအသက် ၂၀ ကျော်လူငယ်လူရွယ်ပါပဲ အဖော်အချွတ်တွေမြင်ရင်မင်းကရော
သဘောမကျဘူးလား လာမမေးပါနဲ့ ကျွန်တော်လဲလူထဲကလူပေ ပဲမို့ ကိလေသာစိတ်
တဏှာစိတ်တွေမကင်းတဲ့ပုထုဇဉ်လူသားပါ ရိုင်းရိုင်းပြောရရင် နှာဘူးကျတတ်တဲ့လူငယ်
တစ်ယောက်ပါပဲ ဒါပေမယ့်ပေါ့ဗျာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုမထိန်းသိမ်းချင်နေပါ
မြန်မာတို့ ရဲ့ ချစ်စရာအကောင်းဆုံး သင်္ကြန်အလေ့အထ ပွဲလေးမှာတော့ဖြင့် ယဉ်ကျေးပါတယ်
ဆိုတဲ့ မြန်မာမလေးတွေ သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေနဲ့ ကမ္ဘာမှာ မြန်မာဆိုတဲ့ အရုပ်ဆိုး
အကျည်းတန်တဲ့ပုံရိပ်တွေကို ထင်ဟပ်မသွားစေချင်မိတာတော့အမှန်ပါပဲ...။

ဒီနေ့  IT ခေတ်မှာ ကမ္ဘာဟာ ရွာငယ်လေး တစ်ခုဖြစ်လို့ နေပါပြီ လူတိုင်း Smart Phone တွေ
အသုံးပြုနေကြပြီ Internet ဆိုတာကိုသုံးတတ်နေပြီ Online ပေါ်တက်ပြီး တစ်ကမ္ဘာလုံးနဲ့ 
ဆက်သွယ်တတ်နေပြီ Facebook လို တကမ္ဘာလုံးအသုံးပြုနေတဲ့ Social Network ကိုကျွမ်းကျင်
နေပြီ ဒီနေ့ ဒါဖြစ်ရင် ဟိုဟာဖြစ်ရင် အကုန်သိနေရပြီ ကိစ္စတစ်ခုဖြစ်တာနဲ့ မိနစ်ပိုင်းအတွင်း
တစ်ကမ္ဘာလုံးကို ဖြန့် ကျက်လိုက်နိုင်နေပြီ မြန်မာ့ချစ်စရာကောင်းတဲ့သင်္ကြန်ပုံရိပ်တွေ စက္ကန့် ပိုင်း
မိနစ်ပိုင်း နာရီပိုင်းအတွင်းမှာ တစ်ကမ္ဘာလုံးကို ပြန့် နှံ့ နေပါပြီ ... အရုပ်ဆိုးအကျည်းတန်တဲ့ 
့သရုပ်ပျက် ၀တ်စားဆင်ယင်မှုတွေ နဲ့ မြန်မာ့သင်္ကြန် ကို နိုင်ငံတကာ (or) တစ်ကမ္ဘာလုံးက
မြင် သိ ကြား သွားကြပြီ ကဲ... ဘယ်လိုလုပ်ကြမတုန်း... မြန်မာ့ယဉ်ကျေးမှုကို ဘယ်သူတွေ
ထိန်းကြသိမ်းကြမှာလဲ.... အရပ်ကတို့ ရေ...ကယ်တော်မူပါဦးဗျ..... လို့ တောင်အော်ချင်မိပါရဲ့ ။

အမှားတွေမြင်ပြီး အမှန်တွေပြင်နိုင်ကြပါစေ .....
Aüñg Kÿáw Sôë Npg
14.4.2014 - 2:22 PM

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...