Ads (728x90)


 ဒေါင်းယောင်ဆောင်ကျီးသရုပ်ခွဲထုတ်သင့်ပြီ
---------------------------------------------

သူတို့ခြံ အုတ်တံတိုင်း
ခတ်ဝိုင်းလို့ကာရံ
တို့အိမ်ခြံ စည်းရိုးလုပ်
ချိုးဖြုတ်ဖို့ကြံ
သူတို့ပြော သူတို့အသံ
ဆူလို့ညံ လူ့အခွင့်အရေး
သူတို့ပင် ချိုးကာဖောက်တယ်
အံ့လောက်တယ်လေး။ ။

အိမ်ရှင်ကိုတဲ့ ဧည့်နှင်
ယာရှင်ကို မျောက်မောင်း
သည်ဖြစ်အင် သာဓက
သတိရဖို့ကောင်း။ ။

ယုတ်ညံ့သူ ဧည့်မျောက်အပေါင်း
မကောင်းသည့် ကောက်ကျစ်ဥာဏ်
တွန်းလှန်ဖို့ အသင့်ပြင်
အိမ်ယာရှင် အပြစ်လား
လူ့အခွင့်အရေး လှုပ်ရှားသူတို့
စိတ်ထားဖြူ မှန်အသိနှင့်
ကြည့်တတ်စေသား။ ။

မျိုးရိုးဂုဏ် ထိန်တန်ခိုးတို့
မှိန်ညှိုးမည့် ဘေးကိုမြင်
ဒေါင်းယောင်ဆောင် ကျီးသရုပ်
ခွဲထုတ်ပုံသွင်
ဧည့်မြတ်ကို တို့မနှင်
မျောက်ကောင်းလျှင် တို့မမောင်း
ဆိုးညစ်သူ စရိုက်ယုတ်သာ
တိုက်ထုတ်ပါကြောင်း။ ။

သည်သဘော သည်အသွင်
သိမြင်သူ လူ ရှင် အများ
ကိုယ့်ဝန်တာ ကိုယ့်အလုပ်မို့
အားထုတ်တကား။ ။

စိန္တေရှင် မြတ်တရား
နှုန်းစံထား ဥပဒေ
မျိုးဆွေတွေ ကောင်းကျိုးမယုတ်ဖို့
ထုတ်သင့်ပေ မှန်မလွဲ
ကန့်ကွက်နှင့်ထောက်ခံ
မူဟန်က သည်နှစ်မျိုးမို့
သူခိုးနှင့် လူလို
ဘယ်သူ့ကို ဆန္ဒမဲ
ပေးသင့်သလဲ။ ။

(မောင်ဖိုးဆန်း-တက္ကသိုလ်)
---------------------------------------------

သူတို့ခြံ အုတ်တံတိုင်း
ခတ်ဝိုင်းလို့ကာရံ
တို့အိမ်ခြံ စည်းရိုးလုပ်
ချိုးဖြုတ်ဖို့ကြံ
သူတို့ပြော သူတို့အသံ
ဆူလို့ညံ လူ့အခွင့်အရေး
သူတို့ပင် ချိုးကာဖောက်တယ်
အံ့လောက်တယ်လေး။ ။

အိမ်ရှင်ကိုတဲ့ ဧည့်နှင်
ယာရှင်ကို မျောက်မောင်း
သည်ဖြစ်အင် သာဓက
သတိရဖို့ကောင်း။ ။

ယုတ်ညံ့သူ ဧည့်မျောက်အပေါင်း
မကောင်းသည့် ကောက်ကျစ်ဥာဏ်
တွန်းလှန်ဖို့ အသင့်ပြင်
အိမ်ယာရှင် အပြစ်လား
လူ့အခွင့်အရေး လှုပ်ရှားသူတို့
စိတ်ထားဖြူ မှန်အသိနှင့်
ကြည့်တတ်စေသား။ ။

မျိုးရိုးဂုဏ် ထိန်တန်ခိုးတို့
မှိန်ညှိုးမည့် ဘေးကိုမြင်
ဒေါင်းယောင်ဆောင် ကျီးသရုပ်
ခွဲထုတ်ပုံသွင်
ဧည့်မြတ်ကို တို့မနှင်
မျောက်ကောင်းလျှင် တို့မမောင်း
ဆိုးညစ်သူ စရိုက်ယုတ်သာ
တိုက်ထုတ်ပါကြောင်း။ ။

သည်သဘော သည်အသွင်
သိမြင်သူ လူ ရှင် အများ
ကိုယ့်ဝန်တာ ကိုယ့်အလုပ်မို့
အားထုတ်တကား။ ။

စိန္တေရှင် မြတ်တရား
နှုန်းစံထား ဥပဒေ
မျိုးဆွေတွေ ကောင်းကျိုးမယုတ်ဖို့
ထုတ်သင့်ပေ မှန်မလွဲ
ကန့်ကွက်နှင့်ထောက်ခံ
မူဟန်က သည်နှစ်မျိုးမို့
သူခိုးနှင့် လူလို
ဘယ်သူ့ကို ဆန္ဒမဲ
ပေးသင့်သလဲ။ ။

(မောင်ဖိုးဆန်း-တက္ကသိုလ်)
 
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...