- ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစရိ (တရားစောင့်သူကို တရားက ပြန်စောင့်တယ်) ဆိုတဲ့ စကား ရှိသလို။ ဓမ္မေ ဌိတံ န ဝိဇဟတိ ကိတ္တိ-(တရားမှာတည်နေသူကို ကျော်ကြားမှုက စွန့်ခွာသွားမှာမဟုတ်ဘူး) ဆိုတာလည်း ရှိပါတယ်။ နှစ်ခုစလုံး ဘုရားဟောတွေပါ။ ပေါက်မြောက်ဆိုတဲ့ စကားရှိသလို ပေါက်ရောက်ဆိုတဲ့ စကားလည်းရှိပါတယ်။ ပေါက်ပြီးရင် မြောက်တတ်သလို ပေါက်ပြီး အရာရောက်တဲ့သူတွေလည်းရှိတယ်။ အမြဲတမ်း ပေါက်ရောက်နေမှ ကောင်းတာ။ ကမ္ဘာပတ်ပြီး အပူဇော်ခံနေတာတွေ ရပ်တန့်ခိုင်းပြီး ၂၀၁၅ အတွက် ပြင်ဆင်ခိုင်းကြပါလား…?။ သူတစ်ယောက်တည်း အစီအစဉ်တွေရေးဆွဲပြီး သူသဘောတစ်ခုတည်းနှင့် ဆောင်ရွက်နေတာတွေ ရပ်တန့်ခိုင်း ပြီး၊ ပါတီကိုယ်စားပြု CEC များနှင့် တိုင်တိုင်ပင်ပင် လုပ်ခိုင်းကြပါလား…?။ အခု အမေစုကို ဝေဖန်သူက နှယ်နှယ်ရရမဟုတ်ဘူးနော်။ ပြည်သူထဲကွင်းဆင်းပြီး၊ ပြည်သူ့အသံနားဆင်ပြီး အပြုသဘောနဲ့ ဝေဖန်ပြခဲ့တဲ့ နိုင်ငံခြား သတင်းစာဆရာတစ်ယောက်ပါ။ ဝီရသူလို ပိစိကွေးလေးမဟုတ်ဘူး ဆိုတာတော့ သိထားစေချင်ပါတယ်။ အတွဲ(၄) အမှတ်(၂၉) 9.12.2013 ရက်စွဲပါ Messenger ဂျာနယ်မှ အချို့အဝက်ကိုသာ တစ်ဆင့်မျှဝေ ပေးလိုက်ပါတယ်။ “NLD ခေါင်းဆောင်တွေက ဒါကို အံ့အားသင့်သွားကြတယ်။” “မြန်မာ့အရေးကျွမ်းကျင်သူ ဘာတီးလင့်တနာ နှင့် တွေ့ဆုံခြင်း” ဘာတီးလင့်တနာသည် ဆယ်စုနှစ်သုံးစုနီးပါး အာရှအကြောင်း ဆောင်းပါးများရေးသားခဲ့သူဖြစ်သည်။ ထို့အပြင် Far Eastern Economic Review အတွက် မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၈၅-၁၉၈၇ ခုနှစ်များတွင် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် မြန်မာနယ်စပ်များသို့ ဇနီးဖြစ်သူ ရှမ်းတိုင်းရင်းသူနှင့်အတူ ခရီးကြမ်းကိုသွားလာခဲ့ပြီး တိုင်းရင်းသားခေါင်းဆောင်များ ဗမာပြည်ကွန်မြူ နစ်ပါတီ ခေါင်းဆောင်များ တွေ့ဆုံမေးမြန်းခြင်းများပြုလုပ်ခဲ့သည်။ ထို့နောက် Burma In Revoit Rise And Fall Of Burmese Communism ကဲ့သို့သော နာမည်ကျော်စာအုပ်များကိုရေးသားခဲ့သည်။ မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတီးလင့်တနာသည် နိုဝင်ဘာလ(၂၉)ရက်နေ့က မန္တလေးတွင်ကျင်းပသည့် လူထုဒေါ်အမာ မွေးနေ့ပွဲသို့ တက်ရောက်ခဲ့သည်။ ဘာတီးလင့်တနာရောက်ရှိနေခိုက် နိုဝင်ဘာလ(၃၀)ရက်နေ့တွင် မန္တလေးမြို့ လူထုစာကြည့်တိုက်တွင် မြန်မာမီဒီယာသမားများဖြစ်သည့် ဝင်းဖေမောင်နှင့် စိုးကျော်သူတို့မှ တွေ့ဆုံမေးမြန်းခဲ့ သည်။ မြန်မာမြောက်ကိုးရီးယား ဆက်ဆံရေး၊ တိုင်းရင်းသားလက်နက်ကိုင်များအရေး၊ ဒေါ်အောင်ဆန်းစုကြည် ၏ သမ္မဖြစ်နိုင်ခြေ၊ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ ကဏ္ဍစသည်တို့နှင့် ပတ်သက်ပြီး ဘာတီးလင့်တနာ၏ သုံးသပ်ချက်များကို ဖော်ပြလိုက်ပါသည်။ ဘာတီရေ အခုကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး မေးချင်တယ်ဗျ။ ဘာလို့လဲဆိုတော့ ခင်ဗျားက ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ကောင်းကောင်းသိထားလို့ပါ။ ပြီးတော့ ခင်ဗျားက သူနဲ့ပတ်သက်ပြီး Aung San Sukyi And Burma s Struggle For Democracy စာအုပ်လည်း ရေးခဲ့တယ်ဗျာ။ အခုဆို အချို့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တချို့နဲ့ ပြည်တွင်းပြည်ပ ဝေဖန်ရေးဆရာအချို့က သူနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုနေတာတွေ ရှိတယ်။ လက်ပံတောင်းအရေးမှာ ပါဝင်ပတ်သက်တာ၊ အစိုးရနဲ့ KIO အပစ်အခတ်ရပ်စဲရေးမှာ နှုတ်ဆိတ်နေတာ၊ ရခိုင်းအရေးနဲ့ ပတ်သက်ပြီး ငြိမ်သက်နေတာတွေပေါ့။ ဒီကိစ္စတွေ ကြောင့် သူရဲ့ နိုင်ငံရေးပုံရိပ် လျော့ကျသွားတယ်လို့ အချို့က ဆိုပါတယ်။ ဒီကိစ္စတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လိုမြင်ပါသလဲ။ မေး=အချို့ ပညာရှင်တွေက ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားတိုင်းပြည်တွေကို အလည်သွားမယ့်အစား ပြည်တွင်းမှာ ပဋိပက္ခဖြစ်တဲ့နေရာတွေကို သွားသင့်တယ်လို့ ဝေဖန်ပါတယ်။ သူရဲ့ မဟာဗျူဟာက အချို့အချက် တွေမှာ မှားယွင်းတယ်လို့ ခင်ဗျားထင်ပါသလား။ ဖြေ= ဟုတ်ကဲ့၊ သူရဲ့ မဟာဗျူဟာ မှားတာ မှန်တာကိုတော့ ကျွန်တော်မပြောနိုင်ပါဘူး။ ကျွန်တော်ပြောနိုင်တာ က နိုင်ငံအတော်များများက နိုင်ငံရေးသမား အများစုက သူ့နိုင်ငံလူထုကို ပထမဆုံး အရင်ကြည့်ချင်ကြပါတယ်။ အထူးသဖြင့်တော့ ဝမ်းနည်းမှုတွေ၊ ပဋိပက္ခတွေ ကြုံတွေ့နေတဲ့ နေရာတွေကိုပေါ့။ သူက ဘယ်ဘက်မှ မရပ်တည်ခဲ့ဘူး။ လူတွေ မြေယာဆုံးရှုံးမှုတွေ ကြုံတွေ့နေရတယ်။ အိုးအိမ်တွေစွန့်ပစ်ပြီး ဒုက္ခသည် စခန်းမှာ နေထိုင်ရတယ်။ ဒါပေမဲ့ သူက အေးအေးလူလူဖြစ်နေတယ်လို့ ထင်ရပါတယ်။ နိုင်ငံခြားခရီးတွေ၊ တက္ကသိုလ်ခရီးစဉ်တွေပေါ့။ ပြောစရာတွေကတော့ အများကြီးပေါ့။ ကျွန်တော် ရန်ကုန်မှာ ဦးဝင်းတင်နဲ့တွေ့ခဲ့ တယ်။ သူ(ဦးဝင်းတင်) စိတ်ပျက်နေတယ်။ သူကပြောတယ် ကျွန်တော်တို့ ၈၈ ကတည်းက အတူလက်တွဲခဲ့တာပါ။ ကျွန်တော်တို့ သူကို တစ်နှစ်တစ်ကြိမ်ု၊ နှစ်ကြိမ်လောက်ပဲ တွေ့တယ်။ သူက အတူဆွေးနွေးဖို့ ကိစ္စတွေမပြောဘူး။ ပြီးတော့ တစ်လောက တိုင်းရင်းသားခေါင်းဆောင်တွေ ရန်ကုန်ကိုရောက် တော့ မွန်က နိုင်ဟံသာတို့က NLD နဲ့ တွေ့ချင်တယ်ဆိုတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူတို့ကို သူ့အိမ်မှာ ဖိတ်ခေါ်ခဲ့ပါတယ်။ တက္ကသိုလ်ရိပ်သာလမ်းက သူ့အိမ်မှာပါ။ NLD ရုံးမှာ မဟုတ်ပါဘူး။ အဲဒီမှာ အခြား NLD ခေါင်းဆောင်တွေမရှိပါဘူး။ The Lady တစ်ယောက်တည်းကိုပဲ တွေ့ရပါတယ်။ ကျွန်တော်ပြောနိုင်တာက အခြား NLD ခေါင်းဆောင်တွေက ဒါကို အံ့အားသင့်သွားကြတယ်။ သူမက သူတို့ကို မဖိတ်ခေါ်ခဲ့ပါဘူး။ တိုင်းရင်းသား လူမျိုးပေါင်းစုံကိစ္စက တစ်သီးပုဂ္ဂလမဟုတ်ပါဘူး။ သူ ဒီကိစ္စကို အခြား NLD ခေါင်းဆောင်တွေနဲ့ ပိုပြီး ဆွေးနွေးသင့်ပါတယ်။ မေး= ခင်ဗျား ဦးဝင်းတင်နဲ့တွေ့တဲ့အခါ ဦးဝင်တင်က ဒေါ်အောင်ဆန်းစုကြည်အပေါ် စိတ်ပျက်တယ်လို့ ပြောခဲ့ လို့လား။ ဖြေ= စိတ်ပျက်တယ်ဆိုတဲ့ စကားလုံးတော့ မသုံးခဲ့ပါဘူး။ သူက သူတို့နဲ့ အခြား NLD ခေါင်းဆောင်တွေနဲ့ လက်တွဲအလုပ်မလုပ်တာ၊ မဖိတ်တာတော့ အံအားသင့်သွားတယ်လို့ ဆိုတယ်။ ဘာလိုပဲဖြစ်ဖြစ် ဒါက နိုင်ငံရေး ပါတီလေ One Lady Show မဟုတ်ဘူးလေ။ မေး= အခုချိန်ထိ ဒေါ်အောင်ဆန်းစုကြည်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဖို့ ကြိုးစားတာ မအောင်မြင်သေးပါဘူး။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က ကာချုပ်နဲ့ မတွေ့ဖြစ်ရင် ဘာတွေများ ဖြစ်လာနိုင်သလဲ။ ဖြေ=ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဖို့ ကြိုးစားတာက အခြေခံဥပဒေပြင်ဆင်တဲ့နေရာမှာ စစ်တပ်ရဲ့ ထောက်ခံမှု ရဖို့အတွက်ဆိုတာ ရှင်းပါတယ်။ အခြေခံ ဥပဒေမှာ ပါတဲ့အချက်တွေကို ကြည့်ပါ။ သမ္မတနဲ့ ဒုတိယသမ္မတဖြစ်ဖို့အတွက် ပုဒ်မတွေကို ပြင်ဆင်ဖို့က ၇၅%ရာခိုင်နှုန်းကျော်၊ ၇၅%ရာခိုင်နှုန်းကျော် ထောက်ခံဖို့ လိုပါတယ်။ ၂၅% ရာခိုင်နှုန်းက ယူနီးဖောင်းဝတ်ဆိုတာ ခင်ဗျားမြင်မှာပါ။ ပြီးတော့ လွှတ်တော် အမတ်တစ်ဝက်လောက်ကလည်း ယခင်စစ်သားဟောင်းတွေ များပါတယ်။ ဒီတော့ ဥပဒေပြင်ဆင်ဖို့အတွက် လွှတ်တော်အတွင်းမှာ ၇၅%ရာခိုင်နှုန်းကျော်ထောက်ခံမှု လိုအပ်တယ်။ ဒါတွင် မကသေးပါဘူး။ ပြည်သူ့ဆန္ဒ ခံယူပွဲလည်း လုပ်ရဦးမှာပါ။ သဘောတူညီချက်ကလည်း ၇၉%ရာခိုင်နှုန်းရှိရမယ်။ ကျွန်တော်ထင်တာကတော့ အဲဒီအခြေအနေက ၂၀၁၅ မတိုင်မီ ပြီးမယ်လို့ မထင်ဘူး။
Advertiser
Related Posts
- Aung Kyaw Soe15 Sep 2017ဂျပန်ကျွန်းကို မြှုပ်ပစ်ပြီး အမေရိကန်ပြည်ထောင်စုကို ပြာကျအောင် လုပ်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်ပြန်
မြောက်ကိုရီးယားနိုင်ငံအပေါ် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နှင့် ဒဏ်ခတ်အရေးယူမှုများ ထွက်ပေါ်လာအောင...
- Aung Kyaw Soe15 Sep 2017ကိုဖီအာနန် ကော်မရှင် အကောင်အထည်ဖော်ရေးအဖွဲ့ ရခိုင်မြောက်ပိုင်းသို့ ကွင်းဆင်းမည်
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်...
- Aung Kyaw Soe15 Sep 2017ရန်ကုန်မြို့လယ်က ရတနာဆိုင် လုယက်ခံရ
ပန်းဘဲတန်းမြို့နယ် ၂၉ လမ်းအနီး မဟာဗန္ဓုလလမ်းတွင် ဖွင့်လှစ်ထားသည့် Diamond 54 ရတနာဆိုင်တွင် ယနေ့ ...
- Aung Kyaw Soe15 Sep 2017မူးယစ်ဆေးဝါး ဝင်ဖမ်းသည့်ရဲ ဓားဖြင့် ဝိုင်းခုတ်ခံရ
သန်လျင်မြို့နယ်၊ ညောင်သုံးပင်ကျေးရွာ၊ ရထားလမ်းဘေး ကျူးကျော်တဲတွင် စက်တင်ဘာလ ၁၂ ရက် ည ၁၂...
- Aung Kyaw Soe15 Sep 2017ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အဖွဲ့တခုသည် လာမည့် အပတ်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော ဒေသသို့ ကွင်းဆင်း လေ့လာမှုများ စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့အတွင်း YBS ယာဉ်လိုင်းများတွင် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များ အားလုံး စက်တင်ဘာလ ၃၀...
- Aung Kyaw Soe15 Sep 2017မိမိနေအိမ်ကို မီးရှို့ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သည့် အမျိုးသားကို ဖမ်းမိ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၂) ရပ်ကွက်တွင် စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိ...
- Aung Kyaw Soe15 Sep 2017မောင်တောခရိုင် ကျေးရွာများမှ စစ်ဘေးရှောင် ဒေသခံ လေးထောင်ကျော် နေရပ်ပြန်
ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်...
- Aung Kyaw Soe15 Sep 2017ကိုယ်ဝန်ဖျက်ချခြင်းအား တရားဝင်ခွင့်ပြုနိုင်မည့် ဥပဒေမူကြမ်းကို ချီလီသမ္မတလက်မှတ်ထိုးအတည်ပြု
အတိုက်အခံများက ယင်းဥပဒေသည် သန္ဓေသား၏ အသက်ရှင်ခွင့် အခွင့်အရေးကို ချိုးဖောက် ခြင်းဖြစ်ပြီး...
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။