******************************
*********
ဟိုတစ်လောက ဘာနှစ်ပါတ်လည် နေ့ဆိုလား သိပ်မမှတ်မိပေမယ့်
အသက်မပြည့်သေးတဲ့ ကျောင်းသားအရွယ် လူမမည် ကလေးငယ်
တွေ အလံအနီကြီးကိုင်လို့ လမ်းလျှောက်ပြီး သွားကြတာကိုတွေ့မိ
လိုက်တယ် ။ ( ဓါတ်ပုံရိုက်မယူလိုက်ပါ )
မြန်မာပြည်ရဲ့ နိုင်ငံရေး လောက မှာက ၊ ကျောင်းသားတွေ ဆိုတဲ့ -
အရာတွေက အသုံးချခံတစ်ခုအဖြစ် ပုံသေ ၊ သတ်မှတ်ထားနေကြ
သလားတော့ မပြောတတ်ဘူး ။
နိုင်ငံရေး နှင့် ကျောင်းသား - ကျောင်းသား နှင့် နိုင်ငံရေး ဆို တာ
ကို တစ်တွဲတည်း ရောထွေး အသုံးချ နေတာ ကတော့ အမှန်ဘဲ ။
ယခင်ခေတ် တုန်းက ကျောင်းသားတွေ ဆိုတာက အနည်းဆုံး အ
သက် ၇ ၊ ၈ နှစ်ခန့်မှ မူလတန်းကို စတက်ခဲ့ကြတာ များလေတော့
အထက်တန်းကို ရောက်တဲ့ အချိန်မှာ အသက်အတော်ကြီးနေကြ
ပါပြီ ။ ခုခေတ် ကတော့ အချို့ဆို ၄ နှစ်ခွဲ လောက် နဲ့ မူလတန်းကို
စတက်ရတယ်ဆိုတော့ အထက်တန်းကျောင်းသား ဆိုရင် ၁၅ နှစ်၊
၁၆ နှစ် ဝန်းကျင်သာ ရှိတယ် ။
မိဘတွေရဲ့လောင်းရိပ်အောက်မှာ ရှိနေတဲ့ ဒီကလေးတွေမှာ အမှန်
တကယ်၊ နိုင်ငံရေးဆိုတဲ့ ကိုယ်ပိုင်ခံယူချက် ၊ ယုံကြည်ချက်စစ်စစ်
ဆိုတာ ရှိနိုင်ပါ့မလား ။ အစိုးရ ဆိုတာကလည်း အစိုးမရ ဘူးဆိုတဲ့
စာရင်းမှာ ထိပ်ဆုံးက ပါဝင်နေတယ် ။ အစိုးရက ထုတ်ပြန်ထားတဲ့
တည်ဆဲဥပဒေတွေ ဘာတွေဆိုတာကို ဒီကျောင်းသားလူငယ်တွေ
က ဘယ်လောက်ထိ သိနိုင်မှာ မို့လို့လဲ ။ မုန့်ဖိုး ပဲဖိုး လောက်သာ-
အဓိထားကြတဲ့ အရွယ်လေးတွေ ၊ သူများစကား နားယောင်တတ်
ပြီး မရင့်ကျက်တဲ့ အရွယ်လေး တွေမှာ မြှောက် ပေးထားတဲ့ အရှိန်
တွေနဲ့ သွေးကြွနေမယ် ၊ ယုံကြည်မှု လွန်ကဲ နေကြမယ် ဆိုလျှင်
အရေးအကြောင်းဆို ကိုယ့်ထံရောက်လာမယ့် အန္တရာယ်ကိုလည်း
ရှောင်တတ်ကြပါ့မလား ။
အန္တရာယ် မဖြစ်ကြဘူး ဆိုလျှင်တော့ ကောင်းပါရဲ့ ။ အကယ် ၍
အန္တရာယ် ဖြစ်ကြပြီ ဆိုလျှင်တော့ တကယ်တမ်း ခံစားရမှာက ထို
ကျောင်းသားလေးတွေ ကိုယ်တိုင် နဲ့ သက်ဆိုင်ရာ မိဘတွေ သာ
ဖြစ်လိမ့်မယ် ဆိုတာ အမှန်ဘဲ ။ ဖြစ်ခဲ့ ကြဖူးတဲ့ သာဓကတွေ ဆို
တာကလည်း လက်ညှိုးထိုး မလွဲရှိနေ ပါသေးတယ် ။ ဆိုတော့ဗျာ
အဲဒီ ကျောင်းသားလူငယ်ကလေးတွေကို အသုံးချနေတဲ့ နိုင်ငံရေး
ဆြာကြီးတွေရဲ့ သားသမီးတွေ ဘယ်လောက်များများ ၊ အဲဒီလို ဒို့
အရေးအော် ၊ အလံကိုင် ၊ ရေဗူးကမ်း အင်အားပြတဲ့အထဲမှာပါဝင်
နေသလဲ။ ဘယ်လောက်များများ ချအနင်းခံလေးတွေ ၊ ထိုးကျွေး
ခံလေးတွေနေရာမှာထည့်သွင်းခဲ့ကြဖူးလဲ ။ တကယ်ဆို ဒီလိုလုပ်
ဆောင်မှုတွေက လူကို လူလို့ မြင်တတ်ခြင်း စံနှုန်းနှင့် ကိုက်ညီပါ
ရဲ့လား ။ သားသမီးချင်း စာနာစိတ် ၊ ကိုယ်ချင်း စာနာစိတ် ဘယ်
လောက် ရာခိုင်နှုန်း ထည့်သွင်းလို့ သူတစ်ပါး သားသမီးငယ်လေး
တွေကို အနာဂတ်ပျောက်မယ့် ချောက်ကမ်းပါးထိပ်မှာ လက်ညှိုး
ထောင် ၊ ခေါင်းငြိမ့် ၊ အော်ဟစ် ဆန္ဒပြမယ့် နေရာမျိုး တွေမှာ - ၊
ဘယ်သူ သေသေ ၊ ဘယ်သူ ထောင်ကျကျ ငါတို့ အသံ မိုးသို့ညံ
ဖြစ်လျှင်ပြီးရော ဆိုပြီး အသုံးချ ၊ အင်အားပြခိုင်းနေရတာလဲ ။
အသက်အရွယ် ကန့်သတ်ချက် အလိုက် ပါတီနိုင်ငံရေးတွေမှာ ပါ
ဝင်လုပ် ဆောင်ခွင့်တွေ (အနည်းဆုံး အထက်တန်းအောင်အဆင့်
အသက်အရွယ်ရှိ ) ကို ပြဋ္ဌာန်းနိုင်မယ့် ဥပဒေ တစ်ခုတော့ ရှိသင့်
နေပြီ ထင်မိပါတယ်။ ထိုဥပဒေကို အစိုးရတိုင်းက ကိုယ်တိုင် ထိန်း
သိမ်းလိုက်နာပြီးယခင်လုပ်ဆောင်ခဲ့ဖူးသော ကျောင်းသားလူငယ်
တွေကို ဆန္ဒခံယူပွဲဆိုပြီး ဘောလုံးကွင်းထဲသို့ခေါ်သွင်းတာမျိုးတွေ
ကို ရှောင်ကြဉ်နိုင်မယ်ဆိုလျှင် အနာဂတ်လူငယ်လေးတွေရဲ့လွတ်
လပ်စွာ ရွေးခြယ်ပိုင်ခွင့်နှင့် အနာဂတ်ကောင်းများစွာ ရှင်သန်၍တိုး
တက်စေမှာ ဖြစ်ပါတော့တယ် ။
ဦးယဉ်ကျေး ။
၂၊၁၁၊၁၃။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။